Omicron သည် Covid-19 ၏ မူကွဲအမျိုးအစားအသစ် ဖြစ်ပါသည်။
နိုဝင်ဘာလ ၁၁, ၂၀၂၁ တွင် Botswana နှင့်, နိုဝင်ဘာလ ၁၄, ၂၀၂၁ တွင် South Africa ၌ဖြစ်ပွါးခဲ့ပါသည်။
နိုဝင်ဘာလ ၂၄, ၂၀၂၁ တွင် WHO သို့ အစီရင်ခံခဲ့ပါသည်။
နိုဝင်ဘာလ ၂၆, ၂၀၂၁ တွင် စိုးရိမ်စောင့်ကြည့်ရမည့် မျိုးကွဲအဖြစ်သတ်မှတ်လိုက်ပါသည်။
ပြန်လည်ကူးစက်ရန် (၃)ဆ ပိုမိုလွယ်ကူသည်။ သို့သော်လည်း Delta အပါအဝင် အခြားသော မျိူးကွဲများနှင့် နှိုင်းယှဉ်ပါက ပိုမိုကူးစက်မှု ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့သောအခါ ကိုရိုနာဗိုင်းရပ်စ်များသည် အလွန်လျင်မြန်စွာ သေဆုံးကြသည်။ အခြားဗိုင်းရပ်စ်များကဲ့သို့ပင် Covid-19 သည် အခန်းအပူချိန်တွင် (သို့မဟုတ်) ပိုနှိမ့်သော အပူချိန်နှင့် စိုထိုင်းမှု (<50%) ဖြစ်သည့်အခါတွင် အကြာဆုံးရှင်သန်နိုင်သည်။
မကြာသေးမီက သုတေသနပြုချက်များအရ မျက်နှာပြင်အမျိုးမျိုးတွင် COVID-19 ဗိုင်းရပ်စ်၏ ရှင်သန်မှုကို လေ့လာခဲ့ပြီး ဗိုင်းရပ်စ်သည် ပလပ်စတစ်နှင့် သံမဏိပေါ်တွင် (၇၂) နာရီအထိ၊ ကြေးနီပေါ်တွင် (၄) နာရီအထိ၊ ကတ်ထူပြားပေါ်တွင် (၂၄) နာရီအထိ ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
ရောဂါလက္ခဏာများဖြစ်ပွားသူများထဲမှ အများစု ၈၀% ခန့် သည်ဆေးကုသမှု ခံယူစရာမလိုဘဲ ရောဂါမှပြန်လည်သက်သာလာကြသည်။ ၁၅% သည်ပြင်းထန်စွာဖျားနာခြင်း၊ အောက်စီဂျင်လိုအပ်ခြင်းနှင့် ၅% တို့မှာပြင်းထန်စွာဖျားနာခြင်းနှင့် အထူးဂရုစိုက်ခြင်း (intensive care) တို့လိုအပ်သည်။
နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့်
အသက်ရှုရခက်ခဲခြင်း၊
သွေးဆိပ်သင့်ပြီး သတိလစ်မေ့မြောခြင်း၊
သွေးကြောပိတ်ခြင်း၊
နှလုံး၊ အသည်း၊ ကျောက်ကပ် အရေးကြီးသော ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်းများ ဖြစ်နိုင်ပါသည်။
တချို့အခြေအနေများတွင် ကလေးများ၌ ရောဂါကူးစက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ပြင်းထန်သောရောင်ရမ်းခြင်း လက္ခဏာများ ဖြစ်ပေါ်နိုင် ကြောင်းတွေ့ရှိရသည်။
WHO ၏ ထုတ်ပြန်ချက်အရ ယခင် ကိုဗစ်ကူးစက်ခံထားရသူသည် ပြန်လည်ကူးစက်နိုင်ခြေ များပါသည်။
ကာကွယ်ဆေး၏ ထိရောက်မှု
လက်တလောတွင် Omicron မျိုးကွဲအပေါ် ကာကွယ်ဆေး၏ ထိရောက်မှုမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
လက်ရှိရရှိနေသော ကာကွယ်ဆေးများ၏ ထိရောက်မှုကို သိရှိနားလည်ရန် ဆောင်ရွက်ဆဲဖြစ်ပါသည်။
