“Gut microbiome” ဆိုတဲ့ ဝေါဟာရသည် အူအတွင်းနေထိုင်သော ဇီဝသက်ရှိများကို အထူးရည်ညွှန်းပါတယ်။ လူတစ်ဦးရဲ့ အစာခြေလမ်းကြောင်း၌ ဘက်တီးရီးယားမျိုးစိတ် ၃၀၀ မှ ၅၀၀ ခန့်ရှိကြပါတယ်။ အချို့သောအဏုဇီ၀ သက်ရှိတွေဟာ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသော်လည်း အများစုတော့ လွန်စွာအကျိုးရှိကြတာကြောင့် ကျန်းမာသောခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။
Gastroenterology နှင့် Hepatology ဂျာနယ်ရှိ အူဘက်တီးရီးယား Probiotics နှင့်ပတ်သက်သည့် လေ့လာမှုများအရ အူအတွင်းမှာ Probiotics များရှိထားခြင်းက ကိုယ်ခံအားစနစ်လည်ပတ်မှုကို တိုးမြှင့်စေနိုင်ပြီး စိတ်ဓာတ်ကျမှုလက္ခဏာများကို တိုးတက်စေတဲ့အပြင် အဝလွန်ခြင်းကို ကူညီတိုက်ထုတ်ပေးကာ အခြားအကျိုးကျေးဇူးများကိုလည်း ဆောင်ရွက်ပေးပါတယ်။
နေ့စဉ်သောက်သုံးနိုင်တဲ့ Probiotics ဖြည့်စွက်စာကို ရှာဖွေနေပါသလား?
ဟန်ချက်ညီမျှတဲ့ အကောင်းဆုံး အစာခြေစနစ်နှင့် ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးတဲ့ Nature’s Bounty Probiotic 10 ကို နေ့စဉ်နေ့တိုင်း သောက်သုံးနိုင်ပါတယ်။
Photo Source: https://mymedicine.com.mm/product/natures-bountry-probiotics-10-60s/
ဆေးထုတ်လုပ်ချိန်မှာ မတူညီတဲ့ organisms ၁၀မျိုးနှင့် ၂၀ ဘီလီယံသော live cultures ကိုထည့်သွင်းထားပါတယ်။ ဒါ့ကြောင့် ဒီဖြည့်စွက်ဆေးတောင့်တွေမှာ ခန္ဓာကိုယ်ရဲ့ သဘာဝကွာခြားမှုများကို ဖြည့်ဆည်းပေးဖို့ probiotic organisms အမျိုးအစားများစွာ ပါဝင်နေတာပဲဖြစ်ပါတယ်။
ဤသေးငယ်တဲ့ ဇီဝသက်ရှိများဟာ အပူနှင့် အစိုဓာတ်ကို ထိခိုက်လွယ်ပါတယ်။ ဒါ့ကြောင့်ပုလင်းကို တင်းတင်းကျပ်ကျပ်ပိတ်ထားသင့်ပြီး အကောင်းဆုံးနည်းလမ်းကတော့ ဖွင့်ပြီးနောက် ရေခဲသေတ္တာထဲမှာ သိမ်းထားသင့်ပါတယ်။
လေလည်ခြင်း၊ ဝမ်းဗိုက်ဖောယောင်ခြင်း သို့မဟုတ် ဝမ်းဗိုက် မသက်မသာဖြစ်မှုအတွက် ထောက်ပံ့ပေးတဲ့ formula မျိး ရှာဖွေနေတယ်ဆိုရင်တော့ Nature’s Bounty Probiotic GX ကကူညီပေးနိုင်ပါတယ်။ အစာအိမ်နှင့်အူ လမ်းကြောင်းဆိုင်ရာ ရောဂါဗေဒပညာရှင်များ လေ့လာထားတဲ့ တိကျသော မျိုးစိတ် probi-digestis ဖြစ်တဲ့ Lactobacillus plantarum 299v (Lp299v) ပါဝင်ပါတယ်။ ၄င်းဟာ အစာခြေစနစ်ဆီသို့ ဘက်တီးရီးယားပိုးများ သယ်ဆောင်ပေးပြီး ရံဖန်ရံခါ လေလည်ခြင်း၊ ဝမ်းဗိုက်ဖောယောင်ခြင်း သို့မဟုတ် ဝမ်းဗိုက် မသက်မသာဖြစ်မှုများကို သက်သာပျောက်ကင်းစေပါတယ်။
ဖြည့်စွက်ဆေးများ နေ့စဉ်သောက်ပေးခြင်းက လူတစ်ယောက်ရဲ့ နေ့စဉ်လိုအပ်တဲ့ အာဟာရပမာဏကို သေချာရစေတာကြောင့် နေ့စဉ်ဘဝမှာ probiotics ဖြည့်စွက်ဆေးများ ထည့်သွင်းသောက်သုံးဖို့ မမေ့လိုက်ပါနဲ့။
