Coronavirus ကပ်ရောဂါဟာ ကျွန်ုပ်တို့ရဲ့ ဘ၀ကို အနှောင့်အယှက်ပေးပြီး ပြောင်းလဲစေခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ COVID-19 ကူးစက်ခံရတဲ့ လူနာ‌အတော်များများ ဆေးရုံတက်ရတဲ့အခါ အသည်းရဲ့ လုပ်ဆောင်မှုများ ဖရိုဖရဲဖြစ်နေတာကို စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ ဤစမ်းသပ်မှုရလဒ်တွေဟာ COVID-19 ကူးစက်မှုကြောင့် အသည်းဆဲလ်များပျက်စီးခြင်း (သို့) ၎င်းကိုကုသရန် အသုံးပြုသောဆေးများရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။


သတင်းကောင်းတစ်ခုကတော့ အဆိုပါ ထိခိုက်ပျက်စီးမှုများသည် ယာယီသာဖြစ်ပြီး ရောဂါမှ ပြန်လည်ကောင်းမွန်လာသည်နှင့်အညီ အသည်းသည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။


ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါတွေက COVID-19 ကူးစက်ခံရသူများတွင် ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနှင့် သေဆုံးနိုင်ခြေကို မြင့်တက်စေသော်လည်း အသည်းအဆီဖုံးခြင်းကဲ့သို့သော အဖြစ်များတဲ့ အသည်းရောဂါတွေက ပြင်းထန်စွာ COVID ကူးစက်မှုခံစားရနိုင်ခြေကို မမြင့်တက်စေပါ။  သို့သော် အသည်းရောင်ရောဂါအဖြစ်မျိုး၌ ဤပြင်းထန်စွာအသည်းပျက်စီးမှုသည် သေဆုံးမှုကို ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ပါတယ်။



လုပ်ဆောင်သင့်သော အချက်များ


အသည်းရောဂါ အပါအ၀င် လက်ရှိကျန်းမာရေးအခြေအနေများကို မှန်ကန်စွာကုသမှုပေးခြင်းဖြင့် COVID 19 အား ပြင်းထန်စွာခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။ ထို့ကြောင့် ဆရာဝန်များမှ မတားမြစ်သေးသရွေ့ မိမိအား ကျန်းမာရေးစောင့်ရှောက်မှုပေးသူ တိုက်သည့်ဆေးများကို ဆက်လက်သောက်ရမည်ဖြစ်ပါတယ်။



သင့်အသည်းကျန်းမာရေးအတွက် သတိပြုရမည့်အချက်များ


  • အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။  အရက်သောက်ခြင်းသည် သင့်အား COVID 19 မှ မကာကွယ်နိုင်ဘူးဆိုတာကို သတိရပါ။

  • ဟင်းသီးဟင်းရွက်နှင့် သစ်သီးများမှ ပိုးသတ်ဆေးနှင့် အဆိပ်အတောက်များကို ဖယ်ရှားရန် အမြဲဆေးကြောပါ။

  • ကာကွယ်ဆေးထိုးခြင်းဖြင့် အသည်းရောင်ရောဂါ A နှင့် B မှ ကာကွယ်ပါ။

  • အသည်းကိုအားဖြည့်ပေးသော အစားအစာနှင့် အားဆေးများ သုံးစွဲနိုင်ပါသည်။


Source: https://timesofindia.indiatimes.com/life-style/health-fitness/health-news/covid-19-how-coronavirus-can-impact-your-liver-and-ways-to-keep-your-liver-healthy/photostory/81244988.cms