ဆောင်းရာသီမှာ ပြေးခြင်းရဲ့ အကျိုးကျေးဇူးများ
အေရိုးဗစ်လှုပ်ရှားမှုကို တိုးစေတဲ့အတွက်ကြောင့် သွေးလည်ပတ်မှု ကောင်းစေပါတယ်။
မှောက်မိုက်သော ညနေခင်းများနှင့် ချမ်းစိမ့်သော ရာသီဥတုက ကျွန်ုပ်တို့အား ထုံထိုင်းစေပေမယ့် ပြေးခြင်းက serotonin ပမာဏကို တိုးစေတဲ့အတွက်ကြောင့် ပျော်ရွင်စေပြီး တက်ကြွစေပါတယ်။
အေးမြသောအခိုက်အတန့်များမှာ လုပ်ရှားခြင်းက ဇီ၀ကမ္မဖြစ်စဉ်ကို ပြန်လည်ကောင်းမွန်စေပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲစေတဲ့ အတွက်ကြောင့် အဆီဖွဲ့စည်းမှုကို လျှော့နည်းစေပါတယ်။
ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ကို ထိန်းဖို့ ဒါမှမဟုတ် ဝိတ်ချဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ချက်ချင်းသာ ထပြေးလိုက်ပါတော့။
ဆောင်းရာသီတွင် Gym မှာ ကစားတာထက် အပြင်မှာ ပြေးတာက ပိုချွေးထွက်စေတဲ့ အတွက်ကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။
ဆောင်းရာသီမှာ ပြေးတော့မယ်ဆိုလျှင် သတိထားရမည့် အချက်များ
ပေါ့ပါးစွာ ဝတ်စားပါ။ အပေါ်တစ်ထပ်ပါ ဝတ်သွားရင် ပိုကောင်းပါတယ်။ ချွေးထွက်များပြီး ပူလာရင် အပေါ်ထပ်ကို ချွတ်ထားလို့ ရပြီး အချိန်ကြာလို့ အေးလာရင်လည်း ပြန်ဝတ်လိုက်လို့ ရတာပေါ့။
ဖြည်းဖြည်းချင်း စပြေးပါ။၊ ခံနိုင်ရည်အားကို ဖြည်းဖြည်းချင်းတည်ဆောက်ဖို့အတွက် အချိန်ပေးပါ။
အရောင်တောက်တောက်များကို ဝတ်ဆင်ပါ။ မနက်စောစော ရာသီဥတုက မြူနှင်းတွေနဲ့ မှောင်နေတဲ့အတွ့က်ကြောင့် ယာဉ်မောင်းတွေက မြင်လွယ်မယ်ဆိုရင် မတော်တဆ ထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။
ရေဓာတ် ပြည့်၀နေပါစေ။ ပူပြင်းတဲ့နွေရာသီမှာတော့ ရေသောက်ဖြစ်ကြပေမယ့် အေးတဲ့ အချိန်မှာတော့ ရေသောက်ဖို့ကို မေ့နေတတ်ကြပါတယ်။ ပြေးတဲ့လမ်း တစ်လျှောက်မှာလည်း သောက်ဖို့ ရေဗူးဆောင်သွားပါ။
အစောထပြေးမည့် နေရာကို တစ်စုံတစ်ယောက်အား ပြောပြပါ။ မထင်မှတ်ဘဲ တစ်ခုခုဖြစ်သွားနိုင်သည့် အတွက် ပြေးမည့်နေရာနှင့် ဘယ်အချိန်ပြန်လာမယ်ဆိုတာကို သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ကို အသိပေးခဲ့ပါ။
ပုံမှန်မဟုတ်တာ တခုခုခံစားလာရပါက ဥပမာ- ရင်ဘက်နာကျင်ခြင်း၊ ခေါင်းမူးလာခြင်း ခြေထောက်ကြွက်သား ကြွက်တက်သလို ခံစားလာရပါက ချက်ချင်းရပ်လိုက်ပါ။
ခြေထောက်ဆိုဒ်နှင့် ကိုက်ညီသော အပြေးဖိနပ်များကို သေချာဝတ်ဆင်ပါ။ ဖိနပ်ဆိုဒ်မမှန်လျှင် ခြေထောက်အရမ်းနာတတ်ပြီး ကြီးနေလျှင် ချော်ထွက်ပြီး လဲနိုင်ပါတယ်။
မာရသွန်ပွဲ ရာသီကို ရောက်ရှိလို့ လာပါပြီ။ မာရသွန် (သို့) စက်ဘီးစီးပွဲမှာ ပါဝင်မယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်တယ်ဆိုတာ သိပြီးကြပြီဟုတ်။ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ မာရသွန်မှာ ဝင်မပြေးမှီ စနစ်တကျ ပြင်ဆင်ထားသင့်ပြီး လေ့ကျင့်ရေးအစီအစဉ်များကို လိုက်နာဖို့ကတော့ အလွန်အရေးကြီးလှပါတယ်။
