အိမ်တွင်းအောက်ဆီဂျင်ကုထုံးကို စတင်အသုံးပြုတဲ့အခါ အသားမကျသေးတာတစ်ကြောင်း၊ နည်းအမှန်ကို မသိတာတစ်ကြောင်းကြောင့် အရမ်းစိတ်ဖိစီးရတတ်ပါတယ်။
ဒါကြောင့် ယခုဆောင်းပါးတွင် အလွယ်တကူလိုက်နာနိုင်မည့် အိမ်တွင်းအောက်ဆီဂျင်ကို သက်တောင့်သက်သာအသုံးပြုနိုင်ရန် နည်းလမ်း (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
1. မိသားစု၊ သူငယ်ချင်းများကို အသိပေးပါ။
သင့်အဆုတ်ဆရာဝန်ထံမှ အောက်ဆီဂျင်ကုထုံးသုံးရမည့်အကြောင်း ကြားမိသည်နှင့်တစ်ပြိုင်နက် မိသားစု၊ သူငယ်ချင်းများထံ အောက်ဆီဂျင်က သင့်ဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲဆိုတာကို တိုင်ပင်ပါ။ အောက်ဆီဂျင်က သင်နှစ်သက်တဲ့ အရာတွေကို မိသားစု၊ သူငယ်ချင်းများနှင့်အတူ တက်တက်ကြွကြွ ဆက်လက်လုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေးမည့်အကြောင်းကို ရှင်းပြပေးပါ။
အိမ်သုံးအောက်ဆီဂျင်ပေးနည်းကို လေ့ကျင့်ရာတွင် မိသားစုနှင့် မိတ်ဆွေများထံမှ အားပေးထောက်ခံမှုကို ရယူပါ။ ဒီလိုစကားပြောပေးခြင်းများက သင်အောက်ဆီဂျင်ကုထုံးကို စတင်အသုံးပြုနေစဉ်မှာပဲ အတတ်နိုင်ဆုံး ပုံမှန်အတိုင်းနေထိုင်နိုင်ရန် အထောက်အကူပေးပါလိမ့်မယ်။
2. သင့် oxygen concentrator ကို ထိန်းသိမ်းရန် လိုအပ်ချက်များကို နားလည်ရန်ကြိုးစားပါ။
လူအတော်များများက အိမ်တွင်းအောက်ဆီဂျင်ကုထုံးအတွက် oxygen concentrator များကို အသုံးပြုကြပါတယ်။ ဤစက်အမျိုးအစားဟာ အိမ်ရဲ့ မသိမသာထောင့်လေးမှာပဲနေပြီး တစ်အိမ်လုံးရောက်ရှိနိုင်သော ပြွန်မှတစ်ဆင့် သင့်နှာခေါင်းဆီသို့ အောက်ဆီဂျင်ပို့ဆောင်ပေးနိုင်ပါတယ်။
အိမ်တွင်းအောက်ဆီဂျင် supplierက သင့်ရဲ့ concentrator ကို လာရောက်တပ်ဆင်ပေးသောအခါတွင် concentratorအတွက် လိုအပ်သော ထိန်းသိမ်းမှုအကြောင်းကို မေးမြန်းပါ။ ဥပမာအားဖြင့် filter ပါဝင်သော concentrators များအတွက် filter ကို ရံဖန်ရံခါ ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။
3. ပြွန်နှင့် cannula များကို အချိန်ဇယားအလိုက် အစားထိုးပေးပါ။
ဖြည့်စွက်အောက်ဆီဂျင်ကုထုံးဟာ ပြွန်နှစ်ခုကို အသုံးပြုပါတယ်: concentrator သို့မဟုတ် တိုင်ကီသို့ ဆက်သွယ်သော ပြွန်ရှည်တစ်ခုနှင့် အောက်ဆီဂျင်ကို သင့်နှာခေါင်းပေါက်ထဲသို့ ပို့ဆောင်ပေးသော ပြွန်နှင့်ချိတ်ဆက်ထားသည့် နှာခေါင်း cannula တို့ဖြစ်ပါတယ်။ ပင်မပိုက်နှင့် cannula တို့ကို ဘယ်အချိန်မှာ အသစ်လဲပေးသင့်တယ်ဆိုတာကို သင့်ရဲ့ အောက်ဆီဂျင် supplierထံ မေးမြန်းပါ။
