မနေ့ညက သောက်တာများသွားပြီမလား။ အခုတော့ အရက်နာကျနေပီပေါ့။ သက်သာအောင်ဆိုပြီး ရေထချိုးလိုက်တာတို့ ကော်ဖီထသောက်လိုက်တာတို့ လုပ်ဖို့တွေးနေမယ့်အစား ရေသာများများ ထသောက်လိုက်ပါ။ အရက်နာကျတာက တစ်ရက်လောက်နဲ့ သက်သာတာကို ထပ်ဖြည်မယ်ဆိုရင်တော့ သံသရာလည်နေပါလိမ့်မယ်။ 


အရက်နာကျတယ်ဆိုတာ ဘာလဲ


အရက်နာကျတယ်ဆိုတာ အရက်အလွန်အကျွံသောက်ပြီးနောက် မနှစ်မြို့ဖွယ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ ခံစားရတာကို ခေါ်တာပါ။ 


အရက်နာကျတာက ဘယ်အချိန်မှာ စဖြစ်လဲ 


အများအားဖြင့် အရက်သောက်ပြီး နာရီအတော်ကြာမှ စတင်ပါတယ်။ လက္ခဏာများက လူပေါ်မူတည်သလို သောက်လိုက်တဲ့ အရက်အမျိုးအစားနှင့် ပမာဏပေါ်မှာလည်း မူတည်ပါတယ်။ 


အရက်ဘယ်လောက်သောက်ရင် အရက်နာကျစေသလဲ


တစ်နာရီလျှင် တစ်လုံးထက်ပိုသောက်ခြင်းက ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်ကို ချေဖျက်ရန် နှင့် လုပ်ဆောင်ရန် တစ်နာရီခန့် လိုအပ်ပါတယ်။ ဒါကြောင့် အရက်ကို ဖြည်းဖြည်းသောက်လေ အရက်နာကျဖို့ နည်းလေးပါပဲ။ 


အရက်နာကျခြင်းတွေက ဘယ်လောက်အဖြစ်များလဲ


အရက်အလွန်အကျွံသောက်သူများတွင် အရက်နာကျခြင်းက အလွန်အဖြစ်များပါတယ်။ မနေ့ညက အလွန်အကျွံသောက်သူများ၏ 75% ခန့်သည် အရက်နာကျခြင်း လက္ခဏာများကို မဖြစ်မနေ ခံစားရတတ်ကြပါတယ်။ သို့ပေမယ့် အရက်သောက်သူများ၏ ၂၅% မှ ၃၀% သည် အရက်နာကျခြင်းကို ခံနိုင်ရည်ရှိတယ်လို့လည်း သုတေသီများက သုံးသပ်ကြပါတယ်။ 


အရက်နာကျခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ


  • ခေါင်းကိုက်ခြင်း၊ မျက်လုံးနီခြင်း

  • ချွေးထွက်ပြီး ရေငတ်ခြင်း 

  • နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခြင်း 

  • နှလုံးခုန်မြန်ခြင်း

  • မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း

  • ကြွက်သားများ နာကျင်ခြင်းနှင့် အားနည်းခြင်း

  • ပျို့အန်ခြင်းနှင့် အစာအိမ်နာခြင်း

  • ရင်တုန်ခြင်း 

  • စိတ်တိုနေခြင်း 


လက္ခဏာများရဲ့ ပြင်းထန်မှုက ဘယ်လောက် ပမာဏ သောက်ထားလည်းနှင့် ဘယ်လောက်ကြာကြာ သောက်ထားလည်း အပေါ် မူတည်ပါတယ်။ ဒါပေမယ့် သင့်ကျန်းမာရေးနဲ့ လည်းသက်ဆိုင်ပါတယ်။ တစ်ခွက်တည်း သောက်တာနဲ့တင် အရက်နာကျတဲ့ သူတွေလည်း ရှိသလို အလွန်အကျွံသောက်တာတောင် ဘာလက္ခဏာမှ မပြတဲ့ သူတွေလည်း ရှိပါတယ်။ 


