COVID-19 ကူးစက်ခံရပြီးနောက် နေပြန်ကောင်းလာတဲ့အခါ လေ့ကျင့်ခန်းပြန်လုပ်ဖို့အတွက် တိကျတဲ့ plan မရှိသေးဘူး။ အရေးအကြီးဆုံးအချက်မှာ COVID-19 ကြောင့် ပြင်းထန်တဲ့ ရောဂါလက္ခဏာများအားလုံး သက်သာသွားဖို့ပဲ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ သက်သာလာမှုရဲ့ ထင်ရှားတဲ့ညွှန်ပြချက်ကတော့ ဥပမာအားဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း၊ ပုံမှန်အစာစားနိုင်ခြင်းနှင့် အလုပ်ပြန်သွားနိုင်ခြင်းတို့လို သင့်ရဲ့ပုံမှန်နေ့စဉ်လုပ်ငန်းများကို အခက်အခဲမရှိဘဲ ပြန်လည်လုပ်ဆောင်ခြင်းလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သင်နေ့စဉ်ဘဝလှုပ်ရှားမှုများပြုလုပ်ရန် သက်တောင့်သက်သာဖြစ်ပြီဆိုလျှင် ကိုယ်လက်လှုပ်ရှားမှုသို့ ပြန်လုပ်ရန် စဉ်းစားနိုင်ပါပြီ။
သင့်ရဲ့ရောဂါလက္ခဏာတွေက မပြင်းထန်ဘူးဆိုလျှင်တောင် လေ့ကျင့်ခန်းပြန်လုပ်ခြင်းက ထိုရောဂါလက္ခဏာများကို ပိုဆိုးစေနိုင် သို့မဟုတ် ၎င်းတို့ကို ပိုကြာရှည်စေနိုင်ပါတယ်။ ဒါကြောင့် COVID-19 မှ သင့်ရဲ့ပြန်လည်နာလန်ထူမှုအပေါ် အခြေခံ၍ ကောင်းမွန်သော အစီအစဉ်တစ်ခုရေးဆွဲရန် သင့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် သေချာတိုင်ပင်စေလိုပါတယ်။
သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုသာ ပြန်လုပ်နေသရွေ့ သိသာထင်ရှားတဲ့ ထိခိုက်ဒဏ်ရာရနိုင်ခြေက အတော်လေးနည်းပါတယ်။ သို့သော် လေ့ကျင့်ခန်းလုပ်ပြီးနောက် ပြန်လည်နာလန်ထူရန်ခက်ခဲနေပါက ထိုအဆင့်အထိ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများအတွက် အဆင်သင့်မဖြစ်သေးတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းမူးခြင်း နှင့်/သို့မဟုတ် အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း စသည့်လက္ခဏာများခံစားရနေရလျှင် သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ချက်ချင်းဆက်သွယ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အရေးပါပါတယ်။ COVID-19 ကူးစက်မှုကဲ့သို့ နာမကျန်းဖြစ်ပြီးနောက် လေ့ကျင့်ခန်းပြန်လုပ်ရန် သင့်တော်သောအစီအစဉ်တစ်ခု သေချာရှိထားပါက ဘေးကင်းစွာ ပြန်လည်လေ့ကျင့်ခန်းလုပ်နိုင်မှာ ဖြစ်ပါတယ်။
Source: https://wexnermedical.osu.edu/blog/how-to-return-to-exercise-after-covid