Lifestyle and home remedies - လူနေမှူပုံစံနှင့် အိမ်တွင်းကုထုံးများ
မျက်လုံးညောင်းညာမှုများ ပြေလျော့စေဖို့အတွက် အောက်ပါ tips များကို လိုက်နာလုပ်ဆောင်နိုင်ပါသည်။
1. အလင်းရောင်ကို ချိန်ညှိပါ။
တီဗွီကြည့်တဲ့အခါ အခန်းမီးရောင် မှိန်မှိန်လေးထွန်းထားလျှင် မျက်စိအတွက် ပိုပြီးအဆင်ပြေစေပါတယ်။
ပုံနှိပ်ထားသော စာများဖတ်သည့်အခါ အလင်းရောင်ကို သင့်နောက်မှာထား၍ စာမျက်နှာ သို့မဟုတ် သင်လုပ်နေသော အလုပ်အပေါ်ကို အလင်းရောင်ကျရောက်နေပါစေ။ စားပွဲခုံပေါ် စာထိုင်ဖတ်တဲ့အခါ shaded light ကို သင့်အရှေ့မှာ ထားရှိပါ။ အလင်းမှာပါတဲ့ အရိပ်က သင့်မျက်လုံးထဲသို့ အလင်းတိုက်ရိုက်ရောက်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။
2. အားလပ်ချိန်ယူပါ။
အနီးကပ်ကြည့်ရသော အလုပ်များလုပ်ရတဲ့အခါ ရံဖန်ရံခါ အားလပ်ချိန်ယူပြီး ဒစ်ဂျစ်တယ်ဖန်သားပြင်ကို မကြည့်ခြင်းဖြင့် သင့်မျက်စိကို အနားပေးပါ။
3. ဖုန်း၊ ကွန်ပျူတာ screenကြည့်ချိန်များကို ကန့်သတ်ပါ။
မျက်စိညောင်းညာခြင်းနှင့် ပုံမှန်မျက်စိအနားယူရန် လိုအပ်ခြင်းအကြား ဆက်သွယ်မှုကိုမပြုလုပ်တတ်သော ကလေးများအတွက် screen ကြည့်ချိန်များကို ကန့်သတ်ထားဖို့ အထူးအရေးကြီးပါတယ်။
4. မျက်စဉ်းခပ်ပါ။
ဆေးဆိုင်များမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ မျက်စဉ်းခပ်ဆေးများဟာ မျက်လုံးခြောက်သွေ့မှုကို ကာကွယ်ပေးနိုင်ပြီး သက်သာရာရစေပါတယ်။ သင့်မျက်လုံးများ အဆင်ပြေနေတယ်လို့ ထင်ရတဲ့အခါမှာတောင် မျက်စဉ်းခပ်ပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပြီး အထက်ပါ လက္ခဏာများ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင်၏မျက်လုံးများသည်ကောင်းမွန်စွာချောဆီကိုထိန်းထားနိုင်ပြီးရောဂါလက္ခဏာများထပ်မံဖြစ်ပွားခြင်းမှကာကွယ်ရန်သင့်မျက်လုံးများကောင်းမွန်နေလျှင်ပင်သူတို့ကိုသုံးပါ။
ဘယ်မျက်စဉ်းခပ်ဆေးက သင့်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာကို သင့်ဆရာဝန်က အကြံပြုပေးပါလိမ့်မယ်။ တာရှည်ခံပစ္စည်းများမပါသည့် မျက်စဉ်းများကို သင်လိုအပ်သလောက် မကြာခဏအသုံးပြုနိုင်ပါတယ်။ သင်အသုံးပြုနေသော မျက်စဉ်းတွင် တာရှည်ခံပစ္စည်းများပါဝင်နေပါက တစ်နေ့လေးကြိမ်ထက် ပိုမသုံးမိပါစေနှင့်။ မျက်လုံးနီရဲမှုကို ပျောက်ကင်းစေတဲ့ မျက်စဉ်းများဟာ မျက်လုံးခြောက်သွေ့မှုကို ပိုဆိုးစေနိုင်တာကြောင့် ၎င်းတို့ကို ရှောင်ကြဉ်ရပါမယ်။
5. သင့်အခန်းတွင်း လေဝင်လေထွက် တိုးတက်အောင် ပြောင်းလဲမှုများ လုပ်ဆောင်ပါ။
မျက်လုံးမှာ ခြောက်သွေ့မှုမှ ကာကွယ်နိုင်ရန် humidifier အသုံးပြုခြင်း၊ လေမှုတ်ထုတ်နှုန်းကို လျှော့ချရန် အပူထိန်းကိရိယာကိုညှိပေးခြင်းနှင့် ဆေးလိပ်မသောက်ခြင်း စသည့်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ပါတယ်။ သင်ထိုင်နေကျနေရာကို ရွှေ့ပြောင်းလိုက်ခြင်းဖြင့်လည်း မျက်နှာပေါ်သို့ အဲယားကွန်းမှ မျက်လုံးခြောက်သွေ့စေသော လေများဖြတ်သန်းနှုန်းကို လျှော့ချပေးနိုင်ပါတယ်။
6. သင့်အတွက် ကိုက်ညီသော မျက်မှန်ကို ရွေးချယ်ပါ။
အကယ်၍ သင်သည် မျက်မှန် သို့မဟုတ် မျက်ကပ်မှန်များ လိုအပ်ပြီး ကွန်ပျူတာဖြင့် အလုပ်လုပ်ရပါက ကွန်ပျူတာအလုပ်အတွက် အထူးဒီဇိုင်းပြုလုပ်ထားသော မျက်မှန် သို့မဟုတ် မျက်ကပ်မှန်များကို အသုံးပြုဖို့ စဉ်းစားသင့်ပါတယ်။ သင့်ရဲ့ optometrist ဆီမှာ မှန်ဘီလူးအဖုံးများနှင့် tint များ အကြောင်း စုံစမ်းမေးမြန်းတာကလည်း အထောက်အကူပြုနိုင်ပါတယ်။
