Covid-19 ကာလမှာ နာမည်ကြီးခဲ့တဲ့ Dexamethasone ထိုးဆေး ဆိုတာ အရောင်ကျစေသော စတီးရွိုက်အနွယ်ဝင် တစ်မျိုးဖြစ်ပါတယ်။ အများကတော့ အရေးပေါ် အသက်ကယ်ဆေးအဖြစ် သိထားကြပါတယ်။ Covid-19 ကုသရာမှာတင် သုံးတာမဟုတ်ဘဲ အခြားရောဂါများ အတွက်လည်း အသုံးပြုလို့ ရပါတယ်။ 


အသုံးပြုနိုင်သော ရောဂါများ


  • အဆစ်အမြစ်ရောင်ရမ်းခြင်း

  • သွေး/ဟော်မုန်း နှင့် ဆိုင်သော ရောဂါများ 

  • ဓာတ်မတည့်မှုများ 

  • အရေပြားနှင့် ဆိုင်သော ရောဂါများ 

  • မျက်လုံး ပြဿနာများ

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ 

  • အူလမ်းကြောင်းဆိုင်ရာ ရောဂါများ  

  • ရုတ်တရက် ခန္ဓာကိုယ် ရှော့ခ် ရခြင်း

  • ကင်ဆာနှင့် ကိုယ်ခံအားနည်းတဲ့ ရောဂါတွေမှာ ကုသရန် အသုံးပြုပါသည်။ 


ရောင်ရမ်းခြင်းနှင့် ဓာတ်မတည့်မှုမှာ အဓိက သုံးပါတယ်။ ပါးစပ်မှ ဆေးမသောက်နိုင်တဲ့သူ (သို့) တုံ့ပြန်မှု မြန်မြန် လိုအပ်တဲ့ အရေးပေါ် လူနာများတွေမှာ ဒီထိုးဆေးကို အများဆုံး အသုံးပြုကြပါတယ်။ 


ဤဆေးကို အသုံးမပြုမှီ ဆရာဝန်နှင့် သေချာတိုင်ပင်သင့်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်ပါမှ ထိုးသင့်သော ဆေးဖြစ်ပါတယ်။ မလိုအပ်ဘဲ ကိုယ့်သဘောနဲ့ကို မထိုးရပါဘူး။ 


ဘယ်လိုထိုးလဲ 


Dexamethasone ထိုးဆေးကို ကြွက်သားထဲသို့ ထိုးခြင်း (သို့) သွေးကြောထဲသို့ သွင်းခြင်း ဆိုပြီး (၂)မျိုး သုံးလို့ ရပါတယ်။ ထိုးဆေး ထိုးပြီးနောက် ပြဿနာတစ်စုံတစ်ရာရှိပါက ဆရာဝန်နှင့် ချက်ချင်း ပြသင့်ပါတယ်။ 


ဘေးထွက်ဆိုးကျိုးများ 


ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိပါတယ်။ 


  • ခေါင်းကိုက်ခြင်း

  • အနာကျက် နှေးခြင်း

  • အသားအရေ ခြောက်သွေ့တတ်ခြင်း

  • အိပ်ပျော်ရန်ခက်ခဲခြင်း 

  • စိတ်ခံစားချက် ပြောင်းလဲလွယ်ခြင်း 

  • စိတ်ဓာတ်ကျတတ်ခြင်း

  • ချွေးထွက်များလာခြင်း

  • ကြွက်သားများ အားနည်းလာခြင်း 

  • ရာသီထိန်တတ်ခြင်း 

  • အစာစားချင်စိတ် မကြာခဏ ဖြစ်ခြင်း 

  • အရိုးပွခြင်း တို့ဖြစ်တတ်ပါတယ်။ 


ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်နိုင်ပါတယ်။ အထက်ပါ လက္ခဏာများမသက်သာပါက (သို့) ပိုဆိုးလာပါက ဆရာဝန်နှင့် ချက်ချင်း ဆက်သွယ်ပါ။ 


ဤဆေးကိုအသုံးပြုနေစဉ် ပုံမှန်မဟုတ်သောပြဿနာများရှိပါက သင့်ဆရာဝန်ထံ ဖုန်းဆက်ပါ။