ကိုရိုနာဗိုင်းရပ်ရဲ့ မျိုးကွဲတွေထဲမှ ကူးစက်အမြန်ဆုံးဖြစ်တဲ့ Omicron ဟာ မြန်မာနိုင်ငံမှာ သိသိသာသာ ပျံ့ပွားလာနေပါပြီ။


အရေးကြီးဆုံး လုပ်နိုင်တာကတော့ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို လျှော့ချဖို့ပါပဲ။ ချစ်ရသူတွေကို မကူးစက်အောင် ကာကွယ်ဖို့အတွက်ကတော့ 


  • နှာခေါင်းစည်း အမြဲတပ်ပါ။ နှာခေါင်းစည်းတပ်ပြီး ဖြုတ်လိုက်တဲ့အခါတိုင်း လက်ဆေးပါ။

  • အခြားသူများနှင့် အနည်းဆုံး 1 မီတာ အကွာမှာ နေပါ။ 

  • လေ၀င်လေထွက်မကောင်းသော (သို့) လူများသောနေရာများကို ရှောင်ပါ။

  • အိမ်တွင်းလေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။

  • လက်ကို မကြာခဏဆေးပါ။

  • တတ်နိုင်သမျှ အိမ်မှာပဲ နေပါ။ 

  • အိပ်ရေး၀၀ အိပ်ပါ။

  • ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး booster တို့ကို မဖြစ်မနေထိုးပါ။ 


လေ့လာမှုများအရ ကပ်ရောဂါကာလအတွင်း အလွန်အမင်းစိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ကြုံတွေ့ခံစားရနေရသူများက Covid-19 ကို ကူးစက်နိုင်ခြေ ပိုများကြောင်း တွေ့ရှိထားပါတယ်။ 


ဒါကြောင့် အိမ်တွင်းလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းက စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြင့်တက်စေနိုင်ပါတယ်။ 


ကိုဗစ်နဲ့ ကိုယ်ခံအားကောင်းတာနဲ့က ဒွန်တွဲနေတယ်ဆိုတာ သိပြီးကြပြီဆိုတော့ ကိုယ်ခံအားကောင်းစေဖို့ အာဟာရဖြစ်စေမယ့် အစားအစာများကို ပုံမှန်စားပေးရမယ်နော်။ 


ကဖင်း၊ အရက်နှင့် ဆေးလိပ်ကို တတ်နိုင်သမျှ လျှော့ပါ။ ရေများများသောက်ပါ။ ကျန်းမာရေးနှင့် မညီညွှတ်တဲ့ အစားအစာများကို ရှောင်ပါ။ 


Covid-19 နှင့် ပတ်သတ်ပြီး My-Medicine မှ ကျွမ်းကျင်သော ဆရာဝန်ကြီးများ နှင့် ပြသလိုပါက www.mymedicine.com.mm ကို နှိပ်၍ (သို့) 09-77-999-5588 ကို ဆက်သွယ်ပြီး ဆွေးနွေးနိုင်ပါတယ်။ MPT နံပါတ်မှ လွှဲ၍ အခြားOperator များကတော့ 5588 ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ရှင်။