အရက်နာကျခြင်းကို ပိုဖြစ်စေသည့် အချက်များ 


  • အစာမစားဘဲ အရက်သောက်ခြင်း

  • နီကိုတင်း ကဲ့သို့ အခြားသော မူးယစ်ဆေးဝါးများကို အရက်နှင့်အတူ သုံးစွဲခြင်း

  • အရက်သောက်ပြီးနောက် မအိပ်ခြင်း

  • အရက်ကို ဘာမှမရောဘဲ သောက်ခြင်း 

  • စျေးပေါသော အရက်များသောက်ခြင်း 


ဘယ်လို ကုသလို့ရလဲ 


အရက်နဲ့ ပြန်ဖြည်မယ်လို့တော့ မတွေးလိုက်ပါနဲ့။ 


  • ရေဓာတ်ခမ်းခြောက်မှုကို လျှော့ချရန် ရေ၊ ဖျော်ရည် နှင့် အရက်မဟုတ်သော အဖျော်ယမကာများကို သောက်သုံးပါ။

  • မနက်စာ များများစားပါ။ သွေးတွင်းသကြားဓာတ်ကို မြှင့်တင်ပေးပြီး စိတ်ကို ကြည်လင်စေပါတယ်။ 

  • ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ဖို့အတွက် ပြန်အိပ်ပါ။ 

  • အစာအိမ်နာလျှင် antacid သောက်ပါ။ 

  • ခေါင်းကိုက်ခြင်း နှင့် ကြွက်သားနာကျင်ခြင်းကို သက်သာစေရန်  Aspirin နှင့် NSAIDs (Ibuprofen) တို့ကို သောက်လို့ရပါတယ်။ 

မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…


ယမကာ လုလင်နှင့် လေဒီတို့ရေ မနေ့က ခရစ်မက်စ်ညမှာ သောက်တာများပြီး အရက်နာကျနေပြီလား။ ဒေါင်ချာမစိုင်းနေဖို့ လျှို့ဝှက်ချက်လေးတစ်ခုကို ပြောပြမယ်နော်။ 


အရက်နာကျခြင်းကို (၃)ဆ ပိုမို သက်သာစေနိုင်တဲ့ Carbowhite ဆေးလေးကတော့ 


  • ခန္ဓာကိုယ်ထဲက အရက်ကို မြန်မြန်လောင်ကျွမ်းစေပြီး အဆိပ်အတောက်မှန်သမျှကို ရေနှင့် ကာဗိုလ်ဒိုင်အောက်ဆိုဒ်အဖြစ် ပြောင်းပေးနိုင်ခြင်း

  • အရက်ရဲ့ အဆိပ်အတောက်တွေကို အလျင်အမြန် စွန့်ထုတ်ပေးနိုင်ခြင်း 

  • ပြန်လည်ပြည့်၀ လန်းဆန်းနေအောင် ဖန်တီးပေးနိုင်ခြင်းတို့ အပြင် 


အရက်မသောက်ခင် တစ်နာရီလောက် ကြိုသောက်ထားမယ်ဆိုရင်  အသည်းမထိခိုက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ 


ဒါကြောင့် အသောက်သမားလေးတွေ ရုံးဖွင့်ရက်တွေလည်း သောက်နိုင်အောင်၊ ရက်တွေလည်း ဆက်နိုင်အောင် ဆောင်ကို ဆောင်ထားသင့်တယ်နော်။


ထို့ပြင် Carbowhite က 

  • မှိုဆိပ်သင့်ခြင်း နှင့် အစာအဆိပ်သင့်ခြင်း တို့အတွက်လည်း သောက်သုံးနိုင်သလို 

  • အသည်းနှင့် ကျောက်ကပ်၏ ပုံမှန်လုပ်ငန်းဆောင်တာများကို အထောက်အကူ ပြုပေးပြီး ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေပါတယ်။ 

နှစ်သစ်ကူး ပွဲတော်တွေလည်း လာတော့မယ်ဆိုတော့ Carbowhite ကို ဆောင်ထားချင်ရင် ဤလင့်ကို Link နှိပ်၍ (သို့) ဖုန်းနံပါတ် 09-980-635-588 ကို ဆက်သွယ်မှာ ယူလို့ရပါတယ်။ 

ထို့ပြင် KBZPay Market မှာလည်း အလွယ်တကူ ဝယ်လို့ရနေပါပြီ။ ဆေးများကို တစ်နိုင်ငံလုံး အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးပါတယ်။ 

တစ်ခြား ကျန်းမာရေး ပြဿနာများကို My-Medicine မှ ကျွမ်းကျင်သော ဆရာဝန်ကြီးများနှင့် ပြသလိုပါက ဤလင့်ခ်ကို နှိပ်၍www.mymedicine.com.mm ရက်ချိန်း ရယူနိုင်ပါပြီ။

 

 

အစာမစားမီ တစ်နာရီအလို ရေတစ်ခွက်ဖြင့် သောက်သုံးနိုင်ပါသည်။