သင်နှင့် အတူနေပါတနာများအတွက် COVID-19 ဗိုင်းရပ်စ်ပြန့်ပွားနိုင်ချေ အန္တရာယ် ဘယ်လောက်ရှိနိုင်သလဲ။ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေကို သင်ဘယ်လိုလျှော့ချနိုင်မလဲ။


COVID-19 ဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်ရန် ဘေးအကင်းဆုံး လိင်ဆက်ဆံဖော်ကတော့ သင်နှင့်အတူရှိနေထိုင်သူဖြစ်ပြီး ကူးစက်ခံရနိုင်ချေနည်းသောသူပဲ ဖြစ်ပါတယ်။


သင့်ကိုယ်သင်မေးထားသင့်တဲ့ မေးခွန်းတွေကတော့:


သင်နှင့် သင့်အိမ်ထောင်ဖက်/ ပါတနာဟာ တစ်အိမ်ထဲအတူနေသူများဖြစ်ပြီး အခြားပါတနာများမရှိပါက လိင်ဆက်ဆံရန် ဘေးကင်းရဲ့လား။


သင်နှင့် သင့်ပါတနာတို့က နေထိုင်ကောင်း၊ ကျန်းမာပြီး လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေအားလုံးကို လိုက်နာထားပါက လိင်ဆက်ဆံခြင်းဟာ ဘေးဖြစ်စေမှာမဟုတ်ပါဘူး။



သင့်အိမ်ထောင်ဖက်/ ပါတနာက social distancing မလုပ်နိုင်တဲ့ အလုပ်လုပ်ရနေရတဲ့အခါ လိင်ဆက်ဆံဖို့ ဘေးကင်းရဲ့လား။


ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုပေးသူများ၊ ကုန်စုံဆိုင်ဝန်ထမ်းများ (သို့) စက်ရုံအလုပ်သမားများကဲ့သို့ လူ‌တွေနဲ့ ထိတွေ့ရတဲ့ အလုပ်လုပ်ရတဲ့အခါ သင့်ပါတနာဟာ အိမ်ပြန်ရောက်တဲ့အခါ အခြားအိမ်သူအိမ်သားများထံမှ သီးခြားခွဲနေနိုင် သို့မဟုတ် အခြားအပို အကာအကွယ်များကို ပြုလုပ်နိုင်ပါတယ်။



သင်နှင့် သင့်ပါတနာ နှစ်ဦးစလုံးကို စစ်ဆေးတဲ့အခါ COVID-19 positive ဖြစ်နေလျှင် ကိုဗစ်ကို immune ဖြစ်သွားပြီလား၊ လိင်ဆက်ဆံဖို့ ဘေးကင်းသွားပြီလား။ 


သင်နှင့် သင့်ပါတနာ နှစ်ဦးစလုံးဟာ သင်ကိုယ်တိုင်နှင့် အခြားသူများကို ကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်မှု လုံခြုံရေးလမ်းညွှန်ချက်များကို လိုက်နာနေသရွေ့လိင်ဆက်ဆံခြင်းဟာ အန္တရာယ်မရှိနိုင်ပါဘူး။



ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး COVID-19 ဖြစ်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် test မစမ်းသပ်ဖြစ်ခဲ့တာကြောင့် မသေချာတဲ့အခါ သင့်ပါတနာနှင့် လိင်ဆက်ဆံဖို့ ဘေးကင်းရဲ့လား။


သင့်ရဲ့ ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး COVID-19 virus ရှိခဲ့တယ်လို့ထင်လျှင် antibody test ဖြင့် အရင်ကရောဂါပိုးရှိခဲ့သလားဆိုတာကို အတည်ပြုသင့်ပါတယ်။


COVID-19 ဗိုင်းရပ်စ်အတွက် positive antibody စမ်းသပ်မှုရလဒ်ဟာ ဗိုင်းရပ်စ်အရင်ကရှိခဲ့တာကို ညွှန်ပြနိုင်သော်လည်း ၎င်းသည် သင့်အားပြန်လည်ကူးစက်ခြင်းမှ ကာကွယ်နိုင်လိမ့်မယ်လို့ မဆိုလိုပါဘူး။  ဆိုလိုသည်မှာ သင်နှင့် သင့်ပါတနာတို့ဟာ သင်ကိုယ်တိုင်နှင့် အခြားသူများကို ကာကွယ်ရန် ကြိုတင်ကာကွယ်မှု လုံခြုံရေးလမ်းညွှန်ချက်များကို လိုက်နာပြီး CDC ရဲ့ အခြားသူများကို မကူးစက်နိုင်တာကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီနေသရွေ့ လိင်ဆက်ဆံရာမှာ အန္တရာယ်‌ရှိနိုင်မှာ မဟုတ်ပါဘူး။


COVID-19 antibodies test အတွက် negative ထွက်ပါက သင့်မှာ အရင်တုန်းက ဗိုင်းရပ်စ်မကူးစက်ဖူးတာ ဒါမှမဟုတ် မကြာသေးခင်ကမှ ကူးစက်ခံထားရတာ ဖြစ်နိုင်ပါတယ်။ သင်နေမကောင်းဖြစ်နေလျှင် သို့မဟုတ် စပြီး နေမကောင်းဖြစ်တယ်လို့ ခံစားနေရလျှင်ပင် နမ်းခြင်း၊ လိင်ဆက်ဆံခြင်း (သို့) အခြားသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ပါ။




သင့်ပါတနာမှာ COVID-19  ဗိုင်းရပ်စ်ရှိမရှိနှင့် ပတ်သက်ပြီး မသေချာဖြစ်နေလျှင် သင့်အတွက် ကူးစက်နိုင်ချေကို လျော့နည်းစေပြီး  လုံခြုံစိတ်ချရစွာ လိင်ဆက်ဆံနိုင်ရန်အတွက် အောက်ပါအချက်များကို လိုက်နာနိုင်ပါတယ်:

  • နမ်းခြင်းကို ရှောင်ပါ။

  • Face mask သို့မဟုတ် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားတဲ့ cloth face covering ကို ဝတ်ဆင်ပါ။ သင့်ပါတနာကိုလည်း ဝတ်ခိုင်းပါ။

  • လိင်ဆက်ဆံနေစဉ် တံတွေး၊ သုတ်ရည်၊ မစင်တို့နှင့် ထိတွေ့မှုကိုလျှော့ချရန် ကွန်ဒုံးများ သို့မဟုတ် dental dam များကို သုံးပါ။



COVID-19 positive ဖြစ်ခဲ့ပေမယ့် အခုပြန်ကောင်းလာပြီဆိုလျှင် သင့်ပါတနာနှင့် ဘယ်တော့လိင်ဆက်ဆံနိုင်မလဲ။

လိင်မဆက်ဆံခင်မှာ အောက်ပါအချက်တွေကို သေချာအောင်အရင်လုပ်ပါ:

  • အဖျားကျဆေးသောက်စရာမလိုဘဲ သုံးရက်လုံးလုံး မဖျားတော့ခြင်း

  • အခြားရောဂါလက္ခဏာများ သက်သာလာခြင်း (ဥပမာ - ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူကြပ်ခြင်းများ သက်သာလာခြင်း)

  • ရောဂါလက္ခဏာများစဖြစ်တဲ့ 10 ရက် ကျော်သွားခြင်း။

ဒီသုံးချက်လုံးဖြစ်ပြီးသွားလျှင် သင့်ကိုယ်သင် recovered ဖြစ်တယ်လို့ ယူဆလို့ရပြီး သင့်ပါတနာနှင့် လိင်ဆက်ဆံဖို့ ဘေးကင်းသွားပါပြီ။



သင်ဟာ အသက်ကြီးသူ သို့မဟုတ် ရောဂါအခံရှိသူဖြစ်ပါက လိင်ဆက်ဆံခြင်းနှင့် ပတ်သက်ပြီး ဘယ်လိုလုပ်သင့်လဲ။

သင်ဟာ အသက်ကြီးသူ (65နှစ်နှင့်အထက်) ဖြစ်လျှင် သို့မဟုတ် ရောဂါအခံရှိသူဖြစ်ပါက COVID-19 ဗိုင်းရပ်စ်ကြောင့် ပြင်းထန်စွာ ဖျားနာမှုအန္တရာယ်ကို ခံစားရနိုင်ပါတယ်။ တတ်နိုင်သရွေ့ အခြားသူများနှင့်အဝေးမှာနေခြင်း သို့မဟုတ် အိမ်မှာပဲနေခြင်း အပါအဝင် ကြိုတင်ကာကွယ်မှုလမ်းညွှန်များအားလုံးကို လိုက်နာပါ။


အိမ်အပြင်တွင် အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှာနေခြင်း၊ လက်မကြာခဏဆေးခြင်းနှင့် အပြင်သွားတဲ့အခါ face mask တပ်ခြင်းတို့ရဲ့ အရေးပါပုံကို သင့်ပါတနာနှင့် ဆွေးနွေးပါ။


PrEP၊ ကွန်ဒုံးနှင့် အခြားလုံခြုံစိတ်ချရသော လိင်အကြောင်းအရာများကို သင်ဆွေးနွေးခဲ့သကဲ့သို့ COVID-19 အန္တရာယ်အချက်များအကြောင်းကို ဆွေးနွေးပါ။  လိင်ဆက်ဆံခြင်းမပြုမီ COVID-19 အကြောင်း သင့်ပါတနာကို မေးမြန်းပါ။



သင့်မှာ COVID-19 positive တွေ့လျှင် သို့မဟုတ် ဗိုင်းရပ်စ်ရှိနေတယ်လို့ သံသယဖြစ်ပေမယ့် test မလုပ်ရသေးပါက သင့်နှင့်လိင်ဆက်ဆံဖူးသော ပါတနာများကို ဆက်သွယ်ပြီး အောက်ပါအချက်များကို ဆောင်ရွက်သင့်ကြောင်း အကြောင်းကြားပါ:

  • သင်နှင့် နောက်ဆုံးထိတွေ့ခဲ့ချိန်မှ 14ရက်အထိ အိမ်မှာနေပြီး အခြားသူများနှင့် အနည်းဆုံး 6ပေအကွာတွင် နေပါ။

  • self-monitor for symptoms, including fever, cough and shortness of breath and check temperature twice a day.

  • အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူကြပ်ခြင်း အပါအဝင် ရောဂါလက္ခဏာများအတွက် မိမိကိုယ်ကိုစောင့်ကြည့်ပြီး တစ်နေ့လျှင်နှစ်ကြိမ် ကိုယ်အပူချိန်စစ်ဆေးပါ။

သင့်ပါတနာဟာ ပြင်းထန်စွာ နာမကျန်းဖြစ်နိုင်ချေ ပိုမြင့်မားသောလူများနှင့် ထိတွေ့ခြင်းကို ရှောင်ရှားသင့်ပြီး ရောဂါလက္ခဏာများခံစားလာရပါက CDC လမ်းညွှန်ချက်အတိုင်း လိုက်နာသင့်ပါတယ်။