အမျိုးသားများ မိမိကိုယ်တိုင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိနိုင်ဖို့ ဆက်လက်ဖတ်ရှုလိုက်ပါ။
1. ဆီးကျိတ်ကို ဂရုစိုက်ပါ။
ဆီးကျိတ်ကျန်းမာရေးဟာ အမျိုးသားတစ်ယောက် ကျန်းမာရေးအတွက် အရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပြီး လူအအများစု လုံးဝလျှစ်လျူရှုထားတတ်တဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ ပုံမှန်ဆီးကြိတ်စစ်ဆေးမှုကို ကျန်းမာတဲ့ လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ပေးပါ။
2. နှလုံးနှင့်ပတ်သက်လျှင် သတိရှိပါ။
အမျိုးသား သုံးယောက်မှာ တစ်ဦးထက်ပိုပြီး နှလုံးနှင့်ဆိုင်တဲ့ ရောဂါပြဿနာများ ခံစားနေရပါတယ်။ ဟန်ချက်ညီတဲ့ နေ့စဉ် အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှုများ အပါအဝင် သင့်တော်တဲ့ နှလုံးကျန်းမာစေတဲ့ ဖြည့်စွက်ဆေးများဟာ ကျန်းမာသန်စွမ်းတဲ့ နှလုံးအတွက် အကောင်းဆုံးနည်းလမ်းများ ဖြစ်ပါတယ်။
3. လှုပ်လှုပ်ရှားရှားနေပါ။
လေ့ကျင့်ခန်းက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်ဖြစ်ဖြစ် လိုအပ်တဲ့ ကိုယ်အလေးချိန် ရစေဖို့ဖြစ်ဖြစ် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ခွန်အားနှင့် ခံနိုင်ရည် တည်ဆောက်မှုကို အထောက်အကူပြုပေးပါတယ်။ နေ့တိုင်း အသင့်အတင့် လှုပ်ရှားပေးမှုက ပိုမိုသန်မာလာစေပြီး အသက်ကြီးလာတဲ့ အခါမှာလည်း လှုပ်ရှားသွားလာမှု ပိုမိုလွယ်ကူဖို့ အကူအညီပေးပါလိမ့်မယ်။ ဘယ်လေ့ကျင့်ခန်း အစီအစဉ်မျိုးမဆို မစတင်မီ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးပါ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့အတွက် ဘယ်တော့မှ စောတယ်၊ နောက်ကျတယ်ရယ်လို့ မရှိဘူးဆိုတာကို သတိရပါ။ ဒါ့အပြင် သင့်ခြေလှမ်းတိုင်းမှာ ကူညီပေးဖို့ My Medicine က အသင့်ရှိနေပါတယ်။
Source: Nature's Bounty