ယေဘူယျအားဖြင့် cannula ကို ညစ်နွမ်းပုံမပေါ်သေးလျှင်ပင် မကြာခဏ အသစ်လဲပေးသင့်ပါတယ်။ ပြွန်ကို လစဉ် သို့မဟုတ် နှစ်လတစ်ကြိမ် အသစ်လဲပေးရပါမယ်။
4. ပြွန်နှင့် cannula အပိုများကို လက်ဝယ်ဆောင်ထားပါ။
အသုံးပြုနေစဉ် အောက်ဆီဂျင်ပြွန်နှင့် cannula တစ်ခုခု ပျက်စီးသွားခဲ့လျှင် အသင့်ရှိနေစေရန် အပိုပစ္စည်းများကို အနားမှာ အမြဲဆောင်ထားသင့်ပါတယ်။ ဥပမာအားဖြင့် ပြွန်ရဲ့ တစ်နေရာရာကို ဖုန်စုပ်စက်သုံး၍ မတော်တဆဖြတ်တောက်မိဖို့ရန် မခက်ခဲပါဘူး။
အနီးအနားတွင် ပြွန်အပိုများရှိထားခြင်းက အောက်ဆီဂျင်ရရှိနှုန်းကို အနှောင့်အယှက်မဖြစ်အောင် အထောက်အကူပြုပေးပါလိမ့်မယ်။
5. မီးပြတ်သွားတဲ့အခါမျိုးအတွက် အရန်အစီအစဉ်များ စီစဉ်ထားပါ။
သင့်အိမ်မီးပြတ်နေတဲ့အခါ oxygen concentratorက အလုပ်မလုပ်နိုင်ပါဘူး။ ဓာတ်အားပြတ်တောက်ချိန်တွင် အောက်ဆီဂျင်ရရှိမှု မဆုံးရှုံးစေရန်အတွက် လုပ်ဆောင်ချက်အစီအစဉ်တစ်ခုကို ချရေးထားပါ။ သင့်ရဲ့အစီအစဉ်တွင် မီးပြန်ရရှိတဲ့အချိန်အထိ ခရီးဆောင်အောက်ဆီဂျင် tankကို ချက်ချင်းပြောင်းသုံးဖို့ ပါဝင်သင့်ပါတယ်။
မီးပြန်မလာခင် အောက်ဆီဂျင်ကုန်သွားပါက ဆေးဘက်ဆိုင်ရာ အကူအညီတောင်းခံပါ။ အချို့လူများကတော့ အိမ်သုံးအရန်မီးစက်များကို ဝယ်ထားကြတာမျိုးလည်း ရှိပါတယ်။
6. Humidifier ကို မကြာခဏ သန့်စင်ပါ။
အကယ်၍ သင်က oxygen concentratorနှင့်အတူ humidifier ပုလင်းကို အသုံးပြုနေပါက ဘက်တီးရီးယားတွေဟာ humidifier တွေမှာ လျင်မြန်စွာ များပြားလာနိုင်တဲ့အတွက် ၎င်းကို မကြာခဏ သန့်ရှင်းပေးပါ။
ပုလင်းကို ဖယ်လိုက်ပြီး အပတ်စဉ် ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောပါ။
7. မီးဘေးအန္တရာယ်ကင်းရှင်းစေရန် သတိပြပါ။
အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးလောင်လွယ် သို့မဟုတ် ပေါက်ကွဲလွဲသောအရာမဟုတ်ပေမယ့် oxygen concentratorနှင့် tankများက ပတ်ဝန်းကျင်ကို အောက်ဆီဂျင်နှင့် ရောနှောပေးလိုက်သောအခါ ပုံမှန်ထက် ပိုမိုလျင်မြန်စွာ လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် oxygen tankများလို ကိရိယာများကို မီးလောင်စေနိုင်တယ့်နေရာများနှင့် ဝေးဝေးမှာထားရပါမယ်။
အကယ်၍ သင်က gasကို အသုံးပြု၍ ဟင်းချက်သူဆိုလျှင် သင့်ဆရာဝန် သို့မဟုတ် အိမ်တွင်းအောက်ဆီဂျင် supplierထံ ဘေးကင်းစွာ ချက်ပြုတ်နည်းကို မေးမြန်းပါ။ အရေးကြီးဆုံးကတော့ သင့်ရဲ့ အောက်ဆီဂျင်ကြွယ်ဝနေတဲ့ ပတ်ဝန်းကျင်အနီးမှာ ဘယ်သူ့ကိုမှ ဆေးလိပ်သောက်ခွင့်မပြုပေးဖို့ဘဲ ဖြစ်ပါတယ်။
Source: https://www.templehealth.org/about/blog/7-tips-living-with-oxygen-at-home