ကိုဗစ်ကာကွယ်ဆေး (၂)လုံးထိုးပြီးနောက် ထပ်ထိုးရတဲ့ Booster လို့ခေါ်တဲ့ ထပ်ဆောင်းကာကွယ်ဆေး အကြောင်းကို ကြားဖူးကြပါသလား။ အခုလို ဖေဖော်ဝါရီလမှာ Omicron က လူတော်တော်များများကို ကူးစက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Booster ထိုးထားခြင်းဖြင့် Omicron ကူးစက်ခံရပါက ပြင်းထန် လက္ခဏာများ ဖြစ်နိုင်ခြေနှင့် ဆေးရုံတက်ရနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုထားပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးထားရုံနဲ့ Omicron ကို အပြည့်အ၀ မကာကွယ်နိုင်ပါဘူး။ လူတိုင်း Booster ထိုးဖို့ မဖြစ်နိုင်သေးရင်တောင် သက်ကြီးရွယ်အိုတွေကိုတော့ Booster မဖြစ်မနေထိုးပေးပါ။
ဘယ်ချိန်မှာ Booster ထိုးသင့်သလဲ ?
Sinopharm ထိုးထားသူတွေကတော့ နောက် (၃)လ ကြာရင် ထိုးလို့ရပါတယ်။
Sinovac ထိုးထားသူတွေကတော့ နောက် (၃) လ ကြာရင် ထိုးလို့ရပါတယ်။
Covishield ထိုးထားသူတွေကတော့ နောက် (၃) လ ကြာရင် ထိုးလို့ရပါတယ်။
Covaxin ထိုးထားသူတွေကတော့ နောက် (၆) လ ကြာရင် ထိုးလို့ရပါတယ်။
Pfizer နဲ့ Moderna ထိုးထားသူတွေကတော့ နောက် (၅) လ ကြာရင် ထိုးလို့ရပါတယ်။
Booster ကို ပထမအကြိမ် ထိုးထားပြီး ဒုတိယမြောက် Booster ထပ်လို မလိုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
ဘယ်ဆေးကို Booster အနေနဲ့ ထိုးသင့်သလဲ ?
အခြေခံအားဖြင့် ဘယ်ကာကွယ်ဆေးကိုမဆို Booster အဖြစ် ထိုးလို့ရပြီး Pfizer နဲ့ Moderna တို့ကို Booster အဖြစ်ထိုးဖို့ အသင့်တော်ဆုံးအဖြစ် သတ်မှတ်ထားပါတယ်။
အကယ်၍ Pfizer, Moderna တို့ကို လက်လှမ်းမမှီဘူးဆိုရင် Covidshield, Covaxin တို့ကို Booster အဖြစ် ထိုးနှံလို့ရပါတယ်။ ဒီကာကွယ်ဆေးတွေကလည်း လက်ရှိမှာ အလွယ်တကူထိုးလို့ ရနေပြီဖြစ်ပါတယ်။