Nasopharyngeal Swab Procedure
Nasopharyngeal swab procedure အတွက် နှာခေါင်းပေါက်နှစ်ခုလုံးတွင် တူညီသော swab ကိုသာ အသုံးပြုသင့်သည်။
အဆိုပါ swab ကို nasopharynx ဧရိယာ၌ 10 စက္ကန့်ထားပါ။
လူနာ၏ ဦးခေါင်းကို အနည်းငယ်နောက်သို့တည့်၍ ပိုးသတ်ထားသော swab ကို posterior nasopharynx မျက်နှာပြင်သို့ ရောက်ရှိသည့်အထိ လူနာ၏ နှာခေါင်းပေါက်တစ်ဘက်ထဲသို့ ထည့်ပါ။
Swabသည် nasopharynx သို့ ရောက်ရှိသည်အထိ ရှောရှောရှုရှု ရွေ့သွားသင့်သည်။ Nasopharyngeal swab specimen တစ်ခု ရရှိရန်အတွက် နှာခေါင်းပေါက်အတွင်းပိုင်းရှိ swab၏ အရှည်သည် နှာခေါင်းပေါက်မှ နားအပြင်ဘက်အထိ အကွာအဝေးနှင့် တူညီရမည်။
လိုအပ်သည့်နေရာရောက်သည်နှင့် posterior nasopharynx မျက်နှာပြင်ပေါ်ကို swab ယူလိုက်ပြီး secretionကို စုပ်ယူနိုင်ရန်အတွက် swabကို နေရာမှာ 10စက္ကန့်ကျော် ထားပါ။
ပိုးသတ်ထားသော swabကို နှာခေါင်းပေါက်ထဲမှ ဖြည်းဖြည်းချင်းထုတ်ယူပါ။
တူညီသော swab ဖြင့် အခြားနှာခေါင်းပေါက်မှာ အဆင့် 1-4 ပြန်လည်လုပ်ဆောင်ပါ။
Procedure စစ်ဆေးသူသည် သင့်လျော်သော PPE ကိရိယာကဲ့သို့ လုံလောက်သော ကာကွယ်မှုများကိာ ဝတ်ဆင်ထားသင့်သည်။
ပိုးသတ်ထားသော swab ကို posterior nasopharynx ၏ မျက်နှာပြင်သို့ ရောက်ရှိသည့်အထိ လူနာ၏ နှာခေါင်းပေါက်ထဲသို့ ထည့်ပါ။
Posterior nasopharynx ၏ မျက်နှာပြင်ပေါ်ကို swab ယူလိုက်ပါ။
ပိုးသတ်ထားသော swabကို နှာခေါင်းပေါက်ထဲမှ ဖြည်းဖြည်းချင်းထုတ်ယူပါ။
Swabကို extraction buffer tube ထဲသို့ ထည့်ပါ။ Buffer tubeကို ညှစ်နေစဉ် swabကို ငါးကြိမ်ထက်ပိုပြီး မွှေပါ။
Swab မှ အရည်များ ထုတ်ယူရန် ပြွန်၏နှစ်ဘက်ကိုညှစ်ရင်း swabကို ဖယ်ရှားလိုက်ပါ။
Nozzle cap ကို ပြွန်ပေါ်သို့ တင်းကြပ်စွာ ဖိထားပါ။
ထုတ်ယူထားသော specimen 3စက်ကို စမ်းသပ်ကိရိယာ၏ specimen well ထဲသို့ ထည့်ပါ။
15-30 မိနစ်အတွင်း စမ်းသပ်မှုရလဒ်ကို ဖတ်ရှုပါ။ မိနစ် ၃၀ ကျော်ပြီးနောက် ရလဒ်အဖြေကို မဖတ်ပါနှင့်။