Remdesivir ထိုးဆေးဟာ Covid-19 အတွက် သုံးတယ်ဆိုပေမယ့် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားနေရသော ဆေးရုံတက်နေရတဲ့ လူနာတွေမှာပဲ အသုံးပြုပါတယ်။ Remdesivir သည် antivirals ဟုခေါ်သော ဆေးအမျိုးအစားထဲတွင် ပါဝင်ပြီး ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်မပြန့်ပွားအောင် တားဆီးပေးပါတယ်။ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ ထိုးသင့်သော ဆေးဖြစ်ပါတယ်။
Remdesivir ကို သုံးဖို့ လိုအပ်ပြီ ဆိုလျှင် Covid-19 ကူးစက်ခံရတဲ့နေ့မှစ၍ (၁၀)ရက် အတွင်း ထိုးသင့်ပါတယ်။ (၁၀)ရက် ကျော်သွားလျှင် ဆေး၏ အစွမ်းသတ္တိ လျှော့နည်းသွားပါတယ်။ ဆေးကို စသုံးပြီဆိုတာနဲ့ (၆)လုံး ပြည့်အောင် ထိုးသင့်ပါတယ်။
Remdesivir ထိုးဆေးသည် ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်စေနိုင်သည့်အတွက် ဆရာဝန် သို့မဟုတ် သူနာပြုသည် ဆေးထိုးနေစဉ် နှင့် ဆေးထိုးပြီးနောက် ဂရုတစိုက် စောင့်ကြည့်ပေးလိမ့်မည် ဖြစ်ပါတယ်။
ဆေးထိုးပြီးနောက်
ချမ်းတုန်ခြင်း
ပျို့အန်ခြင်း
ချွေးအရမ်းထွက်ခြင်း
မတ်တပ်ရပ်လျှင် မူးဝေခြင်း
ခေါင်းအရမ်း ကိုက်ခြင်း
အသက်ရှူကြပ်ခြင်း
ပုံမှန်မဟုတ်သော နှလုံးခုန်မြန်ခြင်း (သို့) နှေးခြင်း
ဆေးထိုးထားသည့်နေရာတွင် ရောင်ရမ်းခြင်း
မျက်နှာ၊ လည်ချောင်း၊ လျှာ၊ နှုတ်ခမ်း၊ မျက်လုံးများ ရောင်ရမ်းခြင်း တို့ ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူပါ။
ဆေးမထိုးခင် ဘာတွေ သတိထားရမလဲ ?
ဆေးမထိုးမှီ ဓာတ်မတည့်သော ဆေးများ၊ သောက်နေသော (သို့) သောက်ရန်စီစဉ်ထားသော ဆေးများ၊ ဗီတာမင်များ၊ အာဟာရဖြည့်စွက်စာများနှင့် တိုင်းရင်းဆေးများကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား ပြောပြပါ။ အသည်း (သို့) ကျောက်ကပ်ရောဂါ ရှိခဲ့လျှင်၊ ကိုယ်ဝန်ရှိနေလျှင်၊ ကလေးယူဖို့ အစီအစဉ်ရှိလျှင်၊ နို့တိုက်မိခင်ဖြစ်နေလျှင် ဆရာဝန်အား အသိပေးပါ။
chloroquine (သို့) hydroxychloroquine ဆေးနှစ်မျိုးစလုံးသည် remdesivir ၏ထိရောက်မှုကို နည်းစေတဲ့အတွက်ကြောင့် ထိုဆေးများသောက်နေပါက ဆရာဝန်အား မဖြစ်မနေ ပြောပြဖို့ လိုပါတယ်။
အထက်ဖော်ပြပါ Remdesivir ကို အသက်သာဆုံး စျေးနှုန်းဖြင့် My-Medicine မှာ ဆရာဝန်၏ ဆေးစာပြပြီး ဝယ်ယူလို့ ရပါပြီ။ လက်ကားလည်း ဝယ်လို့ရပါတယ်။
အခြားသော ကျန်းမာရေး ပြဿနာများကို My-Medicine မှ ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့် ပြသလိုပါက ဆွေးနွေးခ (၅ဝဝဝကျပ်)သာ ကျမှာဖြစ်ပြီး ဤလင့်ခ်ကို နှိပ်၍ www.mymedicine.com.mm ဆေးကုသမှု ခံယူနိုင်ပါပြီ။ ထို့အပြင် ဖုန်းနံပါတ် 09-980-635-588 ကို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်သလို ဆေးဝါးများ မှာယူလို့လည်း ရပါသည်။ တစ်နိုင်ငံလုံး အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးနေပါပြီ။