COVID-19 ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာ ပျောက်သွားသော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ကို ဆက်လက် ခံစားနေရပါသလား ? 


COVID-19 ကူးစက်ခံရသူအများစုသည် ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာလာကြသော်လည်း အချို့လူများသည် COVID နောက်ပိုင်းအခြေအနေများကို တွေ့ကြုံခံစားရနိုင်ပါသည်။


COVID နောက်ပိုင်းအခြေအနေများဆိုသည်မှာ COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ပထမဆုံး လေးပတ်နှင့်အထက်တွင် ကြုံတွေ့ရနိုင်သော ကျန်းမာရေးပြဿနာများ ဖြစ်ကြပါသည်။ ကူးစက်ခံရပြီး ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်တွေမှာ COVID-19 လက္ခဏာမပြတဲ့သူတွေတောင် COVID နောက်ပိုင်း အခြေအနေများ ခံစားရနိုင်ပါသည်။  


ဤ COVID နောက်ပိုင်းအခြေအနေများကို long COVID, long-haul COVID, post-acute COVID-19, COVID ၏ ရေရှည်အကျိုးဆက်များ (သို့) နာတာရှည် COVID ဟုလည်း ခေါ်ကြပါသည်။




Post-COVID အခြေအနေ  ကြွင်းကျန်လက္ခဏာ အမျိုးအစားများ

အသစ် သို့မဟုတ် ဆက်လက်ဖြစ်ပေါ်နေသော လက္ခဏာများ


အချို့လူများသည် COVID-19 ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် ရက်သတ္တပတ်များ သို့မဟုတ် လများအထိ လက္ခဏာအသစ်များကို ကြာရှည်စွာ ကြုံတွေ့ခံစားနေရပါသည်။ ပြင်းထန်စွာ နာမကျန်းဖြစ်သူများတွင်သာ တွေ့ရလေ့ရှိသော အခြားရောဂါအခြေအနေများနှင့်မတူဘဲ ဤရောဂါလက္ခဏာများသည် ဖျားနာမှုအပျော့စား သို့မဟုတ် ကနဦးတွင် လက္ခဏာမပြခဲ့သူများလျှင်ပင် ဤလက္ခဏာများကို ခံစားရနိုင်ပါသည်။ COVID လူနာအများစုသည် အောက်ပါလက္ခဏာများကို အနည်းနှင့်အများဆိုသလို တွေ့ကြုံခံစားရသည်ကို တွေ့ရှိခဲ့ပါသည်:


  • အသက်ရှူရခက်ခြင်း သို့မဟုတ် အသက်ရှူကြပ်ခြင်း

  • ပင်ပန်းနွမ်းနယ်ခြင်း

  • စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများအပြီးတွင် ပိုဆိုးလာသော ရောဂါလက္ခဏာများ

  • အာရုံစူးစိုက်ရန် ခက်ခဲခြင်း ( “brain fog” ဟုလည်း ခေါ်ကြသည်။)

  • ချောင်းဆိုးခြင်း

  • ရက်ဘတ် သို့မဟုတ် ဗိုက်‌အောင့်ခြင်း

  • ခေါင်းကိုက်ခြင်း

  • နှလုံးခုန်မြန်ခြင်း (heart palpitations ဟုလည်း ခေါ်သည်။)

  • အရိုးအဆစ်နှင့် ကြွက်သားများ နာကျင်ခြင်း

  • ခြေလက်များ ထုံကျင်ခြင်း

  • ဝမ်းလျှောခြင်း

  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ

  • ဖျားနာခြင်း

  • မတ်တပ်ရပ်ချိန်တွင် ခေါင်းမူးခြင်း (lightheadedness)

  • Rash (အဖုများထခြင်း)

  • စိတ်အပြောင်းအလဲမြန်ခြင်း

  • အနံ့၊ အရသာ ပြောင်းလဲခြင်း

  • ရာသီစက်ဝန်း အပြောင်းအလဲများ


အထက်ပါ ကိုဗစ်ကြွင်းကျန်လက္ခဏာများနဲ့ပတ်သက်ပြီး ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့် ပြသဆွေးနွေးတိုင်ပင်လိုပါက My Medicine ၏ Teleconsultation Service ( https://mymedicine.com.mm/book-appointments/ ) သို့မဟုတ် ( 09980635588 ) တိုက်ရိုက်ဆက်သွယ်ကာ ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။





Source: https://www.cdc.gov/coronavirus/2019-ncov/long-term-effects.html