အခုလို အေးတဲ့အချိန်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များတတ်ပါတယ်။ ပလုပ်ကျင်းဆေးရည် အသုံးပြုခြင်းက ခံတွင်းနှင့် လည်ချောင်းရှိ ဗိုင်းရပ်စ် ပိုးနှင့် ဘက်တီးရီးယားပိုးတို့ကို သေစေနိုင်တဲ့ အတွက်ကြောင့် ၎င်းပိုးမွှားတို့ကြောင့် ဖြစ်သော 


  • ခံတွင်း‌‌ရောင်ခြင်း၊ 

  • သွားဖုံးရောင်ခြင်း၊ 

  • လည်ချောင်းနာခြင်း၊

  • အာသီးရောင်ခြင်း 

  • ခံတွင်း၌ အနာများဖြစ်ခြင်း 

  • နှာစေး၊ချောင်းဆိုး တုပ်ကွေးမိခြင်းတို့ကို ကုသရာတွင် လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ 


ထို့ပြင် အာသီးဖြတ်ခြင်းနှင့် ခံတွင်းခွဲစိတ်မှုများ၊ သွားနှုတ်ခြင်းတို့တွင် ပိုးမဝင်စေရန် ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ ခံတွင်း သန့်ရှင်း၍ အနံ့ဆိုးများ ပျောက်ကင်းရန် နေ့စဉ် ပုံမှန် အသုံးပြုနိုင်ပါတယ်။


အသုံးပြုရန်အညွှန်း
  • ခံတွင်းနှင့် လည်ချောင်း ပိုးဝင်ခြင်း အတွက် ဆေးရည်ကို ရေမရောဘဲ သင့်တော်သောပမာဏဖြင့် စက္ကန့် (၃၀) ကြာအောင် ပလုတ်ကျင်းပါ။

  • တစ်နေ့လျှင် ၆ကြိမ် မှ ၈ကြိမ် အထိ အသုံးပြုနိုင်ပါသည်။

  • ခံတွင်းသန့်ရှင်းစေရန် ဆေးရည် (၁) ဆ အား ရေ (၂) ဆနှင့် ရော၍ အသုံးပြုနိုင်ပါသည်။