My Medicine မှ ကျင်းပသော ပါမောက္ခ ဒေါက်တာ ဦးအေးအောင် (President OG Society MMA) ၏ webinar မှ ကောက်နုတ် ဖော်ပြလိုက်ပေးပါတယ်။


ကျွန်မက ကလေးမွေးပြီးတာတစ်လမပြည့်သေးပါဘူး။ ကျွန်မအနေနဲ့ကာကွယ်ဆေးထိုးလို့ရလားသိချင်ပါတယ်။ ကလေးကိုရော ဘာသက်ရောက်မှုတွေရှိလည်းသိချင်ပါတယ်ရှင့်

Ans: ကာကွယ်ဆေးထိုးလို့ရပါတယ်၊ ကိုယ်ဝန်ဆောင် (သို့) နို့တိုက်မိခင်များအတွက် ကာကွယ်ဆေးစူးစမ်းလေ့လာမှုအရ ဆိုးရွားသောကိုယ်ဝန်ရလာဒ် သို့မဟုတ် မိခင်နှင့်သန္ဓေသားကိုထိခိုက်စေနိုင်သော သက်သေအချက်အလက်များ မတွေ့ရှိရသေးပါ

 

ဆရာရှင့် ဆေးထိုးပြီးရင် နှစ်ပတ်ကလေးနို့တိုက်လို့မရဘူးလို့ ကြားဖူးလို့ပါရှင့် ဟုတ်ပါသလားရှင့်

Ans: မဟုတ်ပါဘူး။ နို့တိုက်လို့ ရပါတယ်။ ကလေးကို မချီပွေ့ခင် လက်ကို သေချာဆေးကြောရပါမယ်။ နို့တိုက်စဥ် မိခင်က mask တပ်ဖို့ လိုပါတယ်

 

ကိုယ်ဝန်ဆောင်သည့် မည်သည့်လ မဆိုထိုးလို့ရတာလားရှင့်။

Ans: အသင့်တော်ဆုံးကတော့ ၂၆ပတ် မတိုင်ခင် ကာကွယ်ဆေးထိုးတာပါပဲ။ ၂၆ပတ်နောက်ပိုင်းမှာတော့ ဆရာ၀န်နဲ့တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။

 

အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်ထိုးခဲ့တဲ့ဆေးကို ဒုတိယအကြိမ်မှာ ထိုးခွင့်မရခဲ့ရင် တခြားအမျိုးအစား ကိုထိုးသင့်ပါသလား။

Ans: အဆင်ပြေမယ့်ဆေးကို ဆရာ၀န်နဲ့ တိုင်ပင်ပြီး ပြန်ထိုးလို့ ရပါတယ်

 

မင်္ဂလာပါဆရာကြီးရှင့်, ကာကွယ်ဆေးပထမတစ်ချောင်းထိုးအပြီး Positive ဖြစ်သွားလို့, အဲ့ဒါ ဘယ်နှစ်ရက်ကြာရင် ဒုတိယအချောင်းထပ်ထိုးလို့ရမလဲရှင့်။ အခုဆိုရင်တော့ ဖြစ်ပြီးတာ ရက် ၂၀ ကျော်ရှိနေပါပြီရှင့်

Ans: ပြန်ထိုးလို့ ရပါပြီ

 

ကိုယ်ဝန်ပျက်ထားတာ ၁ လမပြည့်သေးပေမယ့် ကာကွယ်ဆေးထိုးလို့ရလားရှင့်

Ans: ကာကွယ်ဆေးထိုးလို့ရပါတယ်၊ 

 

ကိုယ်ဝန်က 1 လနီးပါးပါ မေးခိုင်ကာကွယ်ဆေးဘယ်ချိန်ထိုးရမလဲရှင့်

Ans: ကိုယ်၀န်အရင်အပ်ပါ၊ လိုအပ်သော စစ်ဆေးမှုတွေနဲ့အတူ မေးခိုင်ကာကွယ်ဆေးလဲ ထိုးနှံပေးပါတယ်။ 

 

ဆရာရှင့် ကလေးက ၇ လ ရှိပါပီ ကလေးက ရင်လည်း နည်းနည်းကြပ်တတ်တ,် ? လက်မောင်းတွင်းသားဆက် ခြားပစည်းထည့်ထားတ,်ရှင့် ကာကွ,်ဆေးထိုးလို့ရလားရှင့်

Ans: ကာကွယ်ဆေးထိုးလို့ရပါတယ်

 

အမျိုးသမီးက ၂၀၊၉/၂၀၂၁ ခွဲမွေးမှာပါ အဒါအခုထိုးရမလား မွေးပီးမှထိုးလို့ရလားဗျ

Ans: မမွေးခင် complete dose မဖြစ်နိုင်တော့တာမို့ မွေးပြီးမှ ထိုးသင့်ပါတယ်

 

