ပြီးခဲ့သည့်လတွေက အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက (MENA) ဒေသတွင် COVID-19 ကာကွယ်ဆေးအတော်များများကို ယေဘုယျ သို့မဟုတ် အရေးပေါ်အခြေအနေများအတွက် အသုံးပြုရန် အတည်ပြုခဲ့ကြပါတယ်။ COVID-19 ကို တိုက်ဖျက်ရန် MENA ဒေသတွင် လက်ရှိအတည်ပြုထားသော ကာကွယ်ဆေးအမျိုးအစား (၄) ခု ရှိပါသည်။
ဒီအခါမှာ အဓိကဖြစ်လာတဲ့ ပြဿနာက မည်သည့်ကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်ရမလဲ ခက်ခဲလာတာပဲဖြစ်ပါတယ် – ဥပမာအားဖြင့် နည်းပညာအပေါ် အခြေခံသင့်သလား၊ ဘယ်တစ်ခုက အားသာချက်အများဆုံးလဲ၊ ဒါမှမဟုတ် နိုင်ငံအလိုက် အစိုးရက ရွေးချယ်ပေးတာကိုလည်း လက်ခံရမလားဆိုပြီး မေးခွန်းတွေ ပေါ်ပေါက်လာပါတယ်။
မည်သည့်ကာကွယ်ဆေးအမျိုးအစားကိုသာ သင်ရွေးချယ်သင့်တယ်လို့ ကျွန်ုပ်တို့မှာ ပြောပိုင်ခွင့်မရှိပါ - ဒါဟာ သင့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်သင့်ပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့အားလုံး သဘောတူလက်ခံနိုင်တာကတော့ ကာကွယ်ဆေးအားလုံးက လူ့ခန္ဓာကိုယ်အား ကိုယ်ခံအားစနစ်ကို တုံ့ပြန်စေတဲ့ အမှုန်ငယ်များ သို့မဟုတ် မော်လီကျူးများနှင့် ထိတွေ့စေခြင်းဖြင့် အနာဂတ်တွင် ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ကာကွယ်ဆေး (၄)မျိုးရဲ့ အဓိကခြားနားချက်ကတော့ အသုံးပြုရတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။
အဓိကခြားနားချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(1) WHOLE VIRUS VACCINE
ကာကွယ်ဆေးတွင်: Sinopharm, Sinovac တို့ ပါဝင်သည်။
ဆေးထိုးရန် လိုအပ်သော အကြိမ်ပေါင်း: ကြွက်သားအတွင်းကို ၂ကြိမ် ဆေးထိုးဖို့လိုပါသည်။
ဤနည်းပညာကို အသုံးပြုထားသော အခြားလိုင်စင်ရ ကာကွယ်ဆေးများ: အသည်းရောင်ရောဂါ A၊ ပိုလီယို၊ ခွေးရူးပြန်ရောဂါ (inactivated အမျိုးအစားအားလုံး)
သိထားသင့်သော အရာများ: Whole virus vaccine က COVID-19 ဖြစ်စေတဲ့ ရောဂါပိုးရဲ့ အားနည်းနေသော သို့မဟုတ် deactivated ပုံစံကို အသုံးပြုပြီး ၎င်းကိုကာကွယ်နိုင်စေတဲ့ ခုခံအားတွေကို မြင့်တက်စေတာ ဖြစ်ပါတယ်။
