Self Quarantine လုပ်သင့်သော လူနာများ


i. ဆေးကုသမှုပေးနေသူမှ လူနာအား ဆေးပညာရှုထောင့်အရ ရောဂါလက္ခဏာ မပြင်းထန်သူ/ လက္ခဏာလုံးဝမပြသူဟု သတ်မှတ်ထားသူဖြစ်ရမည်။


ii. ထိုကဲ့သို့သောဖြစ်ရပ်များတွင် ၎င်းတို့နေထိုင်ရာနေရာ၌ လူနာသီးခြားနေထိုင်ရန်နှင့် ထိတွေ့မှုရှိသော မိသားစုဝင်များ quarantine နိုင်ရန်အတွက် လိုအပ်သော အဆောက်အအုံ ရှိသင့်သည်။


iii. 24 နာရီ၊ 7ရက်ပတ်လုံးအတွက် ကျန်းမာရေးစောင့်ရှောက်ပေးသူ အသင့်ရှိနေရမည်။ လူနာ၏ home isolation ကာလတစ်လျှောက်လုံးတွင် ကျန်းမာရေးစောင့်ရှောက်သူနှင့် ဆေးရုံကြား အဆက်အသွယ် မပြတ်ရှိနေရမည်။

 

iv. အသက် 60 အထက် သက်ကြီးရွယ်အိုများနှင့် ‌သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် အဆုတ်/အသည်း/ကျောက်ကပ် ရောဂါ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါတို့လို ရောဂါအခံရှိသူများသည် ဆေးကုသမှုပေးနေသူမှ သင့်လျော်စွာ ဆုံးဖြတ်ပြီးမှသာ home isolation လုပ်ခွင့်ရှိသည်။


Self Quarantine လူနာအတွက် ညွှန်ကြားချက်များ


i. လူနာသည် အခြားမိသားစု ၀င်များနှင့် မထိတွေ့ဘဲ သီးခြားနေထိုင်ရမည်။ သတ်မှတ်ထားသော အခန်းအတွင်းမှာပဲ နေထိုင်ကာ အိမ်တွင်းရှိ အခြားလူများ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် သွေးတိုးရောဂါ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါ၊ ကျောက်ကပ်ရောဂါ ကဲ့သို့သော ရောဂါအခံရှိသူများနှင့် ဝေးဝေးမှာနေရမည်။


ii. လူနာအား လေဝင်လေထွက်ကောင်းမွန်သော အခန်းတွင်ထားသင့်ပြီး ပြတင်းပေါက်များကို ဖွင့်ထားသင့်သည်။


iii. လူနာသည် အလွှာသုံးလွှာပါဝင်သော medical mask များကို အမြဲဝတ်ဆင်ရမည်။ Maskကို ၈ နာရီကြာ အသုံးပြုပြီးတိုင်း သို့မဟုတ် အချိန်မတိုင်ခင် စိုစွတ်ညစ်ညမ်းသွားလျှင် စွန့်ပစ်ရပါမည်။ စောင့်ရှောက်မှုပေးသူသည် အခန်းထဲသို့၀င်ရောက်ပါက လူနာနှင့် စောင့်ရှောက်သူနှစ်ဦးလုံး N95 mask ဝတ်ဆင်ဖို့ အကြံပြုလိုပါသည်။


iv. ပိုးသတ်ပြီးမှသာ maskကို စွန့်ပစ်ရမည်။


v. ရေဓာတ်လုံလောက်စွာ ထိန်းသိမ်းနိုင်ရန် အနားယူပြီး အရည်များများသောက်‌ပေးရမည်။


vi. အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။


vii. အနည်းဆုံးစက္ကန့် ၄၀ ကြာ လက်ကို ဆပ်ပြာနှင့်ရေနှင့် ဆေးပါ၊ သို့မဟုတ် alcohol-based ပိုးသတ်ဆေးများဖြင့် မကြာခဏ သန့်စင်ပေးပါ။


viii. ကိုယ်ရေးကိုယ်တာပစ္စည်းများအား တစ်အိမ်တည်းနေ အခြားလူများနှင့် မမျှဝေသင့်ပါ။


ix. အခန်းထဲမှာ မကြာခဏ ထိတွေ့နေရသော မျက်နှာပြင်များ (စားပွဲအပေါ်မျက်နှာပြင်၊ တံခါးလက်ကိုင်ဖုများ၊ လက်ကိုင်များ စသဖြင့်) တို့ကို alcohol-based ပိုးသတ်ဆေးများဖြင့် သန့်ရှင်းပေးရမည်။


x. သွေးထဲရှိ အောက်ဆီဂျင်ပမာဏအား pulse oximeter အသုံးပြု၍ ကိုယ်တိုင်လေ့လာစောင့်ကြည့်မှုကို အားပေးပါသည်။


 Home isolation ကို ရပ်ပစ်ရမည့်အချိန်


Home isolation လုပ်‌နေသော လူနာသည် ရောဂါလက္ခဏာများစတင်ချိန်မှ အနည်းဆုံး 10ရက် ကျော်ပြီးနောက် (သို့မဟုတ် asymptomatic ဖြစ်ပွားမှုများအတွက် နမူနာယူသည့် နေ့မှစ၍) နှင့် 3ရက်မျှ အဖျားတက်ခြင်းမရှိသည့်နောက်တွင် home isolationကို အဆုံးသတ်နိုင်သည်။ Home isolation ကာလပြီးဆုံးသည့်အခါတွင် စမ်းသပ်မှုများ ပြုလုပ်ရန် မလိုအပ်တော့ပါ။


Source - Guidelinesforhomequarantine.