ကိုယ်ဝန်ဆောင် အားဆေးတွေနဲ့ကာကွယ်ဆေးနဲ့ကရောတည့်ပါသလား

Ans: အားဆေးတွေ ဆက်သောက်လို့ ရပါတယ်


ကိုယ်ဝန်က ၁၂ပတ်မကျော်သေးဘူး ပထမဆေးတစ်ကြိမ်ကို ကိုယ်ဝန်ရှိမှန်းမသိလို့ထိုးလိုက်မိတယ် ဒုတိယဆေးကိုဆက်ထိုးရမှာလားရှင့်။

Ans: ထိုးလို့ရပါတယ်

 

Dr said that the bank workplace has a high possibility of covid infection. What is your recommendation for pregnant vaccinated working inside the office with other people? (Note: the vaccination is not a mandatory requirement for all the staff)

Ans: ကိုယ်၀န်ဆောင်အမျိုးသမီးများကို နေအိမ်မှ အလုပ်လုပ်နိုင်အောင် စီစဥ်ပေးထားသင့်ပါတယ်။ သို့မဟုတ် တတ်နိုင်သလောက် လူကျဲကျဲလေး လုပ်နိုင်အောင် စီစဥ် ပေးသင့်ပါတယ်

 ကာကွယ်ဆေးထိုးပီး  ကလေးယူမယ်ဆိုဘယ်နှစ်လစောင့်ရမလဲ

Ans; စောင့်ဖို့မလိုပါဘူး ၊ ယူလို့ရပါတယ်

 

ကိုယ်ဝန် တစ်လ တုန်းက P ဖစ်ဖူးပါတယ်မွေးမဲ့နေ့က test စစ်တာ N ပါ ခု ကလေးမွေးပီးပါပီ ခွဲမွေးထားတာ 17ရက်ရှိပါပီ ကာကွယ်ဆေး ထိုးလို့ရလားရှင့်

Ans: ထိုးလို့ရပါတယ်

 

ကာကွယ်ဆေးထိူးပီး တားဆေးက သောက်ဆေး ထိုးဆေး လက်မောင်းထဲထည့်ဆေးတွေ သုံးလို့ရလား ဆရာရှင့်

ရပါတယ်

Ans: မိမိနဲ့အဆင်ပြေမယ့် သန္ဓေတားဆေးကို OG နဲ့ တိုင်ပင် ပြီး အသုံးပြုနိုင်ပါတယ်

 

ဆရာကြီးရှင့်ကိုယ်ဝန်ဆောင်ကာကွယ်ဆေးမထိုးရသေးခင်ကိုဗစ်ကာကွယ်ဆေးထိုးလို့ရလားရှင့်ထိုးမယ့်ရက်တိုက်နေမှာစိုးလို့ပါရှင့်

Ans: ရပါတယ် 

 

ကာကွယ်ဆေးသွားထိုးတဲ့နေ့က ကိုယ်ဝန်က ၁လနီးပါးရှိနေလို့ ကာကွယ်ဆေးမထိုးခဲ့ရဘူးဆရာ ၃လကျော်မှထိုးလို့ရမယ်လို့ပြောလိုက်ပါတယ်ဆရာ....အဲ့တာဟုတ်ပါသလားဆရာ?

Ans: အသင့်တော်ဆုံးကတော့ ၂၆ပတ် မတိုင်ခင် ကာကွယ်ဆေးထိုးတာပါပဲ။ ၂၆ပတ်နောက်ပိုင်းမှာတော့ ဆရာ၀န်နဲ့တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။

 

ဆေး၂ကြိမ် ထိုးပြီးရင် ဘယ်လောက်နှနှစ် ထိ ခံလဲရှင့်

Ans: အခုထိ တိကျသေချာသော သုတေသနစစ်ဆေးချက်များ မရှိသေးပါဘူး 

 

zincovitအားဆေးကိုတနေ့တစ်လုံးသောက်လို့ရလားသိချင်ပါတယ်ဆရာကြီးရှင့် p ဖြစ်ပီးပပါပီးရှင့်2လကျော်သွားပါပီးရှင့်

Ans: အားဆေးသောက်ချင်ရင် သောက်လို့ရပါတယ်။ အရေးကြီးတာက mask တပ်ဖို့နဲ့ လက်ဆေးဖို့ပါပဲ 

 

သွေးအားနည်းရောဂါလည်းရှိပါတယ်ရှင့် ကာကွယ်ဆေးထိုးရမလားရှင့်

Ans: ထိုးလို့ရပါတယ်။ သွေးအားနည်းတာအတွက်က သံဓါတ်အားဆေး ပုံမှန်သောက်ပေးဖို့လိုတယ်