ယခုကာလမှာ လူအတော်များများက အိမ်မှာပဲ အလုပ်လုပ်နေရတဲ့အခါ လှုပ်လှုပ်ရှားရှားမရှိ‌တာကြောင့် ကျန်းမာရေးချို့တဲ့မှုများ မဖြစ်စေရန်

နေ့စဉ်လုပ်ရိုးလုပ်စဉ်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံကို ကျန်းမာရေးအတွက် ပေါင်းစပ်နိုင်ရန် ဤ အကြံဥာဏ်အချို့ကို စမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီနည်းလမ်းတွေက သင့်ကျန်းမာရေးကို ပိုကောင်းလာအောင် ကူညီပေးပြီး အလုပ်လုပ်နိုင်စွမ်းကိုလည်း ဆက်ထိန်းထားနိုင်မှာဖြစ်ပါတယ်။


1. အချိန်ဇယားတစ်ခုဖန်တီးပြီး အဲ့ဒါကိုလိုက်နာပါ။


နေ့တစ်နေ့ကို ကော်ဖီ သို့မဟုတ် လက်ဖက်ရည်တစ်ခွက်ဖြင့် စတင်လိုက်ပြီး သင့်ခွေးလေးနဲ့ လမ်းလျှောက်ထွက်ကာ အဆုံးသတ်တာလိုမျိုး သင့်အလုပ်လုပ်တဲ့နေ့ရဲ့ အစနဲ့အဆုံးကို ညွှန်ပြတဲ့ လုပ်ရိုးလုပ်စဉ်တွေနဲ့ နေ့တစ်နေ့ကို အစပျိုးပြီး အဆုံးသတ်ပါ။



2. သင့်မှာ ရုံးခန်းမရှိလျှင်တောင် အလုပ်လုပ်တဲ့နေရာကို သတ်သတ်မှတ်မှတ်ထားပါ။


သက်တောင့်သက်သာနှင့် အထောက်အပံ့ပေးနိုင်သော ထိုင်ခုံတစ်လုံးကိုရှာပြီး သင့်စားပွဲခုံဟာ သက်တောင့်သက်သာရှိတဲ့ အမြင့်မှာ ရှိနေပါစေ။ သင်က laptop သုံးနေတာဆိုလျှင် သင်၏ခန္ဓာကိုယ်လှုပ်ရှားမှု တိုးတက်စေရန် external keyboard ကို သုံးသင့်ပါတယ်။ သင့်ထိုင်ခုံက နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရတဲ့ နေရာမှာ ရှိနေရင် ပိုကောင်းပါတယ်။ နာရီပေါင်းများစွာ အလုပ်လုပ်ရန် အိမ်မှာ မတ်တပ်စားပွဲမရှိဘူးဆိုရင် သင့် laptopကို စာအုပ်များပေါ်တွင် တင်၍ (သို့) ပိုမိုမြင့်မားသော ကောင်တာတစ်ခုကိုရှာပြီး တင်ကြည့်နိုင်ပါတယ်။



3. သင့်ကိုယ်သင် အနားပေးပါ။


သင့်အချိန်ဇယားမှာ ပုံမှန်အနားယူချိန်‌တွေနှင့် ထမင်းစားနာချိန်တို့ ပါဝင်ရပါမယ်။ အနားယူချိန်တစ်ခုလုံးမှာ အပြည့်အဝ အနားယူပါ။ Email ဝင်လာသံကြားလိုက်လို့ ၅မိနစ်လောက် စောသွားမယ်ဆိုပြီး မလုပ်ပါနှင့်။


4. လှုပ်လှုပ်ရှားရှားနေပါ။


အနားယူချိန်မှာ လမ်းလျှောက်ပါ ဒါမှမဟုတ် floor exercise အချို့ပြုလုပ်ပါ။ အလုပ်လုပ်နေစဉ်မှာလည်း လှုပ်လှုပ်ရှားရှား နေနိုင်မယ့်နည်းလမ်းတွေကို ပြုလုပ်ပါ။ ဖုန်း‌ပြောတဲ့အခါ မတ်တပ်ရပ်ပြီး heel lifts လေ့ကျင့်ခန်းလုပ်ပေးပါ။ ကွန်ပျူတာရှေ့ထိုင်နေရတဲ့အခါ pelvic tilts လေ့ကျင့်ခန်းလုပ်ပေးပါ။



5. လုပ်ဖော်ကိုင်ဖက်များနှင့် မကြာခဏ ဆက်သွယ်ပါ။


အိမ်မှာအလုပ်လုပ်ရတဲ့အခါ အထီးကျန်သလို ခံစားရတတ်ပါတယ်။ ဒါကြောင့် online meeting တွေမှာ ပါဝင်ပါ။ Email တစ်ခုထဲကိုပဲ မသုံးဘဲ ဖုန်း၊ Zoom နှင့် Skype တို့ကိုလည်း အသုံးပြုပါ။


အထူးသဖြင့် ယခုလို ခက်ခဲတဲ့ကာလမှာ အိမ်ကနေ အလုပ်လုပ်ရတာဟာ မလွယ်ကူနိုင်ပါဘူး။ ဒါကြောင့် မိတ်ဆွေတွေနှင့် လူချင်းမတွေ့နိုင်တဲ့အခါ နည်းပညာရဲ့ ရုပ်မြင်သံကြားပိုင်းဆိုင်ရာ ရှုထောင့်တွေက အထူးအရေးပါအရာရောက်လာတာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။


 


Source: https://www.bu.edu/wellness/five-healthy-habits-for-working-from-home/