Dexamethasone ဆိုတာ ကိုယ်ခန္ဓာကိုယ်တွင်းရှိ ရောင်ရမ်းမှုကိုဖြစ်စေသော ဓာတ်ပစ္စည်းများ ထုတ်လွှတ်ခြင်းကို တားဆီးပေးတဲ့ steroid တစ်မျိုးဖြစ်ပါတယ်။


Dexamethasone ကို ဓာတ်မတည့်မှု၊ အရေပြားအခြေအနေ၊ အစာအိမ်နာ၊ အဆစ်နာ၊ lupus၊ psoriasis (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအခြေအနေများအပြင် အခြား ရည်ရွယ်ချက်များအတွက်လည်း ကုသရန် အသုံးပြုကြပါတယ်။



ခံစားရနိုင်သော ဘေးထွက်ဆိုးကျိုးအချို့

သင့်တွင် အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ (သို့) လည်ချောင်းရောင်ရမ်းခြင်းကဲ့သို့ ဓာတ်မတည့်သည့်လက္ခဏာများရှိလျှင် အရေးပေါ် ဆေးဘက်ဆိုင်ရာအကူအညီ ရယူပါ။ 


Dexamethasone ဟာ ကလေးများကြီးထွားမှုကို ထိခိုက်စေနိုင်တာကြောင့်  ဤဆေးကိုသုံးနေစဉ် သင့်ကလေးတွင် ပုံမှန်ကြီးထွားနှုန်းထက် နှောင့်နှေးနေပါက ဆရာဝန်ကို အသိပေးပါ။



သတိပြုသင့်သည့် အချက်များ

သင့်ခန္ဓာကိုယ်မည်သည့်နေရာတွင်မဆို fungal မှိုရောဂါတစ်မျိုးမျိုး ရှိနေလျှင်ဆေးကိုမသုံးခင် ဆရာ၀န်နှင့် တိုင်ပင်ပါ။  သင့်ကျန်းမာရေးအခြေအနေများနှင့် သုံးနေသော ဆေးဝါးအားလုံးအကြောင်းကို သင့်ဆရာဝန်ထံ ပြောပြတိုင်ပင်ပါ။  steroids သုံးခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်သည့်အပြင် steroids နှင့် အတူတွဲမသောက်သင့်သော အခြားဆေးဝါးများစွာလည်း ရှိပါသေးတယ်။


Steroid ဆေးတွေဟာ သင့်ခုခံအားစနစ်ကို ထိခိုက်စေတာကြောင့် အခြားရောဂါပိုး အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။ Steroidတွေဟာ သင့်တွင်ရှိပြီးသားရောဂါပိုးကိုလည်း ပိုမိုဆိုးရွားစေ သို့မဟုတ် ပြန်လည်ဖြစ်ပေါ်စေနိုင်ပါတယ်။  လွန်ခဲ့သောရက်သတ္တပတ်များစွာအတွင်း သင့်၌ဖျားနာမှု (သို့) ကူးစက်မှုတစ်ခုခုရှိခဲ့ပါက သင့်ဆရာဝန်ကို အသိပေးပါ။


ဒီဆေးက ဗိုက်ထဲက သင့်ရင်သွေးကို ထိခိုက်စေနိုင်လား မသိရသေးပါ။  သင့်မှာကိုယ်ဝန်ရှိနေလျှင် ဆရာဝန်ကို အသိပေးပါ။  Dexamethasone သုံးနေစဉ် မိခင်နို့မတိုက်သင့်ပါ။



Dexamethasone ကို ဘယ်လိုသောက်ရမလဲ။



ဆေးစာအညွှန်းရှိ လမ်းညွန်ချက်များကို လိုက်နာပါ။ ဆေးကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း အတိအကျသုံးပါ။


ခွဲစိတ်မှု၊ နာမကျန်းမှု၊ စိတ်ဖိစီးမှု (သို့) ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများကြောင့် သင့်ဆေးပမာဏဟာ ပြောင်းလဲနိုင်ပါတယ်။  သင့်တွင်ခံစားရသည့် မည်သည့်အခြေအနေမျိုးကိုမဆို သင့်ဆရာဝန်အား အသိပေးပါ။