အထူးသဖြင့် လေ့ကျင့်ရေးကို ကောင်းစွာ မပြုလုပ်နိုင်ပါက မာရသွန်ပွဲနေ့တွင် မပါဝင်ရန် အကြံပြုပါရစေ။ ပြိုင်ပွဲမဝင်မှီ ဘာတွေပြင်ဆင်ထားသင့်ကြောင့်နှင့် သောက်ရမည့် ဆေးဝါးများအကြောင်း ပြည့်စုံသောလမ်းညွှန်ချက်ကို
ပါဝင်ခြင်းမပြုမီ ကျွန်ုပ်တို့၏ ပြည့်စုံသောလမ်းညွှန်ချက်ကို ကျေးဇူးပြု၍ ကျေးဇူးပြု၍ ဖတ်ရှုပါ။ ဤစာမျက်နှာ၏အောက်ခြေတွင် ထည့်သွင်းထားသော ဗီဒီယိုတစ်ခုလည်း ရှိသည် - ကျေးဇူးပြု၍ ကြည့်ရှုရန် အချိန်ပေးပါ။
ပထမဆုံးအကြိမ်မာရသွန်ပြေးတာ၊ လေ့ကျင့်တာက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အိုမင်းရင့်ရော်မှုကို ပြောင်းပြန်လှန်ပစ်နိုင်တယ်လို့ လေ့လာချက်အသစ်က ဆိုပါတယ်။ အခုမှစပြေးဖူးတဲ့ ကျန်းမာသန်စွမ်းတဲ့အပြေးသမား (၁၃၈) ယောက်က လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်၊ လေ့ကျင့်ပြီးတဲ့အခါမှာ သူတို့ရဲ့အိုမင်းရင့်ရော်မှုကို (၄) နှစ်လောက်လျော့ချပေးတာနဲ့ ဆက်စပ်တာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
မာရသွန်လေ့ကျင့်ပေးတာက အိုမင်းရင့်ရော်မှုနဲ့ ဆက်စပ်တဲ့ ခန္ဓာကိုယ်ရဲ့အဓိကသွေးလွှတ်ကြောတွေကို ပြောင်းပြန်ဖြစ်စေခဲ့ပြီး သွေးဖိအားထိန်းညှိတဲ့နေရာမှာ ကူညီပေးခဲ့တယ်လို့ လေ့လာတွေ့ရှိခဲ့တာပါ။ ကျွန်တော်တို့ အသက်အရွယ်ရလာတာနဲ့ ကျွန်တော်တို့ရဲ့အဓိကအင်္ဂါအစိတ်အပိုင်းတွေအားလုံးကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေပေးတဲ့ သွေးလွှတ်ကြောနံရံတွေက ပိုထူလာ၊ ပိုမာကျောလာတဲ့အတွက် ခန္ဓာကိုယ်အနှံ့က သွေးတွေကို လွှတ်ပေးဖို့အတွက် နှလုံးက ပိုပြီး အလုပ်လုပ်ရပါတယ်။ ဒါကြောင့် အသက်ကြီးလာတာနဲ့ နှလုံးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ၊ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေများလာတာဖြစ်တယ်လို့ လေ့လာချက်က ဆိုပါတယ်။
မာရသွန်ပြေးတာက အဲဒီလိုရောဂါဖြစ်နိုင်ခြေရှိတာကို လျော့ချပေးသလို အသက်ရှည်ရှည်နေစေနိုင်တယ်လို့လည်း သိရပါတယ်။ (၆) လအတွင်းမှာ မာရသွန်အပြေးပြိုင်ပွဲဝင်ပြိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ သွေးလွှတ်ကြောမှာရှိတဲ့ အိုမင်းရင့်ရော်မှုအကျိုးဆက်တွေကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်လို့ရတယ်လို့ သိရပါတယ်။ ကောင်းတဲ့အကျိုးရလဒ်ကို အခြေခံသွေးဖိအားအမြင့်ဆုံးနဲ့ အသက်ကြီးတဲ့၊ နှေးကွေးတဲ့အမျိုးသားမာရသွန်သမားတွေမှာ တွေ့ခဲ့ရပါတယ်။
မာရသွန်ပြေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးက ပါဝင်တဲ့သူ ဘယ်လောက်ပြေးနိုင်တာ၊ ဘယ်လောက်ကျွမ်းကျင်မှုရှိတာနဲ့ ဆက်စပ်မှုမရှိပါဘူး။ အသက်ကြီးတဲ့အပြေးသမားတွေမှာ ပြောင်းလဲမှုများစွာဖြစ်စေနိုင်တာအတွက် လေ့ကျင့်ခန်းလုပ်တာက ဘယ်တော့မှ နောက်ကျတယ်လို့မရှိပါဘူး။