အပေါ်မှာ ဖော်ပြထားတဲ့ Sinopharm နှင့် Sinovac ကာကွယ်ဆေးနှစ်ခုလုံးကလည်း active မဖြစ်တဲ့ ရောဂါပိုးတွေကို အသုံးပြုထားတာကြောင့် ဆဲလ်တွေကို ရောဂါကူးစက်ပြီး ပုံတူပွားခြင်းများ မပြုလုပ်နိုင်တော့ဘဲ ခုခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။
အကျိုးကျေးဇူးများ: Vaccine Alliance (GAVI) ရဲ့ အဆိုအရ inactivated whole virus vaccine ရဲ့ အားသာချက်တွေကတော့ ၎င်းရဲ့ နည်းပညာက ကောင်းမွန်စွာ တည်ဆောက်ထားတာကြောင့် ကိုယ်ခံအားနည်းတဲ့ လူတွေအတွက် အထူးသင့်တော်ပြီး ထုတ်လုပ်ဖို့လည်း ရိုးရှင်းလွယ်ကူပါတယ်။
စိန်ခေါ်မှုများ: Booster shot များ လိုအပ်နိုင်ပါတယ်။
(2) RNA or mRNA VACCINE
ကာကွယ်ဆေးတွင်: Pfizer-BioNTech နှင့် Moderna တို့ ပါဝင်သည်။
ဆေးထိုးရန် လိုအပ်သော အကြိမ်ပေါင်း: ကြွက်သားအတွင်းကို ၂ကြိမ် ဆေးထိုးဖို့လိုပါသည်။
ဤနည်းပညာကို အသုံးပြုထားသော အခြားလိုင်စင်ရ ကာကွယ်ဆေးများ: မရှိပါ။
သိထားသင့်သော အရာများ: အခြားလိုင်စင်ရ သို့မဟုတ် အတည်ပြုထားသော မည်သည့်ကာကွယ်ဆေးမျှ ဤနည်းပညာကို အသုံးပြုခြင်းမရှိတာကြောင့် Messenger RNA (mRNA) အမျိုးမျိုးဟာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသစ်အဆန်းဖြစ်နေပါသည်။ သို့သော်လည်း ယခင်က cytomegalovirus (CMV)၊ တုပ်ကွေး၊ ခွေးရူးပြန်ရောဂါနှင့် Zika ဗိုင်းရပ်စ် စသောဖျားနာမှုများနှင့် ရောဂါများအတွက် mRNA ကာကွယ်ဆေးများစွာကို ယခင်က လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ အဆိုအရ "သုတေသီများဟာ mRNA ကာကွယ်ဆေးများရဲ့ အလုပ်လုပ်ပုံကို လေ့လာမှုများ ပြုလုပ်နေသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ပါတယ်။ ဓာတ်ခွဲခန်းတွင် အလွယ်တကူရနိုင်သော ပစ္စည်းများကို အသုံးပြု၍ တီထွင်နိုင်တာကြောင့် ဤကာကွယ်ဆေးများအပေါ် စိတ်၀င်စားမှု တိုးပွားလာပါတယ်။ ဆိုလိုတာက ဒီဖြစ်စဉ်ကို စံသတ်မှတ်ပြီး တိုးချဲ့နိုင်တယ်၊ ကာကွယ်ဆေးလုပ်တဲ့ ရိုးရာနည်းလမ်းတွေထက် ကာကွယ်ဆေးဖွံ့ဖြိုးမှုကို ပိုမြန်စေတယ်" ဆိုပြီး ပြောဆိုထားပါတယ်။
ဒါဆို ဒီကာကွယ်ဆေးက ဘယ်လိုအလုပ်လုပ်သလဲ? COVID-19 RNA ကာကွယ်ဆေးတွင် SARS-CoV-2 ဗိုင်းရပ်စ်၏ အစိတ်အပိုင်းများ (အထူးသဖြင့် ဗိုင်းရပ်စ်ရဲ့ spike protein) အတွက် ကုဒ်ကို ဓာတ်ခွဲခန်းထဲမှာ ပြုလုပ်သည့် mRNA မော်လီကျူးများ ပါဝင်ပါတယ်။
ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပြီးသည်နှင့် mRNA သည် ဆဲလ်များကို antigens များ (ဥပမာအားဖြင့် spike protein ကဲ့သို့) ထုတ်လုပ်ရန် ညွှန်ကြားပေးပါတယ်။ ထို့နောက် ၎င်းတို့ကို ကိုယ်ခံစွမ်းအားဆဲလ်များမှ တွေ့ရှိပြီး ခန္ဓာကိုယ်ရှိ lymphocytes များက တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။
B-cells နှင့် helper T-cells တို့က antibody ထုတ်လုပ်မှုကို အားပေးစဉ်မှာ killer T-cells သည် ရောဂါကူးစက်ခံရသည့်ဆဲလ်များကို ဖျက်ဆီးပေးပါတယ်။ အနာဂတ်တွင် COVID-19 coronavirus နှင့် ထိတွေ့သူမည်သူမဆိုမှာ ဗိုင်းရပ်စ်ပိုးကို မှတ်မိပြီး ခုခံအားကျဆင်းမှုကို ကာကွယ်ပေးမည့် ကိုယ်ခံစွမ်းအားစနစ်ရှိနေပါလိမ့်မယ်။
အကျိုးကျေးဇူးများ - Cambridge တက္ကသိုလ် PHG ဖောင်ဒေးရှင်း၏ အဆိုအရ အားသာချက်များကတော့ ကောင်းမွန်သော ဘေးကင်းလုံခြုံမှု (သက်ရှိအစိတ်အပိုင်းများ မရှိသောကြောင့် ကာကွယ်ဆေးသည် ရောဂါပိုးကို ဖြစ်ပေါ်စေသော အန္တရာယ်မရှိပါ)၊ ယုံကြည်စိတ်ချရမှုများ ပါဝင်ပြီး ထုတ်လုပ်ရန်လည်း အတော်လေးရိုးရှင်းပါတယ်။
စိန်ခေါ်မှုများ: ဆိုးကျိုးများတွင် မရည်ရွယ်သည့် အကျိုးသက်ရောက်မှုများ (ဥပမာ - မရည်ရွယ်ဘဲ ခုခံအားတုံ့ပြန်မှု)၊ ခန္ဓာကိုယ်အတွင်း ထိရောက်စွာပို့ဆောင်မှုရှိကြောင်း သေချာအောင်လုပ်ရခြင်း (ခန္ဓာကိုယ်အတွင်းရှိ လွတ်လပ်သော RNA အလျင်အမြန် ပြိုကွဲသွားခြင်းကြောင့်)၊ သိုလှောင်ခြင်းဆိုင်ရာ ပြဿနာများနှင့် ဤကာကွယ်ဆေးအမျိုးအစားအား ယခင်က လူသားများအတွက် လိုင်စင်မရရှိခဲ့ခြင်းများ ပါဝင်ပါတယ်။
(3) NON-REPLICATING VIRAL VECTOR
ကာကွယ်ဆေးတွင်: Oxford-AstraZeneca နှင့် Sputnik V (Gamaleya Research Institute) တို့ ပါဝင်သည်။
ဆေးထိုးရန် လိုအပ်သော အကြိမ်ပေါင်း: ကြွက်သားအတွင်းကို ၂ကြိမ် ဆေးထိုးဖို့လိုပါသည်။
ဤနည်းပညာကို အသုံးပြုထားသော အခြားလိုင်စင်ရ ကာကွယ်ဆေးများ: Ebola
သိထားသင့်သော အရာများ: This type of vaccine introduces a safe, modified version of the virus – known as “the vector” – to deliver genetic code for the antigen. In a COVID-19 vaccine, the “vector” is the spike proteins found on the surface of the coronavirus.
