အမျိုးသားများအားတိုးဆေးဆိုတာဘာတွေလဲ
ယနေ့စျေးကွက်တွင်ရနိုင်သော အမျိုးသားများအားတိုးဆေးများကို အများအားဖြင့် ဖြည့်စွက်စာအဖြစ် တံဆိပ်တပ်လေ့ရှိကြပါတယ်။ ၎င်းတို့ဟာ လိင်တံစိုက်ထူမှုကြာချိန်ကိုမြှင့်တင်စေရန် လိင်တံသို့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးတဲ့အပြင် သက်လုံနှင့် စွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးနိုင်တယ်လို့လည်း အခိုင်အမာပြောဆိုကြပါတယ်။
အမျိုးသားများအားတိုးဆေးများစွာတွင် ashwagandha, maca root, yohimbe extract နှင့် black ginger extract တို့လို သဘာဝပါဝင်ပစ္စည်းများကို ပေါင်းစပ်ပြုလုပ်ထားပါတယ်။
ဤပါဝင်ပစ္စည်းတွေဟာ တစ်မျိုးချင်းစီဆိုလျှင်တော့ စွမ်းအင်နှင့် လိင်စိတ်တိုးပွားစေခြင်း သို့မဟုတ် စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်ခြင်းကဲ့သို့သော အရာများကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ် ကြွက်များအအပေါ် လေ့လာမှုတစ်ခုအရ black ginger extract သည် ခန္ဓာကိုယ်ကြံ့ခိုင်မှုစွမ်းရည်နှင့် ကြွက်သားခံနိုင်ရည်ကို မြင့်တက်စေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ သို့သော် အမျိုးသားများအားတိုးဆေးများရဲ့ ထိရောက်မှုကို တိုက်ရိုက်ထောက်ခံပေးနိုင်တဲ့ ဒေတာမရှိသေးပါ။
"အမျိုးသားများအားတိုးဆေးအများစုကို ထိန်းချုပ်ထားတဲ့ပုံစံနဲ့ မလေ့လာရသေးတာကြောင့် လူနာတွေကို ဒီဆေးတွေနဲ့ပတ်သက်ပြီး အမြဲသတိပေးပါတယ်" လို့ ဆီးလမ်းကြောင်းဆိုင်ရာအထူးကု E. Charles Osterberg က ဆိုပါတယ်။
အမျိုးသားများအားတိုးဆေးတွေက ထိရောက်ရဲ့လား
အမျိုးသားများအားတိုးဆေးအတော်များများကို FDA က အသိအမှတ်မပြုထားတာကြောင့် ၎င်းတို့ရဲ့ ပြောဆိုချက်တွေကို ထောက်ခံရန် သိပ္ပံနည်းကျ အထောက်အထားတွေ မရှိပါဘူး။
တူညီတဲ့ပါဝင်ပစ္စည်းတွေရဲ့ Erectile dysfunction (ယောင်္ကျားပန်သေပန်းညှိုးရောဂါ) ED အပေါ် ထိရောက်မှုအကြောင်း လေ့လာမှုများရှိသော်လည်း အမျိုးသားများအားတိုးဆေးများမှာ ရှိတယ်လို့ပြောကြတဲ့ ထိရောက်မှုတွေကို သုတေသီများက ငြင်းဆိုထားပါတယ်။
၂၀၁၁ ခုနှစ်လေ့လာမှုတစ်ခုတွင် Psychogenic ED ကို ကုသရာ၌ ashwagandha ဆေးဘက်ဝင်အပင်ရဲ့ ထိရောက်မှုမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
Psychogenic ED ဆိုတာ erectile တစ်သျှူးများနှင့် ဂုဏ်သတ္တိများ ကောင်းမွန်စွာ အလုပ်လုပ်နေပေမယ့် လိင်တံစိုက်ထူမှုပြဿနာဟာ စိတ်ဖိစီးမှု အခြေအနေများနှင့် ဆက်စပ်မှုရှိမရှိအပြင် အခြားအကြောင်းပြချက်အချို့လည်း ရှိကောင်းရှိနိုင်ပါတယ်။
Psychogenic ED ဖြစ်ခဲ့လျှင် အကောင်းဆုံးအကြံများပေးနိုင်တဲ့ ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
source:https://www.healthline.com/nutrition/best-multivitamins-for-men