မင်္ဂလာဦးအကြို ကျန်းမာရေး စစ်ဆေးမှုတွင် အောက်ပါတို့ ပါဝင်ပါသည်။

  1. လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ (HIV, အသည်းရောင် အသားဝါ B ပိုး C ပိုး, ကာလသားရောဂါ နှင့် အခြား STDs ရောဂါများ - ဥပမာ ဆီးပူညောင်းကျရောဂါ၊ Chlamydia…)

  2. Complete blood count (CBC)

  3. သွေးအုပ်စု ခွဲခြားခြင်း (ABO & Rh)

  4. သွေးအားနည်းရောဂါရှိ မရှိ

  5. G6PD ရှိ မရှိ

ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့လျှင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်ပါတယ်။

ဒါမှမဟုတ် လုံးဝမပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့လျှင်တော့ အကာအကွယ်သုံးပြီး ပေါင်းသင်း နေထိုင်သင့်ပါတယ်။ နှစ်ဦးစလုံးမှာ မျိုးရိုးလိုက်တဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ) ရှိခဲ့လျှင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

စစ်ဆေးမှုတွေ လုပ်ပြီးပြီဆိုလျှင်တော့ ကာကွယ်ဆေးထိုးလို့ရတဲ့ ရောဂါတွေကို ကြိုတင်ပြီး ကာကွယ်ဆေးထိုးထား သင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလည်းထိုးပေးပါ။

ထို့အပြင် ဘယ်လိုသားဆက်ခြားနည်းကို အသုံးပြုရမလဲဆိုတာ ဆရာဝန်တွေနဲ့ ဆွေးနွေးထားတာမျိုးလည်း ရှိပါစေနော်။

သို့မှသာ ပျော်ရွှင်ပြီး သာယာသော မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

My Medicine မှ ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့် ပြသလိုပါက ဆွေးနွေးခ (၅ဝဝဝကျပ်)သာ ကျမှာဖြစ်ပြီး ဤလင့်ခ်ကို နှိပ်၍ www.mymedicine.com.mm ဆေးကုသမှု ခံယူနိုင်ပါပြီ။ ထို့အပြင် ဖုန်းနံပါတ် 09-980-635-588 ကို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်သလို ဆေးဝါးများ မှာယူလို့လည်း ရပါသည်။