လက်ရှိရရှိနေသော ကာကွယ်ဆေးများသည် Omicron မျိုးကွဲ ကူးစက်မှုကြောင့် ဖြစ်ပေါ်လာမည့် ပြင်းထန်သောဖျားနာမှု၊ ဆေးရုံတက်ကုသခြင်းနှင့် သေဆုံးမှုများကို ကာကွယ်နိုင်မည်ဟုခန့်မှန်းထားသည်။
COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျှော့ချရန် တစ်ဦးချင်းစီအလိုက် လုပ်ဆောင်ရန် အကြံပြုချက်များမှာ
တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၁ မီတာ အကွာအဝေးနေရန်။
Mask ကို စနစ်တကျတပ်ဆင်ပါ။
လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များဖွင့်ပါ။
လေ၀င်လေထွက်မကောင်းသော သို့မဟုတ် လူစုလူဝေးနေရာများကို ရှောင်ကြဉ်ပါ။
လက်ကို အမြဲသန့်ရှင်းအောင်ထားပါ။
ချောင်းဆိုးခြင်း သို့မဟုတ် နှာချေလိုလျှင် တစ်ရှုး သို့မဟုတ် တံတောင်ဆစ်ကိုကွေး၍ အကာအကွယ်ပြုလုပ်ပါ။
မိမိပတ်ဝန်းကျင်နှင့် မိမိကိုယ်တိုင်အတွက် ကာကွယ်ဆေးထိုးနှံပါ။
Omicron မျိုးကွဲပေါ်ပေါက်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှုန်း မညီမျှခြင်းကို ပြသနေပါသည်။
Sinovac and Sinopharm နှစ်လုံးထိုးပြီးသူ အသက် (၆၀) အထက်လူကြီးများတွင် ၎င်းတို့၏ကိုယ်ခံစွမ်းအား ကိုမြှင့်တင်ရန် တတိယအကြိမ် ကိုလည်း ထပ်မံ ထိုးပေးနိုင်ပါသည်။
ကာကွယ်ဆေးများသည် လူများကို COVID-19 မှကာကွယ်ရန်၊ ကူးစက်မှုနှေးကွေးခြင်းနှင့် မျိုးကွဲအသစ်များပေါ်ထွက်လာနိုင်ခြေကို လျှော့ချရန်အတွက် အကောင်းဆုံးနည်းလမ်း အဖြစ် ဆက်လက်တည်ရှိနေပါသည်။
အပြည့်အဝကာကွယ်ဆေးထိုးထားသော်လည်း ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် နီးကပ်စွာ ထိတွ့ထားသူများသည် (၅)ရက်မှ (7)ရက်အတွင်း ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးရမည်။
ကာကွယ်ဆေးအပြည့်ထိုးထားသူများသည် COVID-19 ပြင်းထန်စွာ ဖျားပြီးသေဆုံးနိုင်သည့် အန္တရာယ်နည်းပါးသော်လည်း COVID-19 နှင့် ကိုက်ညီသောရောဂါလက္ခဏာများ အပြည့်အဝခံစားရသူ မည်သူမဆို မိမိတို့ကိုယ်ကို အခြားသူများနှင့် ခွဲခြားနေသင့်သည်။ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိလည်း စစ်ဆေးသင့်သည်။
COVID-19 နှင့် ကိုက်ညီသော လက္ခဏာများ
အဖျား သို့မဟုတ် ချမ်းခြင်း။
ချောင်းဆိုးခြင်း။
အသက်ရှုကြပ်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း။
ပင်ပန်းနွမ်းနယ်ခြင်း။
ကြွက်သား သို့မဟုတ် ခန္ဓာကိုယ် ကိုက်ခဲခြင်း။
ခေါင်းကိုက်ခြင်း။
အရသာပျောက်ခြင်း သို့မဟုတ် အနံ့ပျောက်ခြင်း
လည်ချောင်းနာခြင်း
နှာပိတ်ခြင်း သို့မဟုတ် နှာရည်ယိုခြင်း။
ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်း။
ဝမ်းပျက်ခြင်း