"You are what you eat" ဆိုတဲ့ စကားအတိုင်းပဲ အားလုံး တပ်မက်တောင့်ပကြတဲ့ တောက်ပတဲ့ အသားအရေနှင့် ကျန်းမာတဲ့ ဆံပင်ကို ပိုင်ဆိုင်ဖို့ နေ့စဉ် ခန္ဓာကိုယ်ထဲ ထည့်သွင်းစားသောက်လိုက်တဲ့ အစားအသောက်တွေပေါ်မှာ လုံးဝမူတည်နေပါတယ်။ ကျန်းမာတဲ့ ဆံပင်နှင့် အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျွမ်းကျင်သူများထံမှ diet tips အချို့ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ရုပ်အသွင်အပြင်နှင့် ပတ်သတ်၍ စားဖို့ အဆိုးဆုံးအရာတွေကတော့
အဆီများတဲ့ အစားအစာများ (အထူးသဖြင့် အသားမှရသော အဆီ)
အဆီဓာတ်ပြည့်ဝသော နို့ထွက်ပစ္စည်းများ
ပြုပြင်ထားသော အစားအစာများ (processed foods)
သန့်စင်ထားသော အစေ့အဆံများ (refined grains)
အလွန်အကျွံထည့်ထားသော သကြား
Alcohol
ငန်သော အစားအစာများ ဖြစ်ပါတယ်။
Elizabeth Somer (M.A., R.D., and author of Eat Your Way to Happiness) ကတော့ နေ့စဉ်စားသုံးသင့်တဲ့ အစားအသောက် ပမာဏနဲ့ ပတ်သက်ပြီး အောက်ပါလမ်းညွှန်ချက်များကို လိုက်နာဖို့ အကြံပြုထားပါတယ်။
အရောင်အသွေးစုံလင်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အနည်းဆုံး (၉) ခု
100% whole grains ကို (၅) ခါနှင့်အထက် စားပေးခြင်း
ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ (၃) ခါစားပေးခြင်း
အဆီအရမ်းနည်းသော အနီရောင်အသား၊ ကြက်ရင်ပုံသား၊ ပင်လယ်စာ၊ legumes ကဲ့သို့ zincနှင့် သံဓာတ် ကြွယ်ဝသော အစာများ (၂) ခါစားပေးခြင်း
ရေအနည်းဆုံး (၈) ခွက် သောက်ပေးခြင်း
The brighter, the better
ကုန်စုံဆိုင်မှာ အစားအသောက် ၀ယ်ယူတဲ့အခါမှာ ယေဘုယျအားဖြင့် အရောင်ပိုမိုတောက်ပလေ၊ antioxidants ပါဝင်မှု များပြားလေဖြစ်ကြောင်း သတိရဖို့ Palm Beach Medical မှ ဒေါက်တာ Angela Vecellio က ဆိုပါတယ်။
ဥပမာ - ငရုတ်ပွသီးကို ကြည့်မယ်ဆိုရင် အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်နှင့် အဝါရောင် အရောင်လေးမျိုးဖြင့် လာသော်လည်း အဝါရောင်ငရုတ်ပွသီးမှာ အစိမ်းရောင်ထက် ၃၀ ရာခိုင်နှုန်းပိုသော antioxidants များရှိပါတယ်။ Antioxidants ရနိုင်တဲ့ အခြား အရင်းအမြစ်တွေကတော့ ဘယ်ရီသီးတွေပဲ ဖြစ်ပါတယ်။ (blueberries, raspberries, strawberries, blackberries and cranberries).
