နေ့စဉ်ဓူ၀ အမှုမဲ့ အမှတ်မဲ့ လုပ်လိုက်တဲ့ အပြုအမူလေးတွေက အချိန်ကြာလာတာနှင့် အမျှ ကျောက်ကပ် ထိခိုက်နိုင်တယ်ဆိုတာ သင်သိပါသလား ?


ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့ သွေးတွေကို သန့်စင်အောင် စစ်ထုတ်ပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို ထောက်ပံ့ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်း ထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် သင့်ကျောက်က‌ပ်လေး ကျန်းမာနေဖို့က အရမ်းကို အရေးကြီးလှပါတယ်။ 


အသက်တမျှ အရေးကြီးတဲ့ ကျောက်ကပ်လေး မပျက်စီးစေဖို့ ဘယ်လို အပြုအမူတွေကို ဆင်ခြင်သင့်လဲ ဆိုလျှင်တော့…


(၁) အကိုက်အခဲ ပျောက်ဆေး အလွန်အကျွံ သောက်ခြင်း


လိုအပ်တာထက် ပိုပြီး အကိုက်အခဲ ပျောက်ဆေးတွေ မကြာခဏသောက်ခြင်းက ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနှင့် အမျှ ကျောက်ကပ် ပျက်စီးသွားနိုင်ပါတယ်။


(၂) ရေအလုံအလောက် မသောက်ခြင်း


ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးတဲ့နေရာမှာ အကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာ ကျောက်မတည်နေအောင် တားဆီးပေးနိုင်ပါတယ်။ 


(၃) အငန်တွေ အရမ်းစားခြင်း


ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်တွေ အရမ်းများလာပြီဆိုလျှင် သွေးပေါင်တက်လာပြီး သွေးတိုးနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်က သန့်စင်နိုင်စွမ်းမရှိတော့တဲ့ အတွက်ကြောင့် ပျက်စီးလာနိုင်ပါတယ်။ 


(၄) အသားတွေကိုပဲ စားခြင်း


အသား (ပရိုတင်း) တွေက သွေးထဲမှာ အက်ဆစ် ပမာဏကို မြင့်တက်စေပါတယ်။ ကျောက်ကပ်က အက်ဆစ်ကို လုံလောက်စွာ မဖယ်ရှားနိုင်တဲ့ အတွက်ကြောင့် ထိခိုက်လာနိုင်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေပေမယ့် အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်တို့ကိုလဲ ညီမျှအောင် စားသုံးဖို့ လိုအပ်ပါတယ်။



(၅) ဆီးသွားချင်တာကို မသွားဘဲ အောင့်ထားခြင်း


အပျင်းကြီးပြီး ဆီးသွားချင်တာကို ချက်ချင်းထ မသွားဘဲ အချိန်တွေအကြာကြီး အောင့်ထားမယ်ဆိုလျှင် ကျောက်ကပ်မှာ ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏ ဆီးသွားချင်တာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။


(၆) အချိုနဲ့သရေစာတွေ အလွန်အကျွံစားသုံးခြင်း


အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေ အလွန်အကျွံစားတာကလည်း ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။


(၇) အရက်နဲ့ဆေးလိပ် အရမ်းသောက်ခြင်း


အရက်နဲ့ဆေးလိပ်သောက်ခြင်းက အဆုတ်ကိုထိခိုက်စေနိုင်သလို နာတာရှည် ကျောက်ကပ်ရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်နဲ့ အရက်သောက်လို့ ကောင်းကျိုးဆိုတာ မရှိပါဘူး။ ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မရှောင်နိုင်ရင်တော့ လျှော့သောက်သင့်ပါတယ်။ 


(၉) လှုပ်ရှားမှု မရှိဘဲ အထိုင်များခြင်း


အထိုင်များတဲ့သူတွေက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

အထိုင်လဲများမယ် လေ့ကျင့်ခန်းလဲ မလုပ်ဘူးဆိုရင်တော့ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေ ဖြစ်စေနိုင်ပါတယ်။ 


(၁၀) ညဘက် ကောင်းကောင်း မအိပ်ခြင်း


ညဘက်မှာ အိပ်ရေး၀အောင် မအိပ်ဘူး (သို့) အိပ်ချိန်မလုံလောက်ဘူးဆိုလျှင် သွေးလှည့်ပတ်မှု မ ကောင်းတော့ဘဲ ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် နဲ့ အိပ်ရေး၀အောင် အိပ်ဖို့က သင့်ကျန်းမာရေးအတွက် အရမ်းအရေးကြီးလှ ပါတယ်။