ဤဆေးဟာ အချို့သော ဆေးစစ်ချက်ရလဒ်များအပေါ်အကျိုးသက်ရောက်နိုင်တာ‌ကြောင့် သင် Dexamethasone သုံးနေတယ်ဆိုတာကို ကုသပေးတဲ့ ဆရာဝန်ကို ပြောပြဖို့ မမေ့ပါနှင့်။


Dexamethasone သောက်နေတာကို ရုတ်တရက်ရပ်လိုက်ပါက ဘေးထွက်ဆိုးကျိုးများကို ပိုမို ခံစားရနိုင်ပါတယ်။  ဤဆေးအား ဘေးကင်းစွာမည်သို့ရပ်ရမည်ကို သင့်ဆရာဝန်ထံ မေးမြန်းပါ။


အကယ်၍ အရေးပေါ်အခြေအနေကြုံလာရပါက သင် Dexamethasone သုံးနေတာကို အခြားသူများသိစေရန် ဆေးဘက်ဆိုင်ရာ အထောက်အထားများကို သေချာစနစ်တကျ ဆောင်ထားပါ။


စိုထိုင်းမှုနှင့် အပူမရှိသော အခန်းအပူချိန်တွင် ဆေးကို ထားပါ။


Dexamethasone သောက်ရန်မေ့သွားပါက သင့်ဆရာဝန်ထံမှ လမ်းညွှန်ချက်ရယူပါ။ ဆေးအလွန်အကျွံသောက်မိပြီး overdoseဖြစ်လျှင် အရေးပေါ်ဆေးကုသမှု ခံယူရပါမယ်။


Dexamethasone ဆေးပမာဏမြင့်မားစွာ ရေရှည်သုံးစွဲပါက အရေပြားပါးခြင်း၊ အမာရွတ်ဖြစ်လွယ်ခြင်း၊ ခန္ဓာကိုယ်ရှိ အဆီများပြောင်းလဲခြင်း (အထူးသဖြင့် မျက်နှာ၊ လည်ပင်း၊ ကျောနှင့် ခါးတွင်)၊ ဝက်ခြံများ (သို့) မျက်နှာအမွေးများတိုးလာခြင်း၊ ရာသီလာခြင်းပြဿနာများ၊ ပန်းသေခြင်း (သို့) လိင်စိတ်၀င်စားမှုလျော့ကျခြင်းများကို ခံစားရစေနိုင်ပါတယ်။


ရှောင်ကြဉ်ရမည့်အချက်များ

ဖျားနာသူ (သို့) ရောဂါပိုးကူးစက်ခံထားရသူများနှင့် နီးကပ်စွာနေခြင်းကို ရှောင်ရှားပါ။ အကယ်၍ ရေကျောက် (သို့) ဝက်သက်ရှိသူများနှင့် ထိတွေ့မိပါက ကြိုတင်ကာကွယ်မှုရယူရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဤအခြေအနေများသည် စတီးရွိုက်ဆေးသုံးနေသောသူများအတွက် ပြင်းထန် သို့မဟုတ် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။


Dexamethasone သောက်နေစဉ် အရက်မသောက်ပါနှင့်။


Dexamethasone သုံးနေစဉ် အချို့ကာကွယ်ဆေးများ ဆေးအောင်နိုင်မည်မဟုတ်ဘဲ ရောဂါကို အပြည့်အဝ မကာကွယ်နိုင်တာကြောင့် မထိုးပါနှင့်။  ထိုကာကွယ်ဆေးများတွင် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး (MMR)၊ ပိုလီယို၊ rotavirus၊ တိုက်ဖွိုက်၊ အသည်းရောင်အသားဝါ၊ ရေကျောက် (chickenpox) နှင့် zoster (shingles) တို့ ပါဝင်ပါတယ်။


Source: https://www.rxlist.com/dexamethasone-drug/patient-images-side-effects.htm#missdose