လူအများစုမှာက COVID-19 ဆိုလျှင် ဖျားခြင်း၊ အသက်ရှူရခက်ခြင်း၊ အနံ့အရသာ ပျောက်ခြင်း၊ မောပန်းခြင်း စတဲ့ လက္ခဏာများ နှင့် ရင်းနှီးကြပါတယ်။
ဒါပေမယ့် လူတချို့မှာတော့ အဲ့လက္ခဏာများအပြင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်သွားတယ် ဆိုတာကိုရော ကြားဖူးကြပါသလား။
ဒါကြောင့် ဆရာဝန်ကြီးများက Covid-19 ကူးစက်ခံရပြီးနောက် နောက်ဆက်တွဲဖြစ်တဲ့ စိတ်ဝေဒနာ ခံစားနေရတဲ့ လူနာများကို သုတေသန ပြုလုပ်နေကြပါတယ်။
စိတ်ဝေဒနာတွင် ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ ကစဉ့်ကလျား ဖြစ်ခြင်း၊ ဗလုံးဗထွေးပြောခြင်း၊ ဂယောင်ခြောက်ခြား ဖြစ်ခြင်း၊ ဇဝေဇဝါ ဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း စတဲ့ လက္ခဏာများ ပါဝင်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ အဲ့ဒီလို ဖြစ်ရခြင်းက ဗိုင်းရပ်စ်ပိုး ဝင်လာရင် လှုံဆော်တဲ့ ကိုယ်ခံအားရဲ့ တုံ့ပြန်မှုကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။
ခန္ဓာကိုယ်မှ ကိုယ်ခံအားကို လှုံ့ဆော်မိရင် neurotoxins (နျူရိုတောက်ဆင်) လို့ခေါ်တဲ့ အဆိပ်ဓာတ်ဖြစ်စေတဲ့ အရာက ဦးနှောက်ထဲရောက်သွားပြီး ပျက်စီးစေတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ကိုယ်ခံအားက ဦးနှောက်ရဲ့ ဘယ်အပိုင်းမှာ သက်ရောက်တယ်ဆိုတဲ့ အပေါ်မူတည်ပြီး တစ်ယောက် နှင့် တစ်ယောက် လက္ခဏာတွေ ကွာသွားပါတယ်။
အသက် (၃၀) နှင့်နောက်ပိုင်းတွင် COVID-19 ကူးစက်ခံရပြီးနောက် စိတ်ဝေဒနာ ခံစားနိုင်ရကြောင်း အကြမ်းဖျင်း တွေ့ရှိထားပါသည်။
လူတိုင်းတွင် ဖြစ်တတ်သော လက္ခဏာမျိုး မဟုတ်သော်လည်း လူနာ၏ မိသားစုဝင်များအနေနှင့် လူနာသည် တစ်ယောက်တည်း စကားပြောနေခြင်း၊ မမြင်ရတဲ့ တယောက်ယောက်နှင့် အပြန်အလှန် ပြောနေခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ရန်လိုနေခြင်း၊ မိသားစုနှင့် သူငယ်ချင်းများကို စွန့်ခွာခြင်းတို့ ရှိ မရှိ စောင့်ကြည့်သင့်ပါသည်။
အကယ်၍ အထက်ပါ လက္ခဏာများနှင့် ကြုံတွေ့နေရလျှင် My-Medicine မှ ကျွမ်းကျင်သော အထူးကု ဆရာဝန်ကြီးများနှင့် Online မှတစ်ဆင့် ရက်ချိန်းရယူ ပြသဆွေးနွေးကာ ကုသမှုများ ရရှိနိုင်ပါပြီ။
(Source: http://advisory.com/eehealth.org)