မိမိရဲ့ ရင်သွေးငယ်များကို ကျန်းမာပျော်ရွှင်စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဒီရည်မှန်းချက်ကို ပုံဖော်နိုင်ဖို့အတွက်က ဘယ်ကနေ စရမှန်းမသိ၊ အရမ်းခက်ခဲနေတတ်ပါတယ်။
ဒါကြောင့် လွယ်လွယ်ကူကူနဲ့ မိမိရဲ့ ရင်သွေးငယ်များကို ကျန်းမာတဲ့ကလေးငယ်များအဖြစ် ပြုစုပျိုးထောင်နိုင်ရန်အတွက် သင်ကြားပေးသင့်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
PhotoSource_FirstCryParenting
၁။ အစားအစာတွေရဲ့ တစ်ဝက်ကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများဖြင့် ပြုလုပ်ပါ။
အစားအစာတိုင်းမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စားသုံးတဲ့ ကလေးတွေမှာ အမျှင်ဓာတ်နှင့် အာဟာရဓာတ်များဖြင့် ပြည့်ဝနေပါတယ်။ အစားအသောက်ဂျီးများတဲ့ ကလေးတွေကို အခုထိ အသီးအရွက်တွေ ကျွေးလို့မရသေးရင်လဲ စိတ်မပူပါနဲ့။ အာဟာရမျှတတဲ့ အစားအစာများကိုသာ ဆက်ကျွေးနေပြီး ကျန်းမာတဲ့စားသောက်နည်းပုံစံကို အကျင့်လုပ်ပေးသွားပါ။
PhotoSource_GlutenFreeLiving
၂။ အပိုထည့်သော အချိုဓာတ်များကို လျှော့ချပါ။
ပျမ်းမျှအားဖြင့် ကလေးတွေရဲ့ ကယ်လိုရီဓာတ်အားလုံးရဲ့ ၁၆ ရာခိုင်နှုန်းကို အပိုထည့်သော အချိုဓာတ်များ (သကြား လက်ဖက်ရည်ဇွန်း ၁၀ဇွန်းစာ) မှ ရရှိပါတယ်။ အပိုထည့်သော အချိုဓာတ်များက ကလေးဘဝ အဝလွန်ခြင်း၊ နာတာရှည်ရောဂါများ၊ အပြုအမူဆိုင်ရာ ပြဿနာများအပြင် အခြားပြဿနာများနှင့်လည်း ဆက်စပ်နေပါတယ်။ ဒီအချိုဓာတ်ပမာဏဟာ ကယ်လိုရီဓာတ်ရဲ့ ၀-၅% အတွင်းမှာပဲ ရှိနေသင့်ပါတယ်။
PhotoSource_Medanta
၃။ ပရိုတင်းအမျိုးအစား စုံပါစေ။
ပရိုတင်းဓာတ်ဟာ ကလေးငယ်ရဲ့ ဖွံဖြိုးနေဆဲ ဦးနှောက်၊ ခန္ဓာကိုယ်နှင့် အခြားကိစ္စရပ်များအတွက် အရမ်းအရေးကြီးပါတယ်။ ပင်လယ်စာ၊ ကြက်သား၊ အဆီနည်းသော အမဲသား၊ ဥများ၊ နို့ထွက်ပစ္စည်းများ၊ ပဲစေ့၊ ပဲတောင့်များ၊ အခွံမာသီးများနှင့် အစေ့အဆံများအားလုံးဟာ ကလေးတစ်ယောက်ရဲ့ နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းပါဝင်သင့်တဲ့ ပရိုတင်းအရင်းအမြစ်ကောင်းတွေ ဖြစ်ပါတယ်။
PhotoSource_BenefitsPro
၄။ ခံတွင်းသန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို သင်ကြားပါ။
ကလေးငယ်များ ငယ်စဉ်ကပင် တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ဖို့ သင်ပေးတာက သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများမှ ကာကွယ်ပေးပါလိမ့်မယ်။ ပါးစပ်ကျန်းမာစေဖို့ ဆိုရာမှာ အချိုဓာတ်ပါတဲ့ အစားအစာတွေကို လျှော့စားဖို့လဲ လိုပါတယ်။ အထူးသဖြင့် အချိုရည်နှင့် soda များထက် ရေကိုသာ ရွေးချယ်သောက်ပေးရပါမယ်။
PhotoSource_BostonMegazine
၅။ အစေ့အဆံများကို ရွေးချယ်ပါ။
ဂျုံအကြမ်း၊ ဆန်လုံးအညို၊ အုတ်ဂျုံမှုန့်နှင့် ပြောင်းဖူး တို့အားလုံးဟာ အားအင်မြှင့်တင်ပေးတဲ့အပြင် အမျှင်ဓာတ်နှင့် ဗီတာမင်ဘီများကိုပါ ပို့ဆောင်ပေးတဲ့ အစားအစားများ ဖြစ်ကြပါတယ်။
