ကျွန်တော်တို့တွေ အများစုက မသန့်ရှင်းသော စျေးသက်သာသော လမ်းဘေးအစားအစာများကို အရမ်းစားလာကျပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါက အဖြစ်များလာတာပါ။ ဝမ်းပျက်ဝမ်းလျှောက ရေနှင့် ဓာတ်ဆားကို ဆုံးရှုံးစေပြီး မသက်သာဘဲ အရမ်းဆိုးလာရင် အသက်တောင် ဆုံးရှုံးနိုင်ပါတယ်။ ထို့ကြောင့် ဝမ်းလျှောပြီဆိုတာနဲ့ ဓာတ်ဆားရည်ကို မဖြစ်မနေ သောက်သုံးသင့်ပါတယ်။
ခန္ဓာကိုယ်ဟာ ရေဓာတ်ပြည့်နေဖို့ အလွန်အရေးကြီးလှပါတယ်။ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းတို့ကြောင့် ဆုံးရှုံးသွားသော အရည်များနှင့် သတ္တုဓာတ်များ (ဆိုဒီယမ်၊ ပိုတက်စီယမ်) တို့ကို ပြန်လည်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အရည်နှင့် သတ္တုဓာတ်များ လုံလောက်စွာ မရှိနေပါက ကိုယ်တွင်းမှာ ပုံမှန်လုပ်ငန်းဆောင်တာတွေ မလုပ်ဆောင်နိုင်တော့ဘဲ အသက်သေဆုံးနိုင်တာပါ။
ဓာတ်ဆားထုတ် မဝယ်ခင် သတိထားသင့်သည်များ
သက်တမ်းကုန်ဆုံးရက် (Expiry date) ကို သေချာစစ်သင့်ပါတယ်။ သက်တမ်းကုန်ဆုံးရက် မကျော်သေးသော်လည်း လက်ဆပ်မှု ရှိ မရှိ လှုပ်ကြည့်ပါ။ အထဲက အမှုန့်က ကပ်နေရင် အရောင်ပြောင်းနေရင် လုံး၀မသောက်သင့်ပါ။
ဓာတ်ဆားကို ဘယ်လိုဖျော်ရမလဲ ?
ရေကျက်အေး (သို့) တစ်လီတာ ရေသန့်ဗူးနှင့် ဖျော်ပါ။ ရေနွေး၊ ရေခဲရေတို့နှင့် လုံး၀မဖျော်သင့်ပါ။ အာနိသင် ပျက်သွားတတ်လို့ပါ။ ဖျော်ပြီး (၂၄) နာရီ အတွင်း ကုန်အောင်သောက်ပါ။ တစ်ရက်ထက် ကျော်လွန်သွားပါက မသောက်သင့်ပါ သွန်ပစ်ပါ။
ဝမ်းရပ်သွားသည်အထိ ရေဓါတ်ပြည်လည်ပြည့်လာသည်အထိ ဓါတ်ဆားရည်ကို တိုက်ကျွေးနိုင်ပါသည် ။ (သို့မဟုတ် ) ဆရာဝန်ညွှန်သည့်အတိုင်းသောက်နိုင်ပါသည်။
တစ်နေ့ ဘယ်နှစ်ထုတ် သောက်လို့ရလဲ ?
ယေဘုယျအားဖြင့် တစ်ရက် အများဆုံး (၂) ထုတ် သောက်လို့ရပါတယ်။ လိုတာထက် ပိုသောက်မိရင် ခန္ဓာကိုယ်ထဲမှာ သတ္တုဓာတ်တွေ ပိုလျှံနေပြီး မစွန့်ထုတ်နိုင်တဲ့ အတွက်ကြောင့် သွေးတိုးနိုင်ပါတယ်။ ဆီးချို နှင့် သွေးတိုးရောဂါ ရှိသူတွေကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
Prevention of dehydration (WHO - Treatment plan A)
Child under 24 months: 50 to 100 ml after each loose stool (approximately 500 ml daily)
Child from 2 to 10 years: 100 to 200 ml after each loose stool (approximately 1000 ml daily)
Child over 10 years and adult: 200 to 400 ml after each loose stool (approximately 2000 ml daily)
Treatment of moderate dehydration (WHO - Treatment plan B)
Child and adult:
Over the first four hours:
After four hours:
If there are no signs of dehydration: follow Treatment plan A.
If there are signs of moderate dehydration: repeat Treatment plan B.
If there are signs of severe dehydration: start IV therapy (Treatment plan C).
Treatment of severe dehydration (WHO - Treatment plan C)
In combination with IV therapy and only to a conscious patient:
Child and adult: 5 ml/kg per hour
After 3 hours (6 hours in infants), reassess and choose the appropriate plan A, B or C.
Duration
As long as diarrhoea and signs of dehydration persist.
Contra-indications, adverse effects, precautions
If the eyelids become puffy during the treatment: stop ORS, give plain water then, resume ORS according to Treatment plan A when the puffiness is gone.
If case of vomiting, stop ORS for 10 min and then resume at a slower rate (very small, frequent, amounts); do not stop rehydration.
Pregnancy: no contra-indication
Breast-feeding: no contra-indication
Remarks
– A special ORS-formula, ReSoMal, is used under medical supervision, for severely malnourished children only. However, in malnourished children with cholera, standard ORS- formula is used instead of ReSoMal.
– Storage: below 25 °C
Do not use the powder if it has turned into a yellow-brownish sticky substance.
Once prepared, the solution must be used within 24 hours.