အရေးအကြီးဆုံးသော အလှအပဆိုင်ရာ အစားအစာများ
အသီးအရွက်တွေမှာ ပါဝင်တဲ့ ရေဓာတ်ဟာ အသားအရေအတွင်းပိုင်းထိ ရေဓာတ်ဖြည့်ပေးပြီး ခန္ဓာကိုယ်ရဲ့ natural moisturizer အဖြစ် ဆောင်ရွက်ပေးပါတယ်။ အာဟာရဓာတ် လုံလုံလောက်လောက် မရရှိပါက အသားအရေ၊ ဆံပင်နှင့် လက်သည်းများအပြင် အာဟာရဓာတ် ထောက်ပံ့ပေးပြီး စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးတဲ့ သွေးလည်ပတ်မှုမှာ ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။
? Antioxidants: ဆဲလ်တွေ အရွယ်မတိုင်ခင် အိုမင်းခြင်းကို ဖြစ်စေတဲ့ free-radical ပျက်စီးမှုကို ထိန်းသိမ်းရန်အတွက် လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှ antioxidants ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အတွက် အရောင်အသွေး စုံလင်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ နေ့တိုင်းစားပေးဖို မမေ့ပါနဲ့။
? Zinc: ကော်လဂျင်ဖွဲ့စည်းမှုမှာ ပါဝင်ခြင်းဖြင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။
? B-vitamins: ကျန်းမာသော အသားအရေအတွက် ဗီတာမင်ဘီ လုံလောက်စွာ သုံးဆောင်ပေးဖို့ အရေးကြီးပါတယ်။
? Vitamin A: အရေပြားဟာ ခန္ဓာကိုယ်ပေါ်ရှိ အကြီးဆုံး epithelial တစ်သျှူးဖြစ်ပြီး အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အေဟာ epithelial တစ်သျှူးများ ထိန်းသိမ်းရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။
? Vitamin C: အရေပြား တင်းရင်းနုပျိုဖို့ လိုအပ်တဲ့ ကော်လဂျင်ထုတ်လုပ်မှုမှာ ပါဝင်ပါတယ်။ ခရမ်းချဉ်သီး၊ သခွားသီး၊ ငရုတ်ပွသီး၊ broccoli နှင့် အာလူးတို့မှာ ပါဝင်ပါတယ်။
? Beta-carotene: နေလောင်တာကြောင့် ဖြစ်တဲ့ free radical တွေကို ချေမှုန်းပေပြီး ကျန်းမာတဲ့ အသားအရေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥ၊ butternut squash နှင့် အခြားလိမ္မော်ရောင်နှင့် အစိမ်းရောင် အသီးအနှံများမှာ ပါဝင်ပါတယ်။
? Omega-3s: အရေပြား ပုံမှန်လုပ်ဆောင်မှုအတွက် လိုအပ်ပါတယ်။ ဂေါ်ဖီထုပ်မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
? Water and potassium: အရေပြားကို ရေဓာတ်ဖြည့်ပေးပါတယ်။ အသီးအရွက်အများစုမှာ ပါဝင်ပါတယ်။
Biotin ရဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးများ
Biotin ဆိုတာ အသားအရေ၊ ဆံပင်နှင့် လက်သည်းခြေသည်းများ ကျန်းမာရေးကို ကူညီထောက်ပံ့ပေးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ Celebrity hairstylist တစ်ယောက်ဖြစ်တဲ့ Julia Papworth က biotion သုံးဆောင်တဲ့ ပမာဏ မြှင့်တင်ပေးခြင်းက ဆံပင်နှင့် လက်သည်းများကို သန်မာစေကြောင်း ဆိုပါတယ်။
Nature's Bounty Optimal Solutions Hair, Skin and Nails supplement မှာတော့ biotin ပါဝင်ရုံသာမက ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်ရော လှစေဖို့အတွက် Vitamins A, C နှင့် E တို့ ပါဝင်တာကြောင့် နေ့စဉ် သုံးဆောင်သင့်တဲ့ biotin ပမာဏလုံလောက်စေဖို့ သေချာတဲ့ နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။
အသားအရေနှင့် ဆံပင် ကျန်းမာစေတဲ့ အစားအစာများကို နေ့စဉ်အစားအသောက်ထဲ လွယ်ကူစွာ ပေါင်းထည့်နည်းများ
အမြဲတမ်း ကျန်းမာစွာ စားသောက်နေထိုင်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒီအတွက် အလုပ်အများဆုံး အမျိုးသမီးများတောင် အလွယ်တကူ လိုက်နာနိုင်မယ့် အရေပြားနှင့် ဆံပင် အကျိုးပြု အစားအစာများ စားသောက်နေထိုင်မှုပုံစံကို Elizabeth Somer က အောက်ပါအတိုင်း အကြံပြုထားပါတယ်။
အစာစားတိုင်း အရောင်အသွေးစုံလင်တဲ့ အသီးအရွက် ၂ ခု နှင့် သရေစာစားတိုင်း အနည်းဆုံး ၁ ခု စားပေးပါ။
ရိုးရိုးပေါင်မုန့်အစား 100% whole-grain bread ကို ပြောင်းလဲ စားသုံးပါ။
Sandwiches ထဲ ဟင်းနုနွယ်ရွက် တစ်ခွက်စာလောက် ထည့်စားပါ။
Spaghetti sauce ထဲ မုန်လာဥနီများ ခြစ်ထည့်ပါ။
အာလူးကြော်အစား ဖရဲသီးကို သရေစာအဖြစ်စားပါ။
ညမှာ ရေခဲမုန့်အစား frozen blueberry များကို အစားထိုးစားသုံးပါ။
သင့်ပန်းကန်ရဲ့ 75% ဟာ အသင့်စားမဟုတ်တဲ့ တကယ့်အစားအစာများနှင့်သာ ပြည့်နေရမယ့်ဆိုတဲ့ စည်းမျဥ်း
သတ်မှတ်ပေးပါ။
စတဲ့ နည်းလမ်းများကို လိုက်နာပေးခြင်းဖြင့် အလုပ်ရှုပ်လှတဲ့ နေ့စဉ်ဘဝမှာ ကျန်းမာလှပတဲ့ နေထိုင်စားသောက်မှုပုံစံကို ရယူလိုက်ပါ။
Source: Nature's Bounty