PhotoSource_KhiriTravel
၆။ တစ်နေ့ကို ထမင်း လေးကြိမ်ကျွေးပါ။
သားရည်စာစားခွင့်ရတဲ့ ကလေးတွေမှာ အစာစားချင်စိတ် နည်းပါးပြီး အစားအသောက်အသစ်တွေကို စားချင်စိတ် လျော့နည်းနိုင်ပါတယ်။ အစာစားချိန် တစ်ခုနှင့်တစ်ခုအကြား ကလေးတွေဗိုက်ဆာတာက ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ အစာစားချိန်ရောက်တဲ့အခါ သင်ကျွေးမယ့် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားချင်စိတ်တွေ ပိုပြည့်ဝနေမှာ ဖြစ်ပါတယ်။
PhotoSource_CNA
၇။ အိပ်စက်ခြင်းကို ဦးစားပေးပါ။
ယနေ့ခေတ်ရဲ့ ရှုပ်ထွေးလှတဲ့ အချိန်ဇယားတွေကြောင့် အိပ်ချိန်မှန်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ လိုအပ်သလောက် အိပ်ချိန်ပြည့်ဝတဲ့ ကလေးတွေက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာတွေမှာ ပိုပြီးကျန်းမာကြပါတယ်။
PhotoSource_NutriScience
၈။ အလွန်အမင်း ပြုပြင်ထားသော အစားအစာများကို ကန့်သတ်ပြီးကျွေးပါ။
ပေါင်မုန့်နှင့် မြေပဲထောပတ်တို့လို ကျန်းမာတဲ့ အစားအစာ အတော်များများဟာ ပြုပြင်ထားတဲ့ အစားအစာတွေဖြစ်ပြီး ဒီလိုအစားအသောက်တွေကို ရှောင်ဖို့မလိုပါဘူး။ ဒါပေမယ့် ဆိုးဆေးများ၊ ကြာရှည်ခံဆေးများ၊ သန့်စင်ပြီး အဆီများနှင့် ဂျုံများနှင့် အပိုထည့်သော အချိုဓာတ်တို့လို အလွန်အမင်း ပြုပြင်ထားသော အစားအစာများကိုတော့ ပမာဏကန့်သတ်ပြီးမှ စားသင့်ပါတယ်။ မူရင်းအစေ့အဆံများမှရသော ပါဝင်ပစ္စည်းများကိုသာသုံးပြီး ချက်ပြုတ်စားဖို့ ကြိုးစားပါ။
၉။ ရေသောက်တဲ့ အလေ့အကျင့်ကို တည်ဆောက်ပါ။
ကလေးတွေက အချိုထည့်ထားတဲ့ ဖျော်ရည်တွေ သောက်ဖို့ မလိုပါဘူး။ သကြားထည့်ပြီး ချိုနေတဲ့ အဖျော်ယာမကာတွေဟာ ကလေးဘဝမှာ အဝလွန်ခြင်း အပါအဝင် ယနေ့ခေတ်မှာ ကလေးတွေခံစားနေရတဲ့ ကျန်းမာရေးပြဿနာအများစုရဲ့ တရားခံတွေဖြစ်ပါတယ်။ ဒီအချိုရည်တွေက ကလေးတွေကြီးထွားဖို့ လိုအပ်တဲ့ အာဟာရနှင့် အမျှင်ဓာတ်ပါဝင်သော အစားအစာတွေကိုလည်း အစားထိုးပစ်တာကြောင့် အကျိုးရှိတဲ့ ရေကိုပဲ သောက်သင့်ပါတယ်။
၁၀။ အိမ်အပြင်ထွက်ပြီး ဆော့ကစားပါစေ။
ကလေးတွေက တစ်နေ့တာရဲ့ အချိန်တစ်ခုတိုင်းကို အပြင်ထွက်ပြီး ရုပ်ပိုင်းဆိုင်ရာ လုပ်ရှားကစားမှုများ ပြုလုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေခြင်း၊ ခန္ဓာကိုယ် ပိုမိုသန်စွမ်းလာခြင်း၊ စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်လာခြင်းများအပြင် ကျောင်းစာများကိုလည်း ပိုမိုအာရုံစိုက်နိုင်လာစေပါတယ်။
ဒီအလေ့အကျင့်ကောင်းလေးတွေကို သင့်ကလေးဆီမှာ သင်ကြားပေးမယ်ဆိုရင် တစ်သက်တာလုံး ကျန်းမာစေမယ့် အလေ့အထလေးတွေ ရရှိသွားမှာဖြစ်တာကြောင့် ဂုဏ်ယူလိုက်ပါ။
Reference : https://www.superhealthykids.com/parenting/top-10-healthy-habits-for-kids/