COVID-19 နှင့် ကလေးငယ်များအတွက် သိထားသင့်သော အကြောင်းအရာများ



Q1: ကလေးတွေမှာ COVID-19 ရဲ့လက္ခဏာတွေက ဘာတွေလဲ။


၂၀၂၀ ခုနှစ် ဖေဖော်ဝါရီအထိ တရုတ်တွင် COVID-19 အတည်ပြုလူနာ ၄၄,၆၇၂ ဦး အနက် ၄၁၆ ဦး (၀.၉ ရာခိုင်နှုန်း) သာ ၁၀ နှစ်အောက်ကလေးများ ဖြစ်ကြပါတယ်။ ကူးစက်မှု ၅၄၉ ခု (၁.၂ ရာခိုင်နှုန်း) သည် အသက် ၁၀ နှစ်မှ ၁၉ နှစ်ကြား ကလေးများနှင့် ဆယ်ကျော်သက်များ ဖြစ်ပါတယ်။ ၎င်းတို့သည် ကူးစက်ခံရသူတစ်ဦး နှင့် အနီးကပ်ထိတွေ့ခဲ့ကြသော ကလေးများ (သို့) မိသားစုလိုက် ကူးစက်ခံသူများ ဖြစ်ကြပါတယ်။


၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၀ တွင် တရုတ်ပြည်မှ ကလေးငယ် ၂၈ ဦး ကို ပထမဆုံးသော အသေးစိတ်လေ့လာမှုတစ်ခုအရ ကလေးအများစုသည် ချောင်းခြောက်ဆိုးခြင်း၊ မောပန်းခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းလျှောခြင်း စသည့်လက္ခဏာများကို ပြသကြောင်း တွေ့ရပါတယ်။  ၎င်းတို့အနက်မှ ထက်ဝက်ခန့်သာ အဖျားရှိခဲ့သည်။ ဤကလေးများအများစုသည် နမိုးနီးယားမ၀င်ဘဲ ဖျားနာပြီး ၁ ပတ်မှ ၂ ပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြပါတယ်။ ၎င်းတို့ထဲမှ အတော်များများတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိရသော်လည်း သိသာထင်ရှားသော ရောဂါလက္ခဏာများမပြခဲ့ပါ။  တရုတ်နိုင်ငံ၊ ရှန်ကျန်းမှ ကလေးအထူးကု ၃၄ ဦး ၏ အချက်အလက်များသည်လည်း အလားတူတွေ့ရှိချက်ကို ပြသခဲ့ပါသည်။


အချုပ်အားဖြင့်ဆိုရသော် ချောင်းခြောက်ဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့သည် အသိသာဆုံးလက္ခဏာများဖြစ်သည်။



Q2: သင့်ကလေးမှာ COVID-19 ရှိတယ်လို့ထင်ရင် ဘယ်လိုအကူအညီတောင်းသင့်သလဲ။


ကလေးတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေက ကလေးတော်တော်များများမှာဖြစ်ပွားတတ်တဲ့ ဗိုင်းရပ်စ်ရောဂါတွေနဲ့ ဆင်တူပါတယ်။


သင့်ကလေးတွင် အသက်ရှူမြန်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် ထုံထိုင်းခြင်းတို့ ခံစားရကာ နေမကောင်းဖြစ်နေလျှင် ဆရာဝန်နှင့်ပြဖို့ အရေးကြီးပါတယ်။ ဆရာဝန်က သင့်ကလေးတွင် နမိုးနီးယား ရောဂါလက္ခဏာများရှိမရှိကို အကဲဖြတ်မည်ဖြစ်ပြီး အတည်ပြုရန်အတွက် ရင်ဘတ်ဓာတ်မှန်ရိုက်ရန် အကြံပြုလိမ့်မည်။


သင့်ကလေးသည် နမိုးနီးယားရောဂါခံစားနေရပြီး ဆေးရုံတက်ရန်လိုအပ်ပါက ကလေးအထူးကုဆေးရုံတွင် ကုသသင့်ပါတယ်။ သင့်ကလေးတွင် နမိုးနီးယားကူးစက်ခံရပါက အဆုတ်ရောင်ရောဂါအတွက် ကုသမှုကိုခံယူနေစဉ် COVID-19 အတည်ပြုစစ်ဆေးမှုကို ဆိုင်းငံ့ထားကာ ဆေးရုံများတွင် သီးခြားနေရလိမ့်မည်။


အထူးသဖြင့် ဤကာလအတွင်း ဗိုင်းရပ်စ်ပြန့်ပွားမှုကိုထိန်းချုပ်ရန် မိဘများ၏ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။


ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန် သိကောင်းစရာများ:

  • သင့်ကလေးအား လုံလောက်စွာအနားယူ‌စေပြီး အရည်များများသောက်ခိုင်းပါ။

  • သင့်ကလေး ဖျားနာခြင်း၊ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း (သို့) ချောင်းဆိုးခြင်းတို့ကို သက်သာစေရန် ဆေးတိုက်ပေးနိုင်ပါတယ်။

  • သင့်ကလေးကို အခြားမိသားစုဝင်များထံမှ သီးခြားအခန်းတစ်ခုတွင်ထားပါ။

  • လိုအပ်ရင် mask တပ်ပါ။  သင့်ကလေးသည် အသက် ၃ နှစ်အထက်ဖြစ်လျှင် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို လျှော့ချရန် mask ကို ဝတ်ဆင်နိုင်ပါတယ်။ ၃ နှစ်အောက်ဖြစ်လျှင် ထိုအစား အခြားမိသားစုဝင်များသည် သူတို့ကိုယ်သူတို့ကာကွယ်ရန် mask များကို ဝတ်ဆင်ထားနိုင်သည်။

  • အသုံးအဆောင်များ၊ အစားအစာ (သို့) အချိုရည်များ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ဗိုင်းရပ်စ်ပိုးသည် ထိတွေ့ခြင်းမှစ၍ ကူးစက်နိုင်တာကြောင့် သင့်ကလေးကို အိမ်၏အများပြည်သူနေရာများနှင့်ဝေးဝေး ကိုယ်ပိုင်အခန်းတွင် ထားပါ။

  • သင်နှင့် သင့်ကလေးနှစ်ဦး စလုံး လက်ကို ဆပ်ပြာနှင့်ရေတို့ဖြင့် မကြာခဏဆေးကြောခြင်းဖြင့် လက်သန့်ရှင်းရေးကို ပြုလုပ်သင့်သည်။

  • ဖျားနာနေစဉ်အတွင်း ကစားစရာများမျှဝေခြင်းကို ရှောင်ကြဉ်ပါ။

  • သင့်ကလေးရဲ့ ကစားစရာများနှင့် ပတ်ဝန်းကျင်ကို အရက်ပြန် ၇၅ ရာခိုင်နှုန်း (ဥပမာ - ethanol နှင့် isopropyl alcohol solution များ) သို့မဟုတ် anti-bacterial wipes များထက် ကလိုရင်းပါဝင်တဲ့ ပိုးသတ်ဆေးများဖြင့် ပိုးသတ်ပါ။

  • ၅ ရက်အကြာမှာ သင့်ကလေးရဲ့အခြေအနေက မသက်သာသေးလျှင် ဆရာဝန်နှင့်ပြပါ။



Q3: သင့်ကလေး COVID-19 ကြောင့် သီးသန့်ခွဲနေရမယ်ဆိုလျှင် သင့်ကလေးနှင့်အတူ နေခွင့်ရှိမလား။


ဆေးရုံအများစုသည် ဆေးရုံသို့၀င်ရောက်လာသော မကျန်းမာသည့်ကလေးများအားလုံးအတွက် မိဘမူဝါဒတစ်ခုတည်းကို ချမှတ်ထားပါတယ်။  သင့်ကလေးမှာ COVID-19 သံသယရှိနေပြီး သီးသန့်ခွဲနေဖို့လိုပါက မိဘတစ်ဦး အား ကလေးနှင့်လိုက်ပါခွင့်ပြုထားသည်။  သင့်ကလေးဟာ သီးသန့်နေရမည်ဖြစ်သောကြောင့် သင့်ကလေးနှင့်အတူ သင်လဲ သီးသန့်ခွဲနေဖို့ လိုအပ်ပါတယ်။ သင့်ကလေးတွင် COVID-19 positive တွေ့ပါက သင့်ကိုလည်း quarantine ချထားပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာတာကို အနီးကပ်စောင့်ကြည့်ပါလိမ့်မယ်။


Q4: COVID-19 အတွက်ဘယ်လိုကုသမှုတွေရှိပါသလဲ။


COVID-19 သည် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်တာ‌ကြောင့် ကုသမှုခံယူသင့်ပါတယ်။ ဥပမာများတွင် အနားယူခြင်းနှင့် အရည်များများသောက်ခြင်းတို့ ပါဝင်သည်။  ပြင်းထန်သောအခြေအနေများတွင် ဖြည့်စွက်အောက်ဆီဂျင် (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက်အပံ့ကို ပံ့ပိုးပေးနိုင်ပါသည်။ ဗိုင်းရပ်စ်၊ HIV နှင့် ခုခံအားကိုပြောင်းလဲစေသောဆေးများကို အောင်မြင်မှုအချို့နှင့်လည်း အသုံးပြုနိုင်ခဲ့ပါသည်။


သို့သော် ဤဆေးများ၏ လုံခြုံမှုနှင့် ထိရောက်မှုကို ကလေးများတွင် အကဲဖြတ်မခံရသေးတာကြောင့် ဤဆေးများကို ကလေးဆရာဝန်၏ ဆုံးဖြတ်ချက်အရ သုံးဆွဲရမည်ဖြစ်ပါသည်။


Q5: တုပ်ကွေးကာကွယ်ဆေးက သင့်ကလေးကို COVID-19 ကနေ ကာကွယ်ပေးမှာလား။


မကာကွယ်ပေးနိုင်ပါ။ တုပ်ကွေးကာကွယ်ဆေးသည် ရာသီတုပ်ကွေး A နှင့် B ဗိုင်းရပ်စ်များကိုသာ ကာကွယ်ပေးပြီး COVID-19 ကို မကာကွယ်နိုင်ပါ။


သို့သော် တုပ်ကွေးရောဂါအတွက် နှစ်စဉ်ကာကွယ်ဆေးထိုးရန် အကြံပြုထားကြပါသည်။  အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများက ၂၀၁၉ - ၂၀၂၀ တုပ်ကွေးရာသီတွင် ကလေးငယ်များသေဆုံးမှု အရေအတွက်သည် စိုးရိမ်စရာတိုးလာကြောင်း အစီရင်ခံခဲ့ပါသည်။



Q6: သင့်ကလေးဟာ COVID-19 ကို အသံတိတ်သယ်ဆောင်သူ ဖြစ်နေနိုင်သလား။


သင့်ကလေးမှာ ရောဂါလက္ခဏာမပြလျှင်ပင် အခြားမိသားစုဝင်များကို ကူးစက်နိုင်ပါသလား။

ကူးစက်နိုင်ပါတယ်။ တရုတ်မှာတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေအရ နီးစပ်တဲ့အဆက်အသွယ်ရှိတဲ့ ကလေးအတော်များများဟာ ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ထားကြပါတယ်။  သို့သော် ဗိုင်းရပ်စ်နှင့်တိုက်ရိုက်ထိတွေ့သော ကလေးများတွင် ပိုမိုပျော့ပျောင်းပြီး အားနည်းသောကူးစက်မှုကို ညွှန်ပြနေပါတယ်။  လက်ရှိတွင် အနီးကပ်အဆက်အသွယ်မရှိသော ကျန်းမာသောကလေးများသည် COVID-19 ကူးစက်နေကြောင်း အထောက်အထားမတွေ့ရပါ။  စင်စစ်အားဖြင့် စင်ကာပူသည် COVID-19 ကူးစက်မှုကို စမ်းသပ်ရာတွင် အဆုတ်ရောင်ရောဂါရှိသည့် ကလေးများအားလုံးကို ထည့်သွင်းရန်ကြိုးစားမှုကို ချဲ့ထွင်နေသော်လည်း အဆက်အသွယ်မရှိသော ရောဂါပိုးမတွေ့ရသေးပါ။


ထို့ကြောင့် သင့်ကလေးသည် COVID-19 ရောဂါရှိသူတစ်ဦးနှင့် အနီးကပ်တွေ့ခဲ့လျှင် သို့မဟုတ် COVID-19 အန္တရာယ်မြင့်မားသောနိုင်ငံများမှပြန်လာလျှင် ရောဂါလက္ခဏာမပြဘဲ အသံတိတ်သယ်ဆောင်သူ ဖြစ်နေနိုင်ပါတယ်။  ဤအခြေအနေများတွင် သင်၏ကလေးသည် ၁၄ ရက်တာ အိမ်တွင်သီးသန့်နေဖို့ လိုအပ်လိမ့်မည်။ Mask တပ်သင့်သည့် အရွယ်ဆိုလျှင် mask တပ်ခိုင်းပါ။  မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွယ်အိုများ သို့မဟုတ် နဂိုနာတာရှည်ရောဂါရှိသူများကဲ့သို့ မိသားစုဝင်များကို သီးခြားအခန်းတစ်ခန်းတွင် သီးခြားခွဲထားခြင်းဖြင့် အိမ်ထောင်စုအတွင်း နောက်ထပ်သတိထားမှုများ ပြုလုပ်သင့်ပါတယ်။


သို့သော် တုပ်ကွေးကဲ့သို့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို လေ့လာမှုများတွင် ပြသသည့်အတိုင်း asymptomatic carriers များမှတစ်ဆင့် ကူးစက်နိုင်ခြေနည်းကြောင်းကို သတိပြုပါ။  ဤလေ့လာမှုများတွင် အလွန်နည်းပါးသော ဗိုင်းရပ်စ်ကူးစက်မှုများသည် ရောဂါလက္ခဏာမပြမီ ၁-၂ ရက်အလိုတွင်ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ စတင်ဖြစ်ပေါ်လာသည်။  ယေဘူယျအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် asymptomatic ပြန့်ပွားမှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအများစုအတွက် မပါ၀င်ပါ။



