ပန်းနာရင်ကျပ်ဝေဒနာရှင်များအတွက် ဆောင်းရာသီဟာ တစ်နှစ်တာ၏ အခက်ခဲဆုံးအချိန်ဖြစ်ပါတယ်။ အေး၍ ခြောက်သွေ့သောလေနှင့် ရာသီအကူးအပြောင်း ကာလတွင် အသက်ရှုလမ်းကြောင်းကို ပိုထိခိုက်စေတဲ့ အတွက်ကြောင့် ချွဲပိုထွက်စေပြီး အအေးမိခြင်းနှင့် တုပ်ကွေးတွေပါ ဖြစ်လာနိုင်ပါတယ်။ ဆောင်းရာသီ၏ အလှကို ရောဂါလက္ခဏာမပြင်းထန်ဘဲ အေးချမ်းစွာ ခံစားချင်ရင်တော့ ဤဆောင်းပါးကို အဆုံးထိ ဖတ်ရှုလိုက်ပါ။
ဆောင်းရာသီမှာ ပန်းနာရင်ကျပ်က ဘာကြောင့် ပိုဆိုးလာတာလဲ။
ဆောင်းရာသီတွင် ပန်းနာရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သည့် အကြောင်းရင်းများစွာတွေကတော့
(၁) ခြောက်သွေ့ပြီး အေးမြသော လေကြောင့်
အေးပြီး ခြောက်သွေ့သောလေက အသက်ရှုလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး ချွဲများပိုထွက်စေတဲ့အတွက်ကြောင့် ပန်းနာရင်ကျပ်ကို ပိုဆိုးစေပါတယ်။
(၂) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ရောဂါများကြောင့်
အပြင်မှာ အေးလာတဲ့အခါ အအေးမိခြင်း နှင့် တုပ်ကွေးတို့ ဖြစ်လာနိုင်ပြီး အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်လာနိုင်ပါတယ်။ ထို့သို့ ပိုးဝင်လာပြီဆိုလျှင် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။
(၃) ရင်ဘတ်ပိုးဝင် နိုင်ခြင်းကြောင့်
ဆောင်းရာသီမှာ ရင်ဘတ်ပိုးဝင်တာက အဖြစ်များပြီး ပန်းနာရင်ကျပ်ရှိနေတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ ရင်ဘတ်ပိုးဝင်ခြင်းက အသက်ရှုလမ်းကြောင်းကို ရောင်ရမ်းစေသောကြောင့် ပန်းနာရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ရင်ဘက်ပိုးဝင်ခြင်းကို ကာကွယ်ရန် အအေးမိခြင်းနှင့် တုပ်ကွေးရောဂါတို့ မဖြစ်အောင် အထူးဂရုစိုက်ပါ။
(၄) လေ့ကျင့်ခန်း
ပန်းခြံထဲမှာ လမ်းလျှောက်တာက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဟုတ်။ သေချာတာပေါ့ ဒါပေမယ့် အေးတဲ့လေကို ရှူရှိုက်မိရင်းနဲ့ ချောင်းဆိုးပြီး အသက်ရှူမဝတာလိုမျိုး လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဆောင်းရာသီမှာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာများက အခြားလများထက် ကွဲပြားပါသလား
ယေဘုယျအားဖြင့်တော့ တူတူလောက်ပါပဲ။ ကွာခြားချက်ကတော့ ရောဂါလက္ခဏာများဟာ ပုံမှန်ထက် ပိုဆိုးနေပြီး သက်သာအောင်လုပ်ရန် ခက်ခဲခြင်း (သို့) မကြာခဏ ဖြစ်ပွားလေ့ ရှိခြင်းတို့ပဲ ဖြစ်ပါတယ်။ ထိုလက္ခဏာတွေကတော့
ရင်ဘတ်အောင့်ခြင်း
ချောင်းဆိုးခြင်း
အသက်ရှုကြပ်ခြင်း
ရင်ဘတ်ထဲတွင် တင်းကျပ်ခြင်း
ဘယ်လိုကာကွယ်မလဲ
ရေများများသောက်ပါ။ ခန္ဓာကိုယ်ရေဓာတ်ပြည့်နေဖို့က အရေးကြီးပါတယ်။
အအေးမိတုပ်ကွေးကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကာကွယ်ရန် လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပေးပါ။
အပြင်သွားတဲ့အခါ နွေးနွေးထွေးထွေးဝတ်ပါ။ လည်ပတ်၊ လက်အိတ်နှင့် အနွေးထည်အပိုတစ်ထည်ကို ကားထဲမှာ ထည့်ထားပါ။
ဆောင်းရာသီ တုပ်ကွေး ကာကွယ်ဆေးထိုးထားပါ။
အသက်ရှုစက် (inhaler) ကို အမြဲဆောင်သွားပါ။
အပြင်မှာ လေ့ကျင့်ခန်းလုပ်လေ့ရှိရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ လုပ်ပါ။
ညဘက်တွေမှာ အိမ်တွင်းအစိုဓာတ်ထိန်းစက် (humidifier) ကို ဖွင့်ထားပါ။
ဆရာဝန် ညွှန်ထားတဲ့ ပန်းနာရင်ကျပ်ဆေးများကို နေ့စဉ် ပုံမှန်သောက်ပါ။