ဤကာကွယ်ဆေးဟာ antigen အတွက် မျိုးရိုးဗီဇကုဒ်ကို ပို့ဆောင်ရန် “ vector” ဟု လူသိများသည့် ပြုပြင်ထားသော လုံခြုံသည့် ဗိုင်းရပ်စ်အမျိုးအစားကို မိတ်ဆက်ပေးပါတယ်။ COVID-19 ကာကွယ်ဆေးတွင် “ vector” သည် coronavirus ၏ မျက်နှာပြင်ပေါ်မှာ တွေ့ရတဲ့ spike protein များ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ဆဲလ်များ "ကူးစက်" ခံရသည်နှင့်တစ်ပြိုင်နက် ဆဲလ်တွေဟာ antigen ပမာဏများစွာ ထုတ်လုပ်ရန် ညွှန်ကြားခံထားရပြီး ဒီကနေ ခုခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။
အကျိုးကျေးဇူးများ: Viral vector ကို အခြေခံထားတဲ့ ကာကွယ်ဆေးဟာ ကောင်းစွာအခြေပြုထားသည့် နည်းပညာတစ်ခုဖြစ်ပြီး ၎င်းတွင် B ဆဲလ်များနှင့် T ဆဲလ်များ ပါ၀င်တာကြောင့် အားကြီးသော ကိုယ်ခံအားတုန့်ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။
စိန်ခေါ်မှုများ: ယခင်ရောဂါကူးစက်ခံထားရပါက ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ဤကာကွယ်ဆေးအမျိုးအစားဟာ အခြားကာကွယ်ဆေးများနှင့် နှိုင်းယှဉ်လျှင် ထုတ်လုပ်ရတာ ပိုရှုပ်ထွေးပါတယ်။
(4) PROTEIN SUBUNIT
ကာကွယ်ဆေးတွင်: Novavax ပါဝင်သည်။
ဆေးထိုးရန် လိုအပ်သော အကြိမ်ပေါင်း: ကြွက်သားအတွင်းကို ၂ကြိမ် ဆေးထိုးဖို့လိုပါသည်။
ဤနည်းပညာကို အသုံးပြုထားသော အခြားလိုင်စင်ရ ကာကွယ်ဆေးများ: အသည်းရောင်ရောဂါ (ပိုးဘီ)၊ meningococcal disease၊ ရေယုံ
သိထားသင့်သော အရာများ: Protein subunit vaccine မှာ ကိုယ်ခံစွမ်းအားတုန့်ပြန်မှု ဖြစ်ပေါ်စေရန် ရောဂါပိုးတစ်ခုလုံးအစား သန့်စင်ထားသော “ အပိုင်းအစများ” ပါ၀င်ပါတယ်။ ကိုယ်ခံအားစနစ်ကို ရောဂါပိုးတစ်ခုလုံးထံမှ ကန့်သတ်ခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများရဲ့ အန္တရာယ်ကို လျှော့ချနိုင်သည်ဟု ယူဆကြပါတယ်။
အကျိုးကျေးဇူးများ: Protein subunit ကာကွယ်ဆေးဟာ ကိုယ်ခံအားစနစ် အားနည်းသူများအတွက် အထူးအကျိုးရှိစေမယ့် ကောင်းမွန်စွာ ထူထောင်ထားသော နည်းပညာဖြစ်ပါတယ်။
စိန်ခေါ်မှုများ: ဤကာကွယ်ဆေးအမျိုးအစားကို ထုတ်လုပ်ရန် အလွန်ရှုပ်ထွေးပြီး adjuvants နှင့် booster shots များလိုအပ်နိုင်ပါတယ်။
သတင်းအချက်အလက်များသည် ထုတ်ဝေသည့်အချိန်တွင် တိကျမှန်ကန်သော်လည်း ဆက်လက်လုပ်ဆောင်နေသော သုတေသနများရဲ့ နောက်ဆုံးအခြေအနေများနှင့် အစိုးရ၏ ဆုံးဖြတ်ချက်များတွင် ပြောင်းလဲမှုများရှိနိုင်တာကြောင့် လက်ရှိကာကွယ်ဆေးများ ရရှိနိုင်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ဟာ အချိန်မရွေး ပြောင်းလဲမှုများရှိနိုင်ပါတယ်။
Source: www.healthcareitnews.com
My Medicine ၏ ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက www.mymedicne.com.mm သို.ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
ကျန်းမာရေးဆိုင်ရာသိလိုရာများ မေးမြန်းဆွေးနွေးရန်နှင့် ဆေးဝါးများ မှာယူရန်အတွက် My-Medicine ၏ Viber number +959757555881 သို့ Message များ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။