Covid-19 စတင်ပြန့်ပွားမှုနဲ့အတူ ကမ္ဘာအနှံ့အပြားမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုမိုလိုအပ်လာခဲ့ပါတယ်။ ဒီလိုလိုအပ်လာမှုနဲ့အတူ ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း နယ်ပယ်အလိုက် ပိုမိုကျယ်ပြန့်ပြီး စနစ်ကျတဲ့ဝန်ဆောင်မှုတွေ၊ ပိုမိုတိုးတက်လာတဲ့ နည်းပညာတွေနဲ့ လုပ်ဆောင်နေလာကြပါပြီ။
နည်းပညာထွန်းကားလာမှုနဲ့အတူ ကျန်းမာရေးဝန်ဆောင်မှုတွေကို Digital နည်းပညာ၊ တနည်းအားဖြင့် အင်တာနက်ပေါ်ကနေပါတစ်ဆင့် လိုအပ်တဲ့စောင့်ရှောက်မှုတွေကို ခံယူနိုင်ပြီပဲဖြစ်ပါတယ်။
ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်း၊ အထူးကုတွေနဲ့ပြသခြင်းအပြင် ဆေးဝါးဝယ်ယူမှုတွေကိုလည်း အင်တာနက်ပေါ်ကနေတစ်ဆင့် လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်နေပြီဖြစ်သလို ကျန်းမာရေးအာမခံဝန်ဆောင်မှု၊ အစားအသောက်အာဟာရစနစ်နဲ့ ကာယလေ့ကျင့်ခန်းလုပ်ဆောင်ခြင်းတို့ကိုပါ အင်တာနက်စနစ်နဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်လို့ရနေပါပြီ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆို AI နည်းပညာမှတစ်ဆင့် ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်နိုင်နေပြီဖြစ်သလို ကိုယ့်ရဲဲ့ကိုယ်လက်လှုပ်ရှားမှု အချက်အလက်တွေကို တွက်ချက်ပေးပြီး လိုအပ်တဲ့အစားအသောက်ပုံစံတွေ၊ အာဟာရစနစ်တွေကိုပါ ဖော်ပြပေးနိုင်လို့ နေ့စဥ်ဘဝကို လွယ်လွယ်ကူကူ ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနေကြပြီပဲဖြစ်ပါတယ်။
ဒီလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အင်တာနက်ရှိရုံနဲ့ အချိန်မရွေး၊ နေရာမရွေး ဆောင်ရွက်လာနိုင်တာက ပိုပြီးအဆင်ပြေသက်သာလာစေမှာဖြစ်ပြီး နေ့စဥ်ဘဝကို လွယ်လွယ်ကူကူဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။
My-Medicine မှ အွန်လိုင်းကျန်းမာရေး ဝန်ဆောင်မှုကို ရယူလိုပါက ဤလင့်ခ်ကို နှိပ်၍ www.mymedicine.com.mm ဆေးကုသမှု ခံယူနိုင်ပါပြီ။ ထို့အပြင် ဖုန်းနံပါတ် 09-980-635-588 ကို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်သလို ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးများကို KBZPay Market မှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဆေးများကို တစ်နိုင်ငံလုံး အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးနေပါပြီ။