ကလေးဝမ်းပျက်ဝမ်းလျှောရင် ဘာတွေလုပ်ရမလဲ
ဝမ်းလျှောခြင်းလောက် ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို နှေးကွေးစေပြီး မိသားစုအစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေတဲ့အရာ မရှိပါ။
သင့်ကလေးရဲ့ ဝမ်းလျှောခြင်းအတွက် အကောင်းဆုံးကုသမှုသည် ၎င်း၏အကြောင်းအရင်းပေါ် မူတည်သော်လည်း ဝမ်းလျှောခြင်းမှ သက်သာစေရန် နည်းလမ်းများလည်းရှိပါတယ်။ ဝမ်းလျှောရောဂါတိုက်ဖျက်ရေးဆေးဝါးများ၊ အိမ်သုံးကုထုံးများနှင့် သင့်ကလေးအတွက် အကောင်းဆုံးအစားအစာများအပါအ၀င် ကလေးငယ်များတွင် ဝမ်းလျှောခြင်းကို မည်သို့ကုသရမည်ကို လေ့လာသင်ယူထားရပါမယ်။
PhotoSource_FirstCryParenting
ကလေးများတွင် ဝမ်းလျှောစေသည့် အကြောင်းအရင်းများ
များသောအားဖြင့် ကလေးများ၀မ်းလျှောလျှင် "acute diarrhea" ဖြစ်တတ်ပြီး ရက်အနည်းငယ်မှ တစ်ပတ်အထိကြာတတ်ပါတယ်။ Acute diarrhea ရဲ့ အဖြစ်များဆုံးအကြောင်းအရင်းကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးများဖြစ်ပါတယ်။
အစာအိမ်ပိုးမွှားများအပြင် ကလေးငယ်များတွင် အောက်ပါအကြောင်းအရင်းများကြောင့် ဝမ်းလျှောနိုင်ပါတယ်:
အစားအသောက်ဓာတ်မတည့်ခြင်း
Lactose intolerance (ထဲပါသည့် သကြားဓာတ်နှင့် မတည့်ခြင်း)
သကြား (သို့) အချိုများသော အစားအသောက်များကို အလွန်အကျွံ စားခြင်း၊ သောက်ခြင်း
အချို့သောပဋိဇီဝဆေးများ
နာတာရှည်ဝမ်းလျှောခြင်းသည် ၂ ပတ်မှ ၄ ပတ်ထက်ပိုကြာသော ဝမ်းလျှောခြင်းဖြစ်ပြီး အဖြစ်နည်းတတ်ပါတယ်။ ၎င်းဟာ acute diarrhea ကဲ့သို့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် ကပ်ပါးပိုးကူးစက်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ နာတာရှည်ဝမ်းလျှောခြင်းဟာ ခန္ဓာကိုယ်အတွင်းရောင်ရမ်းခြင်း၊ celiac disease (သို့) အူလမ်းကြောင်းရောင်ရောဂါ (သို့) အူလမ်းမငြိမ်သည့် ဝမ်းခဏခဏပျက်သည့်ရောဂါ ကဲ့သို့သော အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများကြောင့် ဖြစ်နိုင်ပါတယ်။
PhotoSource_ChildrenHealth
သင့်ကလေး ဝမ်းလျှောတာရပ်ရန်အတွက် ဘာဆေးတွေတိုက်နိုင်သလဲ
များသောအားဖြင့် ကလေးတွေမှာ ဝမ်းလျှောတာကို ကုသဖို့ဆေးဝါးမလိုတတ်ပါဘူး။ ဝမ်းလျှောမှုအများစုတွင် ခန္ဓာကိုယ်မှ ရောဂါပိုးကိုရှင်းထုတ်လိုက်သောအခါ acute diarrhea ရပ်သွားပါလိမ့်မယ်။
ယေဘူယျအားဖြင့် ကလေးများတွင် ကူးစက်တတ်သော ဝမ်းလျှောရောဂါကို ကုသရန် ပဋိဇီဝဆေးများကိုမသုံးပါ။
သင့်ကလေးကို Imodium နှင့် Pepto-Bismol ကဲ့သို့ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ဆေးတွေမတိုင်မီ ဆရာဝန်နှင့် အမြဲစစ်ဆေးပါ။
ကူးစက်ဝမ်းလျှောရောဂါအမျိုးအစားအချို့အတွက် Probiotics များက အကူအညီပေးနိုင်ပါတယ်။ Probiotics များကို ဆေးဆိုင်များတွင် အရည် (သို့) ဆေးလုံးပုံစံများဖြင့် ၀ယ်ယူရရှိနိုင်ပါတယ်။ ကလေးများအတွက် သင့်တော်တဲ့ ပုံစံကို သေချာဝယ်ပါ။ သင့်ကလေးက အသက် ၃ နှစ်အောက်ဖြစ်လျှင် probiotics များ မတိုက်မီ သင့်ဆရာဝန်ထံ မေးမြန်းပါ။
ဆရာဝန်အား ဦးစွာမတိုင်ပင်ဘဲ အသက် ၃ နှစ်အောက်ကလေးများအား မည်သည့်ဆေးအမျိုးအစားကိုမှ မတိုက်ပါနှင့်။
သင့်ကလေးဝမ်းလျှောတာဟာ ရက်အနည်းငယ်ထက်ပိုကြာနေလျှင် အကြောင်းရင်းသိရရန်နှင့် အကောင်းဆုံးကုသမှုကို ရရှိရန် ကလေးအထူးကုနှင့် ပြသင့်ပါတယ်။ နာတာရှည်ဝမ်းလျှောခြင်းအတွက် ဆရာဝန်မှ အစားအစာ၊ ဆေးဝါး သို့မဟုတ် ကုသမှုပြောင်းလဲရန်အတွက် အကြံပြုနိုင်ပါတယ်။
အိမ်သုံးကုထုံးများ
သင့်ကလေးဝမ်းလျှောတာကို ရပ်တန့်စေမည့် တိကျသောအစားအစာ၊ သောက်စရာ သို့မဟုတ် အိမ်သုံးဆေးမရှိပါ။ အကောင်းဆုံးကုသမှုကတော့ သေချာစောင့်ရှောက်ပေးရန်ပဲဖြစ်ပါတယ်။ ဝမ်းလျှောရောဂါလက္ခဏာများမှ သက်သာစေရန် အောက်ပါတို့ကို အာရုံစိုက်လုပ်ဆောင်ပါ:
သင့်ကလေးကို ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ။
အာဟာရပြည့်ဝသော အစားအစာမျိုးစုံ ကျွေးပါ။
သင့်ကလေးကို ဝမ်းလျှောစေတဲ့ အစားအသောက်များကို ခွဲခြားသိရှိထားပါ။
ဝမ်းလျှောတဲ့အခါ ဓာတ်ဆားနှင့် Electrolytes များ ဆုံးရှုံးသွားတာကြောင့် သင့်ကလေးအား ရေဓာတ်ပြည့်ဝစေရန် အလွန်အရေးကြီးပါတယ်။ အချိုရည်များနှင့် အခြား သကြားပါဝင်မှုများတဲ့ အဖျော်ယာမကာများကို ရှောင်ပေးပါ။
ဝမ်းလျှောနေသည့်ကလေးအား ရေဓာတ်ပြည့်ဝနေစေရန် အောက်ပါအရည်များကို များများတိုက်ပေးပါ:
ရေ
စွပ်ပြုတ်
Pediatric electrolyte solution ကို အရည်ပုံစံ သို့မဟုတ် အေးခဲထားသော ပုံစံ
PhotoSource_iStock
ဝမ်းလျှောနေသောကလေးကို ဘယ်လိုအစားအစာတွေ ကျွေးရမလဲ
ဝမ်းလျှောနေတဲ့ ကလေးကို အရည်များများအပြင် ကျန်းမာရေးနှင့်ညီညွတ်မျှတသော အစာကျွေးရန် အရေးကြီးပါတယ်။ ကလေးအစာစားပေးတဲ့အခါ အူမကြီးသက်သာသွားတယ်ဆိုတဲ့ အထောက်အထားတွေရှိပါတယ်။
မိခင်နို့ရည်သောက်ဆဲ ကလေးငယ်များအတွက် မိခင်နို့ရည်မှာ electrolyte solution ထက် အာဟာရဓာတ်တွေပိုရတာကြောင့် ဝမ်းလျှောတဲ့အခါ အာဟာရအတွက် ဆက်လက်ကောင်းမွန်သော ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ကလေးငယ်များ အထူးသဖြင့် မွေးကင်းစကလေးများသည် ဝမ်းလျှောခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုမိုဖြစ်ပေါ်နိုင်တာကို သတိပြုသင့်ပြီး ဝမ်းသွားပုံစံမူမမှန်တာနှင့် သင့်ကလေးအထူးကုဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။
အချို့သော ဝမ်းလျှောခြင်းများတွင် ဆရာဝန်က အချိန်အတိုင်းအတာတစ်ခုအတွင်း နို့ထွက်ပစ္စည်းများ (သို့) သကြားဓာတ်နည်းသော အစားအစာများကိုသာ စားသောက်ဖို့ အကြံပြုနိုင်ပါတယ်။ သင့်ကလေးဆက်ပြီးဝမ်းလျှောနေသေးလျှင် အစားအသောက်ဒိုင်ယာရီတစ်ခုထားပြီး ချရေးမှတ်ထားပါ။ လူအချို့အတွက် အချို့အစားအစားတွေက ဝမ်းလျှောခြင်းကို အားပေးနိုင်ပါတယ်။ ဥပမာအားဖြင့်- irritable bowel syndrome (အူလမ်းမငြိမ်သည့် ဝမ်းခဏခဏပျက်သည့်ရောဂါ) ရှိသော လူနာအချို့တွင် အဆီဓာတ်မြင့်မားသော၊ သကြားဓာတ်မြင့်မားသော သို့မဟုတ် အစပ်များသော အစားအစာများသည် ပြဿနာများဖြစ်စေတတ်သည်ကို သတိပြုမိပါလိမ့်မယ်။ အချို့ကလေးများအတွက် gluten (သို့) နို့ထွက်ပစ္စည်းများက ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ အစားအစာတစ်ခုခုက သင့်ကလေးအတွက် ပြဿနာတစ်ခုခုဖြစ်စေသည်ဟု တွေ့ရှိရပါက ၎င်းကိုချရေးပြီး သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။
အမျှင်ဓာတ် (သို့) အချို့အစားအစာတွေကို ဝမ်းလျှောခြင်းကို ရပ်စေမှာလား
အမျှင်ဓာတ်ကို အူလမ်းကြောင်းလှုပ်ရှားမှုထိန်းညှိရန် မကြာခဏသုံးလေ့ရှိပြီး အစားအစာတွင် ပါဝင်သည့် အမျှင်အမျိုးအစားပေါ်မူတည်၍ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းနှစ်ခုလုံးတွင် သုံးနိုင်ပါတယ်။ အစားအစာတွင် သဘာဝအလျောက်ဖြစ်ပေါ်စေသော ဓာတ်တစ်မျိုးဖြစ်တဲ့ Pectin ကို ဝမ်းချုပ်စေရန် အသုံးပြုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာအချို့သည် သင့်ကလေးရဲ့ ဝမ်းလျှောခြင်းကို နှေးကွေးစေနိုင်ပါတယ်။ ၎င်းတို့တွင် အောက်ပါအစားအစာများ ပါဝင်ပါတယ်:
ပန်းသီး (အခွံမပါ)
ငှက်ပျောသီး
ဘာလီ (မုယောစပါး)
Oat (အုတ်ဂျုံ)
ပဲစေ့၊ပဲတောင့်များ
ပဲလုံးများ
ကန်စွန်းဥ (အခွံမပါ)
Fiber supplement တွေက သင့်ကလေးနဲ့ သင့်တော်ရဲ့လား သိနိုင်ဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ။
PhotoSource_SeasonsMedical
ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုမလဲ
သင့်ကလေးမှာ အောက်ပါအခြေအနေတွေ ရှိနေလျှင် ဆရာဝန်နှင့် ပြရပါမယ်:
သင့်ကလေးက အသက် ၆ လ မပြည့်သေးလျှင်
သွေးပါသော ဝမ်းသွားလျှင်
ရေဓာတ်ခမ်းခြောက်သော လက္ခဏာများပြလျှင် (ဆီးနည်းခြင်း၊ မျက်ရည်မထွက်ခြင်း၊ ခံတွင်းထဲ တံတွေးမရှိခြင်း၊ အလွန်အကျွံအိပ်စက်ခြင်း သို့မဟုတ် လှုပ်ရှားမှုနည်းခြင်း)
ပျို့အန်နေလျှင်
အဖျားကျဆေးသောက်သော်လည်း အဖျားကျမလာလျှင်
ဝမ်းဗိုက်တင်းခြင်း (ရောင်ရမ်းခြင်း သို့မဟုတ် ကြီးလာခြင်း)
ဝမ်းဗိုက်ခွဲစိတ်ဖူးသော မှတ်တမ်းရှိလျှင်
ရောဂါလက္ခဏာများ ၂-၃ ရက်ထက် ပိုကြာနေလျှင်။
သင့်ကလေးက ရေဓာတ်ပြည့်ဝနေလျှင်တောင် နှစ်ရက်သုံးရက်နေလို့ ၀မ်းလျှောတာမသက်သာသေးလျှင် ကလေးအထူးကုနဲ့ သွားပြဖို့ အကြံပေးချင်ပါတယ်။
Source: https://www.childrens.com/health-wellness/how-to-treat-diarrhea-in-kids