ကွန်ပျူတာအလုပ်လုပ်ရသူများအတွက် သိကောင်းစရာများ
ကွန်ပျူတာအသုံးပြုခြင်းဟာ မျက်လုံးများ ညောင်းညာခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ သင်ဟာ တစ်နေ့လုံထိုင်ပြီး ကွန်ပျူတာနှင့် အလုပ်လုပ်ရသူဆိုလျှင် အောက်ပါ self-care steps များက သင့်မျက်စိအပေါ် ဖိစီးမှုအချို့ကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။
1. မကြာခဏ မျက်တောင်ခတ်ပေးပါ။
လူအများစုက ကွန်ပျူတာရှေ့ အလုပ်လုပ်ရတဲ့အခါ ပုံမှန်လောက် မကြာခဏ မျက်တောင်မခတ်သည့်အတွက် မျက်လုံးများ ခြောက်သွေ့စေပါတယ်။ မျက်တောင်ခတ်ပေးခြင်းက မျက်ရည်ထုတ်ပေးတာကြောင့် မျက်လုံးကို စိုစွတ်လန်းဆန်းစေပါတယ်။ ဒါကြောင့် ကွန်ပျူတာအသုံးပြုတဲ့အခါ မကြာခဏ မျက်တောင်ခတ်ပေးတဲ့ အလေ့အကျင့်ရှိအောင် ကြိုးစားကြည့်ပါ။
2. မျက်လုံးကို အနားပေးပါ။
တစ်နေ့တာတစ်လျှောက်မှာ ကွန်ပျူတာကို မကြည့်ခြင်းဖြင့် သင့်မျက်လုံးကို အနားပေးပါ။ မိနစ်20တိုင်း ပေ20အကွာအဝေးမှ တစ်ခုခုကို စက္ကန့်20 စိုက်ကြည့်ပေးရတဲ့ 20-20-20 စည်းမျဉ်းကို ကြိုးစားလိုက်နာကြည့်ပါ။
3. အလင်းရောင်တောက်ပမှုကို လျှော့ချပါ။ တောက်ပသောအလင်းရောင်နှင့် အလင်းရောင်များလွန်းခြင်းက သင့်မျက်စိကို ညောင်းညာစေပြီး ကွန်ပျူတာမော်နီတာရှိ အရာဝတ္ထုများကိုမြင်ရန် ခက်ခဲစေပါတယ်။ အဆိုးဆုံးပြဿနာများကတော့ ယေဘုယျအားဖြင့် မီးချောင်းအလင်းရောင်နှင့် နေရောင်ခြည်အပါအဝင် သင့်အထက် သို့မဟုတ် အနောက်ဘက်မှ အလင်းအရင်းအမြစ်များ ဖြစ်ပါတယ်။ Overhead မီးလုံးအချို့သို့မဟုတ် အားလုံးကို ပိတ်ထားကြည့်ပါ။
စာရေးရန်၊ ဖတ်ရန်အတွက် အလင်းလိုအပ်ပါက ချိန်ညှိနိုင်သော မီးအိမ်ကိုသုံးပါ။ ကန့်လန့်ကာများကိုပိတ်ပြီး ကွန်ပျူတာကို ပြတင်းပေါက် (သို့) အဖြူရောင်နံရံရှေ့မှာ တိုက်ရိုက်မထားပါနှင့်။ ကွန်ပျူတာ screenပေါ်မှာ anti-glare cover တပ်ဆင်ထားပါ။
4. Monitor အနေအထားကို ပြုပြင်ပါ။
Monitor ကို သင့်အရှေ့တည့်တည့် လမ်းတစ်ကမ်းအလိုမှာထားပြီး screenအပေါ်ပိုင်းက သင့်မျက်လုံးနှင့် တစ်တန်းတည်း သို့မဟုတ် အောက်နားကျရုံမှာ ရှိနေပါစေ။ ချိန်ညှိနိုင်တဲ့ ကုလားထိုင်ရှိတာကလည်း အထောက်အကူပြုပေးနိုင်မှာပါ။
5. Document holder ကို အသုံးပြုပါ။
ကွန်ပျူတာအသုံးပြုနေချိန် စာရွက်ပေါ်ပုံနှိပ်ထားသော စာလုံးများကိုလည်း ကြည့်ဖို့လိုပါက ၎င်းတို့ကို document holder အသုံးပြု၍ ကြည့်ပါ။ အချို့ holderတွေကို keyboardနှင့် monitorကြား ထားဖို့လိုပြီး အချို့ကိုတော့ ဘေးမှာထားရတာကြောင့် သင့်အတွက် အဆင်ပြေမယ့် holderကို အသုံးပြုနိုင်ပါတယ်။ အဓိကရည်မှန်းချက်က သင့်မျက်လုံးတွေ ခဏခဏ နေရာပြောင်းပြီး ကြည့်နေရတာကို လျှော့ချဖို့နှင့် သင့်လည်ပင်းနှင့် ဦးခေါင်းကို မကြာခဏ လှည့်နေရတာတွေ လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။
6. သင့်ရဲ့ screen settings ကို ချိန်ညှိမှုများ ပြုလုပ်ပါ။
ပိုမိုလွယ်ကူစွာ ဖတ်ရှုနိုင်ဖို့အတွက် စာလုံးအရွယ်အစားများကို ချဲ့ခြင်းအပြင် သင့်အတွက် သက်တောင့်သက်သာရှိတဲ့ contrast နှင့် brightness level ကိုလည်း ချိန်ညှိထားပါ။