ဖြည့်စွက်ဆေးများ သောက်ခြင်းအပြင် နေ့စဉ် အစားအသောက်ထဲမှာ ထည့်သွင်းစားသောက်နိုင်တဲ့ probiotics ထောက်ပံ့ပေးသော အစားအစာများစွာလည်း ရှိပါတယ်။ ဒိန်ချဉ်၊ မုန်လာချဥ်နှင့် လက်လုပ်ချဥ်များ၊ goat cheese၊ ကင်မ်ချီနှင့် miso ဟင်းချိုများမှာ ဤအဏုဇီ၀ သက်ရှိများ ပါဝင်နေပါတယ်။ ဤသဘာဝ အရင်းအမြစ်တွေကို စားသုံးပေးခြင်းဖြင့် probiotics ပမာဏကို တိုးပွားနိုင်ပါတယ်။
အူလမ်းကြောင်းကျန်းမာရေးအတွက် အခြားအစားအစာများ
1. အမျှင်ဓာတ်မြင့်မားစွာပါဝင်သော အစားအစာများ
ပဲတောင့်ရှည်၊ ပဲကြီးစေ့၊ ပဲလုံး၊ oat၊ ငှက်ပျောသီး၊ ဘယ်ရီသီးများ၊ ကညွတ်နှင့် ကြက်သွန်မြိတ်တို့လို အမျှင်ဓာတ်မြင့်မားစွာပါဝင်သော အစားအစာများဟာ အူကျန်းမာရေးအတွက် များစွာအထောက်အကူပြုကြောင်းကို လေ့လာမှုများအရ တွေ့ရှိရပါတယ်။
2. ကြက်သွန်ဖြူနှင့် ကြက်သွန်နီ
လေ့လာမှုအမျိုးမျိုးအပေါ် အခြေခံ၍ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့မှာ အူရဲ့ အဓိကလုပ်ငန်းဆောင်တာများနှင့် ဆက်စပ်နေသော ကင်ဆာရောဂါ ခုခံနိုင်စွမ်းနှင့် ကိုယ်ခံအားစနစ်တို့ကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိများရှိနိုင်ကြောင်း တွေ့ရပါတယ်။ အချို့သောသုတေသနပြုမှုများအရမူ အဆိုပါအကျိကျေးဇူးအချို့မှာ ထူးခြားမှုမရှိနိုင်ဟုလည်း ပြောဆိုကြပါတယ်။
3. ကော်လာဂျင်မြှင့်တင်ပေးသော အစားအစာများ
အရိုးဟင်းရည်နှင့် ဆော်လမွန်ကဲ့သို့သော ကော်လာဂျင်ကြွယ်ဝသည့် အစားအစာများသည် တစ်ကိုယ်လုံးကျန်းမာရေးနှင့် အူလမ်းကြောင်းကျန်းမာရေးကို အထူးအကျိုးပြုသည်။ ဤအကျိုးကျေးဇူးအများစုဟာ အပြောစကားအရ ကောက်ချက်ချခြင်းများသာဖြစ်ပြီး နောက်ထပ်သုတေသနများ ပြလုပ်ရန် လိုအပ်ပါသေးတယ်။
မှိုများ၊ နို့ထွက်ပစ္စည်းကောင်းများ သို့မဟုတ် အချို့သောအသားများကဲ့သို့သော အမျိုးမျိုးသောအစားအစာများကို ပေါင်းထည့်ခြင်းဖြင့်လည်း အစားအစာများမှတစ်ဆင့် သင့်ကိုယ်ခန္ဓာရဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ရန် ကြိုးစားနိုင်ပါတယ်။
လူတွေရဲ့အူလမ်းကြောင်းဟာ ယခင်က ကျွန်ုပ်တို့ တွေးထားခဲ့တာထက် ပို၍ရှုပ်ထွေးပြီး ခန္ဓာကိုယ်တစ်လုံး ကျန်းမာရေးအပေါ်လည်း ကြီးးမားသော သက်ရောက်မှုရှိပါတယ်။ ကျန်းမာတဲ့အူက ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ နှလုံးကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေး၊ စိတ်ဓါတ်တက်ကြွမှု၊ နှစ်ခြိုက်စွာ အိပ်စက်စေခြင်းနှင့် ထိရောက်စွာအစာကြေစေခြင်း စသည်တို့ကို တိုးမြှင့်ပေးပြီး အချို့သောကင်ဆာရောဂါများနှင့် autoimmune ရောဂါများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အူအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေဖို့အတွက် လူနေမှုဆိုင်ရာပုံစံအချို့ကို ပြောင်းလဲပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။