Q7: သင် (သို့) သင့်ကလေးမှာ COVID-19 ကူးစက်ခံရရင် သင့်ကလေးကို မိခင်နို့တိုက်နိုင်သလား။


အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်များနှင့် တွေ့ကြုံမှုပေါ် မူတည်၍ မိခင်နို့မှတဆင့် ဗိုင်းရပ်စ်များကူးစက်ခြင်းသည် မိခင်နို့တိုက်ခြင်း၏ ကကျိုးကျေးဇူးများနှင့်နှိုင်းယှဉ်လျှင် သိသိသာသာ နည်းပါးပါယ်။ တရုတ်နိုင်ငံတွင် COVID-19 ကိုယ်ဝန်ဆောင်အမျိုးသမီး ၆ ဦး ထံမှ မိခင်နို့ရည်နမူနာတွင် ဗိုင်းရပ်စ်ပိုးရှိမရှိစမ်းသပ်ခဲ့ရာ negativeဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။


သို့သော်လည်း အကယ်၍ သင်သည် COVID-19 ရောဂါကူးစက်ခံရပြီဆိုပါက အသက်ရှူလမ်းကြောင်းမှအရည်များနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ကလေးငယ်များသို့ ဗိုင်းရပ်စ်ကူးစက်ခြင်းကို ကာကွယ်ရန် အပိုကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်သည်။  ၎င်းတွင် နို့တိုက်နေစဉ် mask တပ်ခြင်းနှင့် ကလေးအားကိုင်တွယ်သည့်အခါ တင်းကျပ်သောလက်သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ ပါဝင်သည်။ ကြိုတင်ထုတ်ဖော်ထားသောနို့များကို ကိုင်တွယ်သည့်အခါတွင်လည်း သင့်တော်သော တစ်ကိုယ်ရေသန့်ရှင်းမှုကို ကြိုတင်သတိပြုပါ။


သင့်ကလေးတွင် COVID-19 ရောဂါလက္ခဏာတွေ့ရှိပါက မိခင်နို့ ဆက်လက်တိုက်ကျွေးနိုင်ပါသည်။ သင့်ကိုယ်သင်ကာကွယ်ရန် mask တပ်၍ လက်သန့်ရှင်းရေးကို သေချာပြုလုပ်ပါ။ သင်ကိုယ်တိုင် quarantine ဝင်သင့်ပြီး အဖျား (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတစ်ခုခုဖြစ်လာလျှင် စောစောစီးစီး ဆေးကုသမှုခံယူသင့်သည်။



Q8: ဆေးရုံတွေကိုရှောင်သင့်သလား၊ ကာကွယ်ဆေးထိုးဖို့ ဒါမှမဟုတ် သင့်ကလေးရဲ့ နာတာရှည်ရောဂါတွေအတွက် ဆေးရုံမှာ ဆက်ပြသင့်သလား။


ကလေး၏ နာတာရှည်ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရန်၊ ပုံမှန်ကလေးကာကွယ်ဆေးပုံမှန်ထိုးရန်နှင့် ပုံမှန်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် အရေးကြီးပါတယ်။  အရေးပေါ်မဟုတ်သော အခြားဆေးဘက်ဆိုင်ရာအကြံဥာဏ်များကိုတော့ ရွှေ့ဆိုင်းနိုင်သည်။


ပုံမှန်ကာကွယ်ဆေးထိုးခြင်းက သင့်ကလေးအား COVID-19 ထက် သေဆုံးမှုပိုများစေသော ဝက်သက်၊ ဆုံဆို့နာ၊ Haemophilus influenzae၊ Pneumococcal pneumonia ကဲ့သို့သော ကလေးသူငယ်ရောဂါများကူးစက်ခြင်းမှ ကာကွယ်ပေးပါလိမ့်မည်။


သင့်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ (ဥပမာ - ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း သို့မဟုတ် ဖျားခြင်း) ရှိပါက နီးစပ်ရာ ပြည်သူ့ကျန်းမာရေး‌ ဆေးရုံ၊ဆေးခန်းများသို့ သွားသင့်ပါတယ်။  သင့်အခြေအနေအတွက် အချိန်မီကုသမှုခံယူရန် အရေးကြီးပါတယ်။



Article contributed by Dr Mohana Rajakulendran, paediatrician at Parkway East Hospital

Reference: https://www.parkwayeast.com.sg/healthplus/article/covid-19-children