သားသားမီးမီးတို့ရဲ့ screen time ကို လျှော့ချနိုင်ဖို့ အကောင်းဆုံးနည်းလမ်းများ


နေရာတိုင်းလိုလိုမှာ screenတွေနဲ့ အလုပ်လုပ်နေတဲ့ ယနေ့ခေတ်မှာ ကလေးတွေရဲ့ screen time ကို ထိန်းချုပ်ဖို့က အလွန်ခက်ခဲနိုင်ပါတယ်။ ပိုပြီးရှုပ်ထွေးစေတာကတော့ screen time အချို့က သင့်ကလေးရဲ့ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးကို အထောက်အကူပြုပေးနေတာ ဖြစ်ပါတယ်။ ဒီတော့ သင့်ကလေးရဲ့ screen time ကို ဘယ်လိုသတ်မှတ်ပေးရမလဲဆိုတာ ခေါင်းစားစရာဖြစ်လာတာပေါ့။


ယခုဆောင်းပါးမှာ သင့်ကလေးအတွက် screen နှင့် media အသုံးပြုမှု လမ်းညွှန်ချက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။



PhotoSource_Fortune.com


Screen များရဲ့ ပြဿနာများ


အီလက်ထရောနစ်မီဒီယာထက် သတ်မှတ်ချက်များမပါဝင်တဲ့ ကစားချိန်ဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ပိုအဖိုးတန်ပါတယ်။ အသက် ၂ နှစ်အောက်ကလေးတွေဟာ ဗီဒီယိုကနေထက် တိုက်ရိုက်တင်ဆက်မှုတစ်ခုမှ အချက်အလက်များကို သင်ယူရန်နဲ့ မှတ်မိရန် အလားအလာပိုများပါတယ်။


အသက် ၂ နှစ်အရွယ်မှာ ကလေးတွေ‌ဟာ တေးဂီတ၊ လှုပ်ရှားမှုနှင့် ပုံပြင်များပါဝင်တဲ့ ပရိုဂရမ်အမျိုးအစားအချို့ကြည့်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ သင့်ကလေးနဲ့အတူ  အတူတကွ ကြည့်ပေးခြင်းအားခြင့် သင့်ကလေးက သူမြင်နေတာကိုနားလည်ပြီး လက်တွေ့ဘဝမှာ ကျင့်သုံးနိုင်မှာဖြစ်ပါတယ်။ သို့သော် ထိုကဲ့သို့ passive screen time တွေက စာဖတ်ခြင်း၊ ကစားခြင်း သို့မဟုတ် ပြဿနာဖြေရှင်းခြင်းတို့လို activityတွေကိုတော့ အစားမထိုးသင့်ပါဘူး။


သင့်ကလေး ကြီးပြင်းလာတာနဲ့အမျှ အောက်ပါဆိုးကျိုးတွေက မသင့်တော်သော သို့မဟုတ် အလွန်များလွန်းသော screen time များနဲ့ ဆက်စပ်နေတတ်တာကို သတိပြုရပါမယ်:


  • အဝလွန်ခြင်း

  • အိပ်ချိန်မမှန်ခြင်းနှင့် အိပ်ချိန်တိုခြင်း

  • အပြုအမူဆိုင်ရာ ပြဿနာများ

  • လူမှုဆက်ဆံရေး မကျွမ်းကျင်ခြင်း

  • ရန်မူခြင်း

  • ကစားချိန်နည်းပါးခြင်း။



PhotoSource_Today’s Parent


Screen time အတွက် စည်းမျဉ်းများချမှတ်ခြင်း


American Academy of Pediatrics က ၁၈-၂၄လအောက် ကလေးများအတွက် ဗီဒီယိုစကားပြောခြင်းမှလွဲ၍ မီဒီယာအသုံးပြုမှုကို တားမြစ်ထားပါတယ်။ အကယ်၍ သင်က ၁၈-၂၄လအရွယ်ကလေးတွေကို ဒစ်ဂျစ်တယ်မီဒီယာနဲ့ မိတ်ဆက်ပေးချင်တယ်ဆိုရင် က‌လေးအတွက် အကျိုးရှိစေမယ့် မီဒီယာကိုသာ အသုံးပြုဖို့ ဂရုပြုသင့်ပြီး social media သုံးတာကို ရှောင်ကြဉ်ပါ။  အသက် ၂ နှစ်မှ ၅ နှစ်ကြား ကလေးများအတွက် သင့်တော်တဲ့ ပရိုဂရမ်အစီအစဉ်ကို တစ်နေ့လျှင် တစ်နာရီသာ ကန့်သတ်ထားပါ။


သင့်ကလေးကြီးပြင်းလာတာနဲ့အမျှ အရွယ်အားလုံးနဲ့ သင့်တင့်လျောက်ပတ်သော မီဒီယာတစ်ခုတည်းနှင့် လုံလောက်တော့မည် မဟုတ်ပါ။ သင့်ကလေးအား နေ့စဉ်သုံးခွင့်ပြုရန် သင့်လျော်သောမီဒီယာနှင့် မည်မျှသုံးခွင့်ပြုမည်ကို ဆုံးဖြတ်ရန် လိုအပ်ပါလိမ့်မယ်။


သင့်ကလေးရဲ့ အပြင်နှင့် screenထဲမှ ပတ်ဝန်းကျင်နှစ်ခုလုံးအတွက် တူညီတဲ့စည်းမျဉ်းများကို ချမှတ်ရန် စဉ်းစားပါ။  ပတ်ဝန်းကျင်နှစ်ခုလုံးတွင် သင့်ကလေးနှင့်အတူ ကစားပေးပါ၊ ကြင်နာတတ်စေရန် သင်ပေးပါ၊ သင့်က‌လေးက သူငယ်ချင်းတွေနဲ့ ဘယ်လိုဆက်ဆံတယ်ဆိုတာကို သိထားပါ။ ဒါ့အပြင် သင့်ကလေး ကြည့်ရှူနေတဲ့ မီဒီယာများရဲ့ အရည်အသွေးက နည်းပညာအမျိုးအစား (သို့) သုံးစွဲသည့်အချိန်ပမာဏထက် ပိုအရေးကြီးကြောင်း သတိပြုပါ။


သင့်ကလေးအတွက် သင့်တော်တဲ့ screen time ရရှိစေရန်:


  • သင့်ကလေးကို သင်နှင့်အတူ ကြည့်ရန် (သို့) ကစားရန်ခွင့်မပြုမီ ပရိုဂရမ်များ၊ ဂိမ်းများနှင့် app များကို အစမ်းကြည့်ပါ။  Common Sense Media ကဲ့သို့သော အဖွဲ့အစည်းတွေက ကလေးအတွက် သင့်တော်တာကို ကူညီဆုံးဖြတ်ပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ ၎င်းတို့ကို သင့်ကလေးနဲ့အတူ ကြည့်ပါ၊ ကစားပါ (သို့) သုံးပါ။

  • Screenကို တွန်း၊ ပွတ်ဆွဲရန် (သို့) ငေးကြည့်ရုံသာ လိုအပ်တဲ့အရာများထက် သင့်ကလေးကို အပြန်အလှန် engage လုပ်ပေးနိုင်တဲ့ ရွေးချယ်မှုများကို ရှာဖွေပါ။

  • အင်တာနက်အကြောင်းအရာများကို ပိတ်ဆို့ရန် (သို့) စစ်ထုတ်ရန် parental control များကို သုံးပါ။

  • သင့်ကလေး screen ကြည့်နေတဲ့အခါ သူ့လုပ်ဆောင်မှူတွေကို စောင့်ကြည့်ကြီးကြပ်နိုင်ဖို့အတွက် ကလေးအနီးမှာ နေပါ။

  • တစ်နေ့တာလုံး ကစားခဲ့သည့် ပရိုဂရမ်များ၊ ဂိမ်းများနှင့် appများအကြောင်းကို သင့်ကလေးထံ ပုံမှန်မေးပါ။

  • သင့်ကလေးနဲ့အတူ ပရိုဂရမ်များ ကြည့်နေတဲ့အခါ ကြည့်နေတဲ့ အကြောင်းအရာများကို ဆွေးနွေးပေးပြီး ကြော်ငြာများအကြောင်းများကိုလည်း ပညာပေးပါ။

  • ဒါ့အပြင် ငယ်ရွယ်သောကလေးများ နားလည်ရခက်သော၊ စိတ်အနှောင့်အယှက်ဖြစ်စေသော အကြောင်းအရာများစွာနှင့် အကြမ်းဖက်မီဒီယာများ ပါ၀င်သော ပရိုဂရမ်အစီအစဉ်များကို ရှောင်ကြဉ်ပါ။  ငယ်ရွယ်သောကလေးတွေဟာ ကြော်ငြာများနှင့် ဖြစ်ရပ်မှန်အချက်အလက်များအကြား ခြားနားချက်ကိုပြောပြရန် အခက်အခဲရှိတာကြောင့် appများမှာ ပါဝင်တဲ့ ကြော်ငြာများကို ဖယ်ရှားထားပါ။


PhotoSource_Linda Stade


အသက်ကြီးသောကလေးများအတွက် ကန့်သတ်ချက်များ သတ်မှတ်ခြင်း


သင့်ကလေးရဲ့ screen time က အခြားလုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်မှုကို အနှောင့်အယှက်ဖြစ်စေပါက သင့်ကလေးရဲ့ screen time အတွက် သင့်လျော်သော ကန့်သတ်ချက်များကို သတ်မှတ်ပါ။ ဤအကြံပေးချက်များကို ကျင့်သုံးကြည့်ပါ:


  • သတ်မှတ်ချက်များမရှိသေယ ကစားချိန်ကို ဦးစားပေးပါ။

  • တစ်ပတ်လျှင် တစ်ည (သို့) အစာစားချိန်များတွင် နည်းပညာကင်းစင်သောဇုန်များ (သို့) အချိန်များအဖြစ် သတ်မှတ်ပါ။

  • အိမ်စာလုပ်နေချိန် မီဒီယာဖျော်ဖြေမှု အသုံးပြုခြင်းကို တားမြစ်ပါ။

  • အိပ်ရာမ၀င်မီ တစ်နာရီအလိုတွင် device (သို့) screen များကို အသုံးမပြုရန် နေ့စဉ် သို့မဟုတ် အပတ်စဉ် screen time ကန့်သတ်ချက်များကို သတ်မှတ်ပါ။

  • ကလေးရဲ့ device အသုံးပြုချိန်ကို ထိန်းချုပ်ပေးနိုင်တဲ့ app များကို အသုံးပြုပါ။

  • ညအချိန်တွင် သင့်ကလေးရဲ့ device တွေကို အိပ်ခန်းအပြင်ဘက်မှာ အားသွင်းရန် သတ်မှတ်ပါ။

  • သင့်ကလေးရဲ့ အိပ်ခန်းထဲမှာ screenများ မထားပါနှင့်။

  • သင်ကိုယ်တိုင်ရဲ့ screen time ကို ကန့်သတ်ပါ။

  • Background TVကို ဖယ်ရှားပါ။




PhotoSource_Otsimo


သင့်တော်သော အပြုအမူများ သင်ပေးခြင်း


အွန်လိုင်းဆက်ဆံရေးနှင့် လူမှုကွန်ရက်များဟာ ဆယ်ကျော်သက်အရွယ်ဘ၀၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ သင့်လျော်သောအပြုအမူကို နားလည်သရွေ့ သင်၏ဆယ်ကျော်သက်သည် ဤကမ္ဘာ၏အစိတ်အပိုင်းတစ်ခုဖြစ်ရန် အဆင်သင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။ Sexting၊ cyberbullying နှင့် အွန်လိုင်းပေါ်မှာ ကိုယ်ရေးကိုယ်တာ အချက်အလက်များဝေမျှခြင်းကဲ့သို့ ခွင့်ပြုထားသည့်အရာများနှင့် ခွင့်မပြုသော အရာများကို ရှင်းပြပါ။


သင့်ကလေး မည်မျှပင်တော်သည်ဖြစ်စေ၊ ရင့်ကျက်သည်ဖြစ်စေ၊ သူ့ရဲ့အွန်လိုင်းနှင့် လူမှုကွန်ရက်မီဒီယာအပြုအမူကို စောင့်ကြည့်ပါ။  သင့်ကလေးဟာ တစ်ချိန်ချိန်မှာ မီဒီယာကိုသုံး၍ အမှားလုပ်မိတဲ့အခါ သင့်ကလေးနှင့် စကားပြောပေးပြီး အမှားတွေမှ သင်ယူခိုင်းပါ။ 


သင့်ကလေးက screen များကို ဘယ်အချိန်မှယ အသုံးပြုရမယ်ဆိုတာနဲ့ ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သင့်ဆီမှ သင်ယူရမှာဖြစ်တဲ့အတွက် သင်ကိုယ်တိုင်က နမူနာကောင်းအဖြစ် နေထိုင်ပြဖို့လိုပါတယ်။


သင့်ကလေးအတွက် screen များနှင့် မီဒီယာများအသုံးပြုခြင်းကို စီမံခန့်ခွရတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။  ဒါပေမယ့် အိမ်တွင်းစည်းမျဉ်းစည်းကမ်းတွေကို သေချာပြုစုပြီး သင့်ကလေးကြီးလာတာနဲ့အမျှ စည်းမျဉ်းတွေကို ပြန်သုံးသပ်ခြင်းအားဖြင့် သင့်ကလေးအတွက် လုံခြုံတဲ့အတွေ့အကြုံကို သေချာရရှိအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။



Source: https